ondragstart="return false" onselectstart="return false"

Wednesday, November 17, 2010

နအဖ စစ်တပ် ကရင်ပြည်သူများအပေါ် ယုတ်မာမှုများ

နအဖ နှင့် ဒီကေဘီအေ တပ်များ စတင်တိုက်ပွဲဖြစ်ပွားသည်နှင့် နအဖ စစ်တပ်များသည် ကရင်လူထုကို ပစ်မှတ်ထား တိုက်ခိုက်ပါတော့သည်။ တာတွေက ဘာကိုဖေါ်ပြသလဲဆိုရင် နအဖ စစ်တပ်၏ မူလ၀ါဒတခုဖြစ်တဲ့ တိုင်းရင်းသားတွေကို စနစ်တကျ ဖျက်ဆီးတဲ့ လုပ်ငန်းစဉ်တွေဖြစ်သည်။ အောက်ပါ PDF ဖိုင်တွဲ သတင်းမှ တချို့ ကို ကောက်နှူတ်ဘာသာပြန်ပေးလိုက်ပါသည်။ အချိန်မရ၍ နအဖ စစ်တပ် ၏ ကရင်ကျေးရွာများအပေါ် နိုင်ထက်စီးနင်း လူ့ အခွင့်အရေးကျူးလွန်မှုသတင်းအားလုံးကို ဘာသာပြန် မပေးနိုင်သေးပါ။

၉၊ ၁၁၊ ၂၀၁၀ ရက်နေ့ တွင် နအဖ စစ်တပ် စဗခ(၂) လှဖြိုးဦးစီး ခလရ ၂၈၃/၂၈၄ သည် တခကလိုး ရွာထည့်သို့  လက်နက်ကြီးများကို ညနေ ၆နာရီမှာ ည ၁၀ နာရီအထိ ပစ်ချရန် ရွာသားများဖြစ်သော မျိုးအောင်(၃၂နှစ်) သည် ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရ၊ စောဖိုးကြိုင် အထက်တန်းကျောင်းအုပ် ၅ ချက်ထိမှန်၊ စောရွှေသိန်း အိမ်ခေါင်မိုးပေါက်၊ ထိုနေ့ တွင် နအဖ စစ်တပ်မှ လက်နက်ကြီး အလုံး(၃၀)ပစ်ချကြောင်း သတင်းတွင်ပါရှိပါသည်။

၁၁၊ ၁၁။ ၂၀၁၀ ရက်နေ့ တွင် ၄င်းတပ်သည် ဆက်လက်ပြီး ကြာအင်းရွာထဲသို့  ညနေ ၅ နာရီမှ မနက် ၃ နာရီအထိ လက်နက်ကြီး အလုံးရေပေါင်း ၁၃၉ လုံးပစ်ချပါသည်။ ၄င်းလက်နက်ကြီးပစ်ခတ်မှုကြောင့် နော်ဒါးဖေါ(၁၇နှစ်) အဘအမည် စောဘောဟဲ သည်လက်နက်ကြီးထိမှန်ဆုံးသွားပါသည်။ စောထူးထူး (၁၈)နှစ်ပြင်းထန်စွာ ဒဏ်ရာပြီး ဆိပ်ကြီး ဆေးရုံသို့ ပို့ ရဆောင်ပါသည်။

17.11.2010_F

2 comments:

Anonymous said...

PDF File ဗမာလို ဘာသာပြန် ဒီမှာဖတ်ပါ။

နိုဝင်ဘာလရ(၇)ရက်နေ့တွင် တရားမျှတမှုမရှိသော ရွေးကောက်ပွဲကို ကျင်းပခဲ့သည့် နအဖနှင့် ကရင်လက် နက် ကိုင်အဖွဲ့အစည်းကြား တိုက်ပွဲများဖြစ်ပွားခဲ့သည့်အကြောင်းကို အားလုံးနီးပါးမျှ သိရှိခဲ့ပြီးဖြစ်ပါသည်။ ယခု တင်ပြမည့်အကြောင်းအရာမှာ ၄င်းတိုက်ပွဲ အတွင်း လူမဆန်စွာ ကရင်လူမျိုးအပေါ် အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးသော ရန်သူနအဖတို့၏ လူ့အခွင့်အရေးချိုးဖေါက်မှုသတင်း အသေးစိတ် အချက်အလက်များ ဖြစ်သည်။

တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်
7-11-2010 နေ့တွင် ခမရ(၅၉၀)မှ တပ်သားနှစ်ယောက်သည် KNU ထံတွင် လာရောက်လက်နက်ချ ပူးပေါင်းခဲ့သည်။သူတို့နှင့်အတူ 615069 နံပါတ်ပါသော MA3 သေနတ်တစ်လက်၊ ကျည်ပေါက်(၃)ခုနှင့် ကျည်ဆံအတောင့်(၅၀)ပါရှိပါသည်။

တပ်မဟာ(၆)၊ ဒူပလာခရိုင်(နဘူး)

10-11--2010 နေ့တွင် ရန်သူခမရ(၄၀၅)စစ်ကြောင်း(၂)မှ စစ်ကြောင်းမှူးကျော်မင်းထွန်းသည် လက်နက်ခဲ ယမ်းများ၊ ရိက္ခာအထုပ်အပိုးများနှင့် ဒဏ်ရာရသောစစ်သားများကို ထမ်းပို့ရန် အပလိုရွာသား(၁၀)ယောက် ကို ရွာသူကြီးထံတွင် အတင်းအဓမ္မတောင်းခံခဲ့သည်။ သို့သော် အပလိုရွာရှိ အမျိုးသားများသည် နအဖစစ် တပ်၏ ရိုက်နှက်ညှဉ်းပမ်းမှုကို ကြောက်ကြသဖြင့် ထွက်ပြေးကုန်ကြသည်။ စစ်ကြောင်းမှူးကျော်မင်းထွန်း သည် ရွာသားများကိုပေါ်တာဆွဲ၍ မရသောကြောင့်ဒေါသထွက်က ရွာထဲသို့အမြောက်ဖြင့်(၄)ချက်တိတိ ခြိမ်းခြောက်ပစ်ခတ်ပြီး အမျိုးသားများကိုယ်စား ရွာထဲရှိအမျိုးသမီးများကို ထပ်မံ ခေါ်ပြန်ပါသည်။
ထိုသို့ပေါ်တာထမ်းပို့ရန် အမျိုးသမီးနှင့် မသင့်တော်သဖြင့် အပလိုရွာသူကြီးက ထွက်ပြေးနေသော ရွာသား များကို ပြန်ခေါ်ကာ ရွာသူကြီးကိုယ်တိုင်နှင့်အတူ (၉)ယောက်တိတိ ပေါ်တာထမ်းပို့ခဲ့ရသည်။ထိုသို့ထမ်းပို့ ရသော ရွာသားများမှာ-
(၁) စောဝါးလာ (၃၂)နှစ်
(၂) စောကြံပွေ့ (၃၀)နှစ်
(၃)သရီးတကော် (၄၀)နှစ်
(၄) စောထူးလွီး (၄၃)နှစ်
(၅) စောစိုးနိုင် (၂၃)နှစ်
(၆) စောဖေါ့ဖါ (၃၃)နှစ်
(၇) စောဖါ့ဝီ (၄၉)နှစ်
(၈) စောရခိုင် (၄၉)နှစ် နှင့်
(၉) စောအောင်ထင်းတင်(၄၂) နှစ်တို့ဖြစ်သည်။
အပလိုရွာမှတစ်ဆင့် ဘုရားသုံးဆူသို့ ခြေလျင်ခရီးဖြင့် ထွက်သွားခဲ့ကြပါသည်။
9-11-2010 နေ့(၆)နာရီအချိန်တွင် ရန်သူ ရတခ လက်အောက်ခံ စဗခ(၂) ဦးစီးသော လှဖြိုး ခလရ ၂၈၃/၂၈၄ သည် ညနေ(၆)နာရီမှ ည(၁၀)နာရီအထိ တခါကလိုးရွာထဲသို့ အမြောက်(၃၀)လုံးတိတိ ပစ်ခတ် ခဲ့ရာ ရွာသားမျိုးအောင်(၃၂)နှစ်၊ စောဖိုးဂျက် တို့ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။
အထက်တန်းကျောင်းအုပ်ကိုလည်း (၅)ချက်ထိမှန်ပြီး စောရွှေသိန်း၏အိမ်းခေါင်းမိုးလည်း ပျက်စီးသွားခဲ့ ပါသည်။

11-11-2010 နေ့တွင် ရန်သူသည် ညနေ(၅း၃၀)နာရီအချိန်မှ မနက်(၃း၀၀)နာရီအချိန်ထိ ကြာအင်းရွာထဲ သို့ အမြောက်ကြီး(၁၃၉)လုံး ပစ်ခတ်ခဲ့ရာ စောဘောဟဲ၏သမီး နော်ဒါးဖေါ (၁၇)နှစ် သေဆုံးသွားခဲ့ပါသည်။
စောထူးထူး(၁၈)နှစ်လည်း ဒဏ်ရာအပြင်းအထန်ရရှိပြီး ကြာအင်းဆိပ်ကြီ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရသည်။
လေးနှစ်လေးမိုးသက်တမ်းရှိပြီဖြစ်သော ဆရာဒူးကို၏ ရော်ဘာခြံမှ ရော်ဘာအပင်(၄၀)ထိမှန်ပျက်စီးသွားခဲ့ပြီးဘာသာရေးစာသင်ကျောင်းဆောင်
ခေါင်မိုးနှင့်ထမင်းစားဆောင်ခေါင်မိုးများ ပျက်စီးသွားခဲ့ပါသည်။

9-11-2010 နေ့မှာမူ ရန်သူနအဖ ခမရ(၄၁၀)၊ စစ်ကြောင်း(၁)စစ်ကြောင်းမှူးဇော်မင်းသည် မဲကျူ့ရွာထဲဝင် လာပြီး ရွာသူကြီးကို လှမ်းမှာလိုက်သည်။ရွာသူကြီးရောက်လျှင်ရောက်ချင်း မမေးမမြန်းပဲ မှေးတည့်တည့်ကို (၃)ချက်တိတိ ထိုးခဲ့သည်။
ထိုနေ့မှာပင် ခမရ(၄၂၀)စစ်ကြောင်း(၁) စစ်ကြောင်းမှူးသည် မဲကျူရွာထဲဝင်လာပြီး ဒေါ်သန်းမေအိမ်ပေါ် တက်ကာ တပ်ဆင်ထားသောဖုန်းကိုဆွဲဖြုတ်ဖျက်ဆီးပစ်ခဲ့သည်။
13-11-2010နေ့တွင် စဗဟ(၂)ခေါင်းဆောင် တင်မောင်ညွန့်သည် နူးဆိုနယ်ရွာမှ လှည်း(၈)စီး၊ ပနောကလဲခီးရွာမှ လှည်း(၆)စီး၊ ဟော်ကလားရွာမှ (၄)စီး၊ မဲကျူ့ရွာမှ လှည်း(၆)စီး ချောဆွဲခဲ့သည်။

12-11-2010နေ့တွင် နယ်ခြားစောင့်တပ်(BGF) 1021-ခွဲ (၁)ခေါင်းဆောင် ဋ္ဌေးနိုင်သည် ရော့ကဲရွာထဲဝင် လာပြီး ဖုန်းခွန်ကောက်ခံခဲ့သည်။ ဖုန်းပိုင်ရှင်များမှာ -
(၁) ပိုက်ထွေး(၃၀)နှစ် (နှစ်သိန်း)
(၂) စိုးနိုင်(၄၅)နှစ် (နှစ်သိန်း)- တမူခူးသူ့ရွာ
(၃) အကော့(၄၂)နှစ် (နှစ်သိန်း)-တမူခူးသူ့ရွာ၊ တောင်းလျှော့၍ တစ်သိန်းခွဲရ
(၄) နန်းတင်လှ(၅၅)နှစ် (နှစ်သိန်း)- ဖါ့ကြားရွာ
(၅) အောင်မြင့်(၄၀)နှစ်၊ (နှစ်သိန်း)-ဖါ့ကြားရွာ တို့ဖြစ်သည်။
၎င်းဖုန်းပိုင်ရှင်များသည် တစ်ဦးလျှင်တစ်သိန်းစီ အရင်ပေးချေထားခဲ့ပါသည်။

12-11-2010 ရက်နေ့မှာမူ BGF တပ်ခွဲမှူး အကြည်သည် နူ့ရွှေမူရွာထဲဝင်လာပြီး နူ့ရွှေမူရွာနှင့် ဒေါ်ပလော ရွာကို ၀က်သားအချိန်ပိသာ(၅၀)ကို တောင်းစားခဲ့သည်။

Anonymous said...

why? all of karen media afraid calling burma soldier is burmasoldier .Allway they calling na a pa our karen didnot understand that name.Just calling burma or myanmar soldier.

Post a Comment