ondragstart="return false" onselectstart="return false"

Tuesday, November 9, 2010

ပင်လုံ / ဒီမိုကရေစီ ခေတ် ကုန်ဆုံးသွားပြီလား?

အောက်ပါ နိဒါန်းလေး ဖတ်ပြီးရင် Vansangva Library – Vansangva စာကြည့်တိုက် (ပေးထားတဲ့လင့်အတိုင်း ) စာဖတ်သူများကို သွားရောက်ဖတ်ရှုစေချင်ပါသည်။ သမိုင်းမှာ မဟာဝါဒီတွေ တိုင်းရင်းသားတွေကို ဘယ်လို ပေါ်တင်အဖြစ်လည်းကောင်း၊ လက်တစ်လုံးကြားအဖြစ်လည်းကောင်း လိမ်လည်သွားတယ် ဆိုဒါ ရှင်းရှင်းလင်းလင်းတွေ့ ကြရမည်ဖြစ်ပါသည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxx

ဒေါ်အောင်ဆန်းစုကြည် (၁၉၈၉)၊ Kachin Independent Organization (၂၀၁၀)၊ ကလေးမြို့ ကြေညာစာတမ်း (၂၀၁၀၊ NLD နဲ့ တိုင်းရင်းသားခေါင်းဆောင်များ ပါဝင် လက်မှတ်ရေးထိုးသည်) စသည်ဖြင့် ပင်လုံ ကိုပြန်လည်ရည်ညျွှန်းတဲ့ အသံတွေ အခုတလော ဒိမိုကရေစီအင်အားစုတွေ ထဲ မှာ ကျယ်ကျယ် လောင်လောင်ထွက်ပေါ်လာခဲ့ပါတယ်။
နအဖ စစ်အာဏာရှင်တွေ ကတော့ ပင်လုံ ခေတ်ကုန်ဆုံးပြီဖြစ်ကြောင်း တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

ပြည်ထောင်စု မြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီ ဘူမိနက်သန် ပင်လုံ ဟာ တကယ်ပဲ သေသွားပြီလား?

ပင်လုံခေတ်ကုန်ဆုံးသွားပြီ လို့ပြောလိုက်တာဟာ ဒီမိုကရေစီ ခေတ် ကုန်ဆုံးသွားပြီ လို့ပြောလိုက်တာနဲ့ အဓိပ္ပါယ် တထပ်ထဲကျပါတယ်။

ပင်လုံခေတ်၊ ဒီမိုကရေစီ ခေတ်ဟာ တကယ်ပဲ ကုန်ဆုံးသွားပြီလား? ပင်လုံ ဟာ တကယ်ပဲ ဒီနေ့ ခေတ်နဲ့ လုံးဝ မအပ်စပ်တော့ဘူးလား? ပင်လုံ ထက် သာလွန်ကောင်းမွန်တဲ့ ဒီမိုကရေစီ အုတ်မြစ်ကော ကျွန်တော် တို့ နိုင်ငံမှာ ပေါ်ထွန်းခဲ့ ဘူးသလား?

ဒီမေးခွန်း ရဲ့ အဖြေကို ဒီ တခေါက် Vansangva Library မှာ ဖြေဆိုထားပါတယ်။

ဒီမိုကရေစီ ခေတ် လို့ခေါ်ကြတဲ့ ကာလ မှာ ကချင်ပြည်နယ် အမတ် တဦး ဖြစ်တဲ့ ဦး ဇန်ထာရှင် ရဲ့ “ဒီမိုကရေစီ ပြောင်းပြန်“ ဆိုတဲ့ စာအုပ်ကို ဒီတခေါက် ဒီဝက်စိုက်မှာ တင်ပို့ထားပါတယ်။

http://vansangva.com/vansangva-library/#7

မှတ်ချက်။ ။ အပေါ်က ပေးထားတဲ့ လင့် တိုက်ရိုက် ခလင့်ရင် အလုပ်မလုပ်ပါ။ copy ပြီး Internet Explore မှာ ပြန်ပြီး paste လုပ်၍ ဖတ်ယူနိုင်ပါသည်။ လေ့လာမှတ်သားစရာတွေ အများကြီး ပါဘာသဖြင့် ထို ၀က်ဆိုဒ်သို့ သွားရောက် ဖတ်စေချင်ပါသည်။

No comments:

Post a Comment