ondragstart="return false" onselectstart="return false"

Tuesday, November 30, 2010

လူ့ အခွင့်အရေးချိုးဖေါက်မှုသတင်း

တပ်မဟာ(၂) တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်

နအဖ စကခ(၇)မှ နည်းဗျူဟာမှူးမျိုးလှသည် ဘောဂလိရွာနှင့် ကော်သေးဒါးရွာသား
များဖြစ်ကြသော-
(၁)စောတတ်ထို့ (၂) စောယိုနား (၃)စောမော်ကလိုး (၄) စောမောင်ထွေး (၅)စောစေးဒို
(၆) နော်လု (၇)စောဂျယ်ရီ တို့၏ ကားများကို 6-11-2010 နေ့မှစ၍ ချောဆွဲခဲ့ပြီး ခုချိန်ထိ
လူရောကားပါ ပြန်မလွှတ်သေးကြောင်း သတင်းရရှိပါသည်။ ထိုသို့ အတင်းအဓမ္မချောဆွဲခဲ့သော ကားများကို သူတို့၏ လမ်းပြင်နေသောဘူဒိုဇာကား နောက်လိုက်ခိုင်းပြီး ရိက္ခာနှင့် ပစ္စည်းများကို သယ်ယူခိုင်းစေခဲ့သည်။
ရွာသားများကို နေ့စဉ်ဘူဒိုဇာအရှေ့ကနေ လူမဆန်စွာမိုင်းများရှင်းစေခဲ့သည်။ တောင်ခြေရင်းရှိ ရွာသူရွာသားများသည် ရန်သူနအဖစစ်အစိုးရ၏ နေ့စဉ်နှင့်အမျှ အတင်းအဓမ္မခိုင်းစေမှုကြောင့် စားဝတ်နေရေးနှင့် သွားလာလုက်ကိုင်မှုတွင် အခက်အခဲ နှင့်တွေ့ကြုံရကြောင်း သတင်းရရှိပါသည်။

တပ်မဟာ(၆) ဒူးပလာခရိုင်

28-11-2010 နေ့တွင် စစ်အာဏာရှင်တို့၏ ခလရ ၂၃၁ မှ လေးလေးစိုးသည်
ကော့နွဲရွာနှင့်အတူအောကလောရွာ၊ ရွာသစ်ကိုးရှိ ရွာသူ/သားများကို စခန်းပြန်လည်ပြုပြင်ရန်
ဝါးအချောင်း(၃၀)နှင့် ၀ါးခြမ်းပြား အချပ်တစ်ထောင်ကို လာရောက်ပို့ဆောင်ခိုင်းကြောင်း
ခိုင်မာသောသတင်းရရှိပါသည်။

Type the rest of your post here.

No comments:

Post a Comment