ondragstart="return false" onselectstart="return false"

Monday, November 29, 2010

တိုက်ပွဲဖြစ်ပွားနေသော ဖလူး ဒေသအခြေအနေ




ဓါတ်ပုံ+သတင်း = Hsa Moo

၂၇၊ ၁၁၊ ၂၀၁၀

ကရင်ပြည်နယ် ကောက်ကရိတ်မြို့ နယ် ဖလူးဒေသတွင် နအဖ စစ်တပ်နှင့် ဒီကေဘီအေ တပ်တို့ ဖြစ်ပွားသောတိုက်ပွဲကြောင့် ဒုက္ခသည် ၂၀၀ ကျော် သည် ထိုင်းနိုင်ငံဖက်ခြမ်း မဲကိုကေးရွာသို့ ထွက်ပြေးတိမ်းရှောင်ကြရပါသည်။ ၄င်းစစ်ပြေးဒုက္ခသည်များသည် ယခုအခါတွင် မဲကိုကေးရွာ အပြင်ဖက်ရှိ လယ်တဲနှင့် သစ်ပင်များအောက်တွင် နေထိုင်ကြရပါသည်။ ယင်းထွက်ပြေးလာသူများအထဲတွင် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များ ပါရှိကြောင်း သိရှိရပါသည်။

နအဖ စစ်တပ်များသည် ဖလူးရွာထည့်သို့ လက်နက်ကြီး မော်တာများပစ်ချသောကြောင့် ရွာသားတစ်ဦးဖြစ်သော စောထွန်းရွှေ(၃၀နှစ်) ဒဏ်ရာရရှိကြောင်း သတင်းရရှိပါသည်။

၂၈၊ ၁၁၊ ၂၀၁၀

တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသဖြင့် ယခုအချိန်တွင် ဖလူးရွာမှ စစ်ပြေးဒုက္ခသည် ၁၁၀၀ ကျော် ထိုင်းနိုင်ငံ တပ်ခရိုင် မဲကိုကေးရွာသို့ ထပ်ရောက်ရှိလာပါသည်။ မနေ့ က နအဖ နဲ့ ဒီကေဘီအေတို့ ၏ ပြင်းထန်တဲ့ တိုက်ပွဲကြောင့် ရွာသူရွာသားများသည် တစ်နေကုန်ထွက်ပြေးကြရပြီး ည ၁၁ နာရီအထိထွက်ပြေးကြရကြောင်းသတင်းရရှိပါသည်။
ထွက်ပြေးလာသော စစ်ပြေးဒုက္ခအားလုံးသည် ယခုအခါတွင် မဲကိုကေး(ထိုင်းနိုင်ငံ) ဘုန်းကြီးကျောင်းတွင် ယာယီ နေထိုင်ခွင့်ပေးထားပြီး ဒေသခံလူမှု အဖွဲ့ အစည်းများ၊ NGO များ လာရောက်ပြီး ရေ၊ အ၀တ်အစား၊ စားနပ်ရိက္ခာများ လာရောက် ကူညီကြောင်း သတင်းရရှိပါသည်။

P'lu Village information
By Hsa Moo
On 27/11/2010, more than 200 villagers from Pa Lu village, Kawt K'Rate township, Doo Pla Ya
district fled to Mae Ko Kay village, Mae Sot area, Tak Province, Thailand. Those villagers are
now staying outside Mae Ko Kay village in the farm huts and some are staying under trees.
There are children and pregnant included in the group.
Villagers fled due to the SPDC troops based in Palu village and the DKBA troop was fighting.
Village fled since in the morning and more villagers are fleeing to Thailand side until the
evening.
The SPDC shelled mortars and fall into Pa Lu village. One male village named Saw Tun Shwe
(30) years old is wounded.
On 28/11/2010: There are now more than 1,100 villagers in P' Lu village fled to Mae Koe Kay
village, Tak province, Thailand. Villagers fled the whole day yesterday until 11 P.M because of
the continuous fighting between DKBA and SPDC troop.
Villagers who fled to Thai side are currently placed in Mae Koe Kay temple as temporary
shelter. Today, there are still sounds of mortars' shelling. Villagers dare not go back to their
village. Many NGOs and local community organizations are providing foods, water and clothing
for refugees.
ဓါတ်ပုံနှင့် သတင်းပေးပို့ လာသူ Hsa Moo အားအထူးကျေးဇူးတင်ရှိပါသည်။

1 comment:

Anonymous said...

ဒီဘက်လှည့်ကြည်နေတဲ့ ခလေးပုံက သောသီခိုနဲ့ တူတယ်နော် ဟိဟိ

Post a Comment