ondragstart="return false" onselectstart="return false"

Saturday, November 13, 2010

SSA (S) က ဝင်ကူဖို့ အသင့်ရှိ

ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSA-N နဲ့ နအဖ အကြား တိုက်ပွဲအခြေအနေ ဆိုးလာရင် ဝင်ကူဖို့ အသင့်ရှိတယ်လို့ ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) SSA (S) က ပြောပါတယ်။ ရှမ်းပြည်နယ် မိုင်းရှူးနဲ့ မိုင်းနောင်မြို့နယ်ထဲက SSA-N တပ်မဟာ ၁ နဲ့ နအဖ စစ်တပ်တွေ မနေ့ ညနေတုန်းက တိုက်ပွဲဖြစ်ပြီးနောက် ပြောဆိုလိုက်တာပါ။

“အဲဒီနားတဝိုက်မှာ ကျနော်တို့ တပ်သားဖြန့်ထားတာ ရှိပါတယ်။ ကူဖို့လိုအပ်ရင် ချက်ချင်းကူဖို့ အမြဲတမ်း အသင့်ဖြစ်နေပါတယ်ခင်ဗျ” လို့ SSA (S) ပြောခွင့်ရ စိုင်းလောင်စိုင်းက မဇ္ဈိမကို ပြောပါတယ်။ “စစ်ရေးနည်းကို သုံးပြီး မပြေလည်သေးတဲ့ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းချင်တဲ့ သဘောရှိရင် ဒီ့ထက်မကတဲ့ တိုက်ပွဲတွေ ရှိလာနိုင်တယ်” လို့ ဆိုပါတယ်။

နယ်ခြားစောင့်တပ်ဖွဲ့ရေး ငြင်းဆန်တဲ့ SSA-N တပ်မဟာ ၁ ထိန်းချုပ်နယ်ထဲကို နအဖ က စစ်တပ်အင်အား တိုးချဲ့လာနေပါတယ်။

SSA-N ဟာ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP၊ ချင်းအမျိုးသား တပ်ဦး CNF၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ မွန်ပြည်သစ်ပါတီ NMSP စသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စစ်ရေးမဟာမိတ် လုပ်ထားပါတယ်။
http://www.mizzimaburmese.com/

No comments:

Post a Comment