ondragstart="return false" onselectstart="return false"

Monday, November 8, 2010

မြ၀တီတွင် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွား

ကရင်အမျိုးသားအပေါင်းတို့ ... မမျှော်လင့်ပဲ ကျနော်တို့ ၏ ကရင်ပြည်နယ်အတွင်း စစ်မီးထပ် တောက်လောင် နေပြန်ပြီ။ အရာရာအားလုံးဟာ သူ့ ဟာနဲ့ သူ အလိုလို ဖြစ်လာတာတော့မဟုတ်ပါ။ အခုဖြစ်ပျက်နေဒါတွေက ဖိနိုပ်မှူများကြားမှ မခံမရနိုင်လို့ ပေါက်ကွဲ ထွက်လာတဲ့ အရာတစ်ခုဖြစ်တယ်။ ဒီတိုက်ပွဲတွေကြောင့် မဆိုင်သူ အပြစ်မဲ့ပြည်သူ တွေ အသလွတ် စတေးခံကြရပါတော့မည်။ ထုံးစံအတိုင်း နအဖ စစ်အစိုးရဟာ ကရင်လူမျိုးကို မုန်းတီးစိတ်နဲ့  အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်လာပါတော့မည်။ တာတွေကို ကာကွယ်နိုင်ဖို့  ကရင်တမျိုးသားလုံး မျက်စိဖွင့်နားဖွင့်ပြီး သတင်းတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေပါ။ အထူးသဖြင့် ကမ္ဘာတ၀ှမ်းမှာ ရောက်ရှိနေတဲ့ ကရင်အမျိုးသားများ တိုက်ပွဲဝင်နေသော သွေးရင်းညီကိုများကို ကူညီဖို့  အဆင်သင့်ပြင်ထားပါလို့  တိုက်တွန်းလိုပါသည်။ နအဖ စစ်အစိုးရဟာ အောက်လမ်းနည်းတွေကို သုံးပြီး ကျနော်တို့ လူမျိုးကို ဖျက်ဆီးပါလိမ့်မည်။ ခုချိန်မှာ ကျနော်တို့ တစ်တွေစည်းလုံးညီညွတ်ကြရမှာဖြစ်သလို တခြားတိုင်းရင်းသားညီကိုယ်တွေ၊ ဒီမိုကရေစီအရေး လုပ်ရှားတိုက်ပွဲဝင်သူတွေနဲ့ အတူ လက်တွဲပြီး စစ်အာဏာရှင် စနစ်ကို အတူတကွ တွန်းလှန်ကြရမည်ဖြစ်သည်။

မြ၀တီတွင် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွား (Breaking News)

ဆုံဆည်းရာ ၈ ရက် နိုဝင်ဘာလ ၂၀၁၀


မြန်မာစံတော်ချိန်..... ၈ နာရီ ၁၂ မိနစ်
-----------------------------------------------------------------------
(၇ နာရီ ၄၅ မိနစ်) ABSDF မှ နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းသွားဖို့ အဆင်သင့်ပြင်ဆင်ထားကြောင်း ဥက္ကဌ ကိုသံခဲက ပြောဆိုလိုက်သည်။ ၄င်းက ဆက်လက်ပြီး “ABSDF ကတော့ KNU ရဲ့ တပ်မဟာ ၇ ဒေသထဲမှာတော့ ကျနော်တို့ အမြဲတမ်း ပူးတွဲပြီးမှ အလုပ်လုပ်နေပါတယ်။ ပူးပေါင်းပါဝင်ဖို့ ABSDF က အဆင်သင့်ဖြစ်ပြီ။ ကာယကံရှင်တွေနဲ့ ကျနော်တို့က လက်တွေ့ကျကျ လက်တွဲလုပ်နိုင်ဖို့အတွက်က တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးဖို့ပဲ လိုတော့တယ်” လို့ ကိုသံခဲက ပြောပါတယ်။

(၇ နာရီ ၃၈ မိနစ်) မဲဆောက်လေယာဉ်ကွင်းရှေ့ စစ်ပြေးဒုက္ခသည်တွေထားတဲ့ ထိုင်းစစ်တပ်ဝန်းထဲကို ဒုက္ခသည် တဖြည်းဖြည်း ၀င်ရောက်နေပါတယ်။ ယခုလက်ရှိ အချိန်အထိ မဲဆောက် - မြ၀တီ ကမ်းနားမှ စစ်ပြေး ဒုက္ခသည်တွေကို တင်ဆောင်လာတဲ့ ကားတွေ တဖွဲဖွဲ ၀င်ရောက်နေဆဲပဲဖြစ်တယ်လို့ ရောက်ရှိနေသူတဦးက ပြောပါတယ်။ စစ်ပြေး ဒုက္ခသည်တွေအတွက် အစားအစာနဲ့ နေရာထိုင်ခင်း ခက်ခဲမှုတွေလည်း ရှိနေပါတယ်။

(၇ နာရီ ၂၃ မိနစ်) ထိုင်း-မြန်မာ နယ်စပ် တခုဖြစ်တဲ့ ဘုရားသုံးဆူဘက်မှာ ဒီကေဘီအေ တပ်တွေက နအဖ စစ်တပ်မှ ဒု-ရင်းမှူး ဗိုလ်မှူးနေထူး အား ဖမ်းဆီးရမိထားတယ်လို့ သိရှိရပါတယ်။ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရှိရပါတယ်။ ရုပ်သံစတေးရှင်နဲ့  စရဖရုံး အကောက်ဂိတ်တွေကို ဒီကေဘီအေဘက်မှ သိမ်းဆည်းထားကြောင်း သိရသည်။

(၇ နာရီ ၄ မိနစ်) ထိုင်းနိုင်ငံဘက်ခြမ်းသို့ လက်နက်ကြီးများ ထပ်ပြီး ကျရောက်လာလျှင် ထိုင်းစစ်တပ်မှ ပြန်လည် ပစ်ခတ်မယ်လို့ ထိုင်းစစ်အရာရှိ တဦးမှ ပြောဆိုလိုက်သည်။

(၆ နာရီ ၅၆ မိနစ်) မြ၀တီမြို့မှာ ဖြစ်ပွားနေတဲ့ နအဖနဲ့ ဒီကေဘီအေတို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲကို ယနေ့ည အပြတ်တိုက်ဖို့ နအဖ ဗျူဟာမှူးက အမိန့်ပေးလိုက်ပါတယ်။ ထိုင်းဘက်ကမ်း မဲဆောက်မြို့ကို ရောက်ရှိလာတဲ့ စစ်ဘေး ဒုက္ခသည် သုံးသောင်းနီးပါးရှိလာပြီလို့ သိရှိရသည်။


(၆ နာရီ ၁၇ မိနစ်) မြ၀တီမြို့လက်နက်ကြီးသံများ ယခု ကျနော်ထိုင်နေတဲ့နေရာက နေ တချက် တချက် ကြားနေရပါသေးသည်။

(၅ နာရီ ၅၉ မိနစ်) မြ၀တီမြို့လက်နက်ကြီးသံများနည်းနည်း ဆဲသွားပြီလို့သိရှိရပါတယ်။ ဆက်လက်တိုက်ပွဲဖြစ်ဖို့ အားယူနေတယ်လို့ ထင်မြင်ကြောင်း မြို့ခံတဦးမှ ပြောဆိုသည်။

(၅ နာရီ ၃၇ မိနစ်) မြ၀တီမြို့တွင် ဒီကေဘီအေနှင့် နအဖ တပ်များကြား ဖြစ်ပွားနေသောတိုက်ပွဲ ယနေ့ ညဘက်တွင် အရှိန်အဟုန်မြင့်ဖွယ် ရှိပါတယ်။ အချို့သော လူတွေက မြ၀တီမြို့ကနေ မဲဆောက်ဘက်ကို ထွက်ခွာချင်နေပါတယ်။ ဒါပေမယ့် ဂိတ်တွေ ပိတ်လိုက်သောကြောင့် ထွက်ခွာမရ ဖြစ်နေသူတွေလည်း ရှိပါတယ်။

(၅ နာရီ ၂၀ မိနစ်) မြ၀တီမြို့ သုံညဂိတ် ရှေ့တည့်တည့် သစ္စာမဂ္ဂင် ဘုန်းကြီးကျောင်းမှာ လူ ၃၀၀ ၀န်းကျင်ခန့် ပိတ်မိနေတယ်ကြောင်း သိရှိရသည်။

(၅ နာရီ ၈ မိနစ်) ယခုအချိန်အထိ မြ၀တီကမ်းကနေ ထိုင်းဘက်ကမ်းကို ကူးလာနေတဲ့ စစ်ပြေးဒုက္ခသည်တွေက ကူးလာနေတုန်းပါ။ ကူးလာသမျှ စစ်ပြေးဒုက္ခသည်တွေကို မဲဆောက်လေယာဉ်ကွင်းရှေ့က စစ်တပ်ဝန်းထဲမှာ ထားသလို နောက်လာမယ့်သူတွေအတွက် မဲဆောက်လေယာဉ်ကွင်းထဲမှာ ထားမယ်လို့လည်း သိရှိရပါတယ်။ စစ်ပြေးဒုက္ခသည် စုစုပေါင်း ၁၀၀၀၀ (တစ်သောင်း) ကျော် ဖြစ်လာပါပြီ။ ရေနဲ့ အစာရေစာ ရှားပါးမှု ဖြစ်ပေါ်လာနိုင်ကြောင်း စစ်ပြေးဒုက္ခသည်ကို ကူညီသူ အန်ဂျီအိုမှ လူတဦးက ပြောပါတယ်။

(၅ နာရီ) မြ၀တီမှာ တိုက်ပွဲတွေ ဖြစ်နေဆဲပါ...။ နအဖ ဘက်က စစ်ကူတွေ မော်လမြိုင်က တက်လာတယ်ပြောပါတယ်။ နအဖ က ပြည်တွင်း စစ်ပွဲကို လေယာဉ်ပျံသုံးဖို့ စီစဉ်နေကြောင်းလည်း သိရှိရပါတယ်။ တိုက်ပွဲ ညဘက်မှာ အရှိန်အဟုန်ပြင်းပြင်း တိုက်ခိုက်ဖို့ရှိကြောင်း သိရှိရပါတယ်။

(၄ နာရီ ၃၇မိနစ်) မြ၀တီတွင် ဒီကေဘီအေမှ အဓိက ကျတဲ့ နေရာတွေ သိမ်းယူလိုက်ကြောင်း သိရှိရသည်။ (ကိုးကား..The Nation)

(၄ နာရီ ၁၉မိနစ်) မြ၀တီတွင် စစ်တပ်က လက်နက်ကြီးတွေ အသုံးပြုတော့မယ်။ မြို့ထဲက လူတွေကို အကုန် ထွက်ခိုင်းလိုက်ပြီ။ အခု တိုက်ပွဲက မြ၀တီ မြို့တ၀က်လောက်ဖြစ်နီပါး ဖြစ်ပွားနေတယ်။ ဘယ်သူမှ ထိန်းချုပ်လို့ မရသေးဘူး မော်လမြိုင်က နအဖတပ်တွေ တက်လာတယ်ဟု သိရ။

(၄ နာရီ ၄မိနစ်) မဲဆောက်မြို့ လေယာဉ်ကွင်းရှေ့ စစ်တပ်ထဲရှိ စစ်ပြေး ဒုက္ခသည်အရေးကို တပ်ခရိုင်ဝန်၊ ယူအန်၊ အခြား အန်ဂျီအိုများ ဆွေးနွေးလျှက်ရှိကြောင်း သိရှိရသည်။ လောလောဆယ် ထိုစစ်တပ်ဝန်းထဲတွင် စစ်ပြေးဒုက္ခသည် ၆၀၀၀ ကျော်ရှိပြီး၊ အခြား နေရာများတွင်လည်း သုံးထောင်ကျော်ရှိကြောင်း သိရှိရသည်။

(၃ နာရီ ၂၇မိနစ်) မြ၀တီတွင် ဒီကေဘီအေနဲ့ နအဖ တိုက်ပွဲအရှိန်ကြောင့် မီးလောင်နေသည်။ ၉၀၇ ဒီကေဘီအေ တပ်ဝန်းကနေ စတင်လောင်ကျွမ်းတာပါ။ မီးခိုးလုံးတွေ တက်လာပါတယ်။ တိုက်ပွဲက တစတစနဲ့ ပိုမိုပြင်းထန်ပြီး အသံတွေ ပိုမိုကျယ်လောင်စွာ ကြားလာရပါတယ်။

(၃ နာရီ ၁၂မိနစ်) ဘုရားသုံးဆူတွင် ဒီကေဘီအေနဲ့ နအဖ တိုက်ပွဲဖြစ်မှုကြောင့် ရုပ်သံစတေရှင် ပျက်စီးသွားပြီး စရဖရုံး ပြာကျသွားကြောင်း သိရှိရသည်။ ဒီကေဘီအေ ၂ယောက်ကျဆုံးပြီး နအဖ ဘက်မှ စစ်သား ၂ယောက်ကျသွားသည်။ နအဖ ဘက်မှ သေနတ် ၉ လက်ကို ဒီကေဘီအေမှရရှိ အောင်ပွဲခံခဲ့သည်။ နအဖ စစ်တပ်မှ ဆုတ်ပစ် ထွက်ခွာနေကြောင်း သိရှိရသည်။ ကေအန်ယူမှလည်း ၀န်းရံထားကြောင်း ထပ်မံသိရှိသည်။


(၂ နာရီ ၄၆မိနစ်) မြ၀တီတိုက်ပွဲကြောင့် ထွက်ပြေးလာတဲ့ စစ်ပြေး ဒုက္ခသည်တွေကို ထိုင်းနိုင်ငံ မဲဆောက် လေယာဉ်ကွင်းရှေ့ ထိုင်းစစ်ထဲတွင်ထားရှိထားပါတယ်။ စစ်ပြေး ဒုက္ခသည် အနည်း ၇၀၀၀ ၀န်းကျင်ခန့်ရှိပြီဖြစ်ကြောင်း သိရှိရသည်

(၂ နာရီ ၃၉မိနစ်) မြ၀တီမှာ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပါတယ်။ ယခုအချိန်အထိ လက်နက်ငယ်နှင့် လက်နက်ကြီးများ ပစ်ခတ်နေပါတယ်။ ထိုင်းဘက်ကမ်းကို ရောက်ရှိလာတဲ့ လူနာများ မရှိသေးဘူးလို့ သိရှိရပါတယ်။

(၂ နာရီ ၂၆မိနစ်) ဘုရားသုံးဆူတောင်ပိုင်းမြို့အစွန်မှာ ဒီကေဘီအေနှင့် နအဖ တို့ရဲ့ တိုက်ပွဲအရှိန်ကြောင့် မီးတွေ လောင်နေကြောင်း။ ထိုင်းနိုင်ငံဘက်ရှိ ဆန်ခဆေးရုံကို လူနာများ ရောက်လာကြောင်း သိရှိရသည်။ တိုင်ပွဲက ဆက်လက်ဖြစ်ပွားနေကြောင်း သိရှိရသည်။ လက်နက်ငယ်များအဆက်အပြတ် ပစ်ခတ်နေပြီး လက်နက်ကြီးများလည်း မကြာခဏ ပစ်ခတ်....။
http://soneseayar.blogspot.com/

4 comments:

Anonymous said...

ဒုက္ခသည် ပြည်သူတွေကို နုတ်ခမ်းမွှေးက လုံးဝ တာဝန်ယူ ကူညီမှာလား?ဒုက္ခသည်ဖြစ်နေရတဲ့ ပြည်သူတွေကို ဘယ်လိုတာဝန်ယူမှာလဲ?တာဝန်မယူနိုင်ပဲ ဒုက္ခရောက်အောင် ဘာလို့လုပ်တာလဲ?မြ၀တီမြို့ကို သိမ်းတာကို ဂုဏ်ယူနေသလား?ဘယ်နှစ်နာရီ ဘယ်နှစ်ရက် သိမ်းနိုင်မှာလဲ?
မိမိကြောင့်ပြည်သူတွေဒုက္ခရောက်သွားနေရတာကို ထိုင်ပြီးကြည်နူးနေသလား?

ဒီလိုဖြစ်လာအောင် ဖန်တီးပေးလိုက်လို့ ၀မ်းသာနေသလား?မိမိရဲ့ရည်ရွယ်ချက် လမ်းစဉ်ကြောင့် ပြည်သူတွေဒုက္ခရောက်သွားနေရတာကိုရော စဉ်းစားမိရဲ့လား?ဖြစ်လာတဲ့ဆိုးကျိုးတွေကို ဘယ်လိုတာဝန်ယူဖြေရှင်းပေးမှာလဲ?

Anonymous said...

တိုင်းရင်းသားတွေနဲ့  ဘာလို့ ကောင်းကောင်းမွန်မွန် မဆွေးနွေးတာလဲ? ငြိမ်းချမ်းစွာမေတ္တာပို့ နေတဲ့  ရဟန်းတွေနဲ့  ပြည်သူတွေကိုဘာလို့  သေနတ်နဲ့  ပစ်သတ်တာလဲ? ဘာလို့ မဟာလူမျိုးကြီးဝါဒ ကိုဆွဲကိုင်ထားရတာလဲ? နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့  အဖွဲ့ အစည်းမှာတိုင်းရင်းသားတွေ မခန့် ပဲနဲ့  ဘာလို့  တိုင်းရင်းသားပြည်နယ်တွေကိုပါ ရောပြီးအုပ်ချုပ်နေရတာလဲ? မဟာလူမျိုးကြီးဝါဒ ကိုဆွဲကိုင် ချင်ရင် ပြည်မကိုပဲအုပ်ချုပ်ပါလား၊ ဘာလို့ တိုင်းရင်းသားပြည်နယ်တွေကိုပါအုပ်ချုပ်ချင်ရတာလဲ? ၉၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီကို အာဏာလွှဲမပေးပဲ ဘာလို့  အရှက်မရှိဆက်အုပ်ချုပ်ပြီး ရွေးကောက်ပွဲထပ်လုပ်ရတာလဲ? ပြည်သူတွေဒုက္ခရောက်အောင် ဘယ်သူတွေလုပ်နေတာလဲ?

Anonymous said...

ယခုတိုက်ပွဲကိုထောက်ခံသည်။တိုင်းရင်းသားအဖွဲ့အစည်းတွေလက်နက်နဲ့မှမတိုက်လျှင်လုပ်သလိုသာခံရမည်။
ဆက်တိုက်ပါ။ထောက်ခံသည်။
တခြားအဖွဲ့အစည်းများရောစတိုက်ပါ၊ထောက်ခံအားပေးနေမည်။
ကိုယ်ရပိုင်ခွင့်ကိုကိုယ်ကိုယ်တိုင်မှမဖန်းတီးလျှင်နအဖကသွားဖြဲပြီးအပေါ်စီးကနေတိုင်းရင်းသားတွေကိုလုပ်ချင်သလိုလုပ်နေမှာပဲ၊
ဆက်တိုက်။

Anonymous said...

Myanmar military has already made several
thousands of Karen people's lives destroyed. What have Burma junta taken responsibility?

Post a Comment