ondragstart="return false" onselectstart="return false"

Friday, November 12, 2010

ဖမ်းထားသည့် နအဖ ဗိုလ်ကြီးကို DKBA ပြန်လွှတ် + ဗီဒီယိုမှတ်တမ်း

ဗမာ့တပ်မတော်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေကို ဖမ်းဆီးနိုင်တဲ့အချိန် မပြောသေးနဲ့  ဘာမှ ဘူးမသိ ဘမသိတဲ့ ရွာသားတွေကို လမ်းခုလပ်မှာ တစ်ယောက်စနှစ်ယောက်စ တွေ့ ရင် သူပုန်ဆိုပြီး ပစ်သတ်လိုက်ဒါ အများကြီးပဲ။ အဲဒါ အဓိပါယ်က ဘာလည်းဆိုရင် တော်လှန်သူ လက်နက်ကိုင်သူပုန်ကို သတ်ချင်ဒါထဲ လူမျိုးနဲ့ ချီပြီး နိုပ်ကွပ်ချင်ဒါ ဖြစ်ပြီး အကြောင်းပြရန် အကွက်ကောင်းပေါ်လာတိုင်း တိုင်းရင်းသားတွေကို သတ်ဖြတ် ဒါပါပဲ။

ဗီဒီယိုဖိုင် - sawkyawkwee မှ



ဧရာဝတီ Friday, 12 November 2010

ကရင်ပြည်နယ် မြ၀တီမြို့တွင် ရွေးကောက်ပွဲ ကျင်းပသည့် နိုဝင်ဘာ ၇ ရက်နေ့က စတင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ဖမ်းဆီးခဲ့သော နအဖဘက်မှ ဗိုလ်ကြီးသက်နိုင်ကို တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ဗိုလ်မှူးကြီး စောလားပွယ် တပ်ဖွဲ့မှ ယနေ့ မွန်းလွဲပိုင်းက ပြန်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
ဗိုလ်ကြီးသက်နိုင်


စစ်ဦးစီး တတိယတန်း ဗိုလ်ကြီးသက်နိုင်သည် မြ၀တီခရိုင် ဝေါ်လေ ဒေသ အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) (၈) လက်အောက် ခံ နည်းဗျုဟာ(၃)မှ ဖြစ်ပြီး ဗိုလ်မှူးကြီး စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွေး)၏ DKBA တပ်မဟာ (၅) တပ်ဖွဲ့က နိုဝင်ဘာ ၈ ရက်နေ့တွင် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဗိုလ်ကြီးသက်နိုင်ကို ပြန်လွှတ်ပေးလိုက်မှုနှင့်ပတ်သက်၍ DKBA တပ်မဟာ(၅)နှင့် နီးစပ်သူတဦးက"စစ် သုံ့ပန်း ဥပဒေ အရ မသတ်ဘဲ ပြန်ပို့လိုက်တာ ဖြစ်တယ်"ဟု ပြောပြသည်။

"ကျနော့်ကိုပြန်လွှတ်ပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ်၊ ကျနော့်မှာ အမေ ပေးတဲ့ အသက်မရှိတော့ပါဘူး၊ ဒီက ပေးတဲ့အသက်ပဲ ရှိပါတော့တယ်၊ ဟို ပြန်ရောက်ရင် ပေးတဲ့အပြစ်ကို ခံယူပြီး အပြင်မှာပဲ မိသားစုနဲ့အတူ စီးပွားရေး ပဲလုပ်တော့မယ်"ဟု ဗိုလ်ကြီးသက်နိုင်ကပြောကြောင်းလည်း ၎င်းက ဆိုသည်။

ဗိုလ်ကြီးသက်နိုင်ကို DKBA က မြ၀တီမြို့သို့ ပြန်လည် ပို့ဆောင်ပေးခြင်းဖြစ်ပြီး ၎င်းပြန်လည်ရောက်ရှိကြောင်း မြ၀တီ ရှိ နအဖ စစ်တပ် က အတည်ပြုပြောကြားသည်ဟုလည်း DKBA အသိုင်းအ၀ိုင်းက ပြောသည်။

ဗိုလ်ကြီးသက်နိုင်သည် မိတ္ထီလာမြို့ ရန်မျိုးအောင်ရပ်ကွက်တွင်နေထိုင်သည့် အဘ ဦးသိန်းအောင်၊ အမိ ဒေါ်အေးချို တို့၏သားဖြစ်ပြီး ရက်သားအ ရွယ်သမီးတဦးရှိကြောင်း သိရသည်။

ယင်း DKBA နှင့် စစ်အစိုးရ တိုက်ပွဲများကြောင့် ဒေသခံ သောင်းနှင့်ချီ၍ ထိုင်းနိုင်ငံ ဘက်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရ သည်။

နိုဝင်ဘာ ၇ ရက်နေ့က စတင်၍ DKBA နှင့် စစ်အစိုးရတို့ တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ပွဲနှင့် ပတ်သက်၍ “စစ်အစိုးရက မြ၀တီမြို့ခံတွေကို အတင်းအကျပ် မဲပေးခိုင်းတယ်လို့ ကျနော်တို့ကြားရတယ်။ လူထုက မဲမပေးချင်ဘူး။ ဒါပေမယ့် စစ်အစိုးရက လူထုကို လက်နက်အားကိုးနဲ့ အကျပ်ကိုင်ခြိမ်းခြောက်တယ်။ အဲဒါကြောင့်မို့ လုံခြုံရေးအတွက် မြ၀တီမှာ ကျနော်တို့တပ်တွေ နေရာစယူခဲ့တာပါ” ဟု ဗိုလ်မှူးကြီး စောလားပွယ် က ဧရာဝတီနှင့် အင်တာဗျူးတွင် ပြောဆိုထားသည်။

စစ်အစိုးရ သတင်းစာများ၌ ကရင်ပြည်နယ် မြ၀တီမြို့တွင် ကရင်အမျိုးသား အစည်းအရုံး(KNU)က လက်နက်ကြီး များ ဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူ ၃ ဦး သေဆုံး၍ ၂၀ ဒဏ်ရရှိ ကြောင်းရေးသား ဖော်ပြသည်။
http://www.irrawaddy.org/bur/index.php/news/4828--dkba-

3 comments:

Anonymous said...

I dont' belive Saw Lah Pwe. This is a trick. You are from the SPDC side. You diverted the election cheating news.
You and SPDC already arranged this plot.

Anonymous said...

ဂုံရူပါတယ်။ကရင်တယောက်ဖြစ်ခြင်း(သို့)ကိုယ်ပိုင်ပြဒါန်းခွင့်ကိုလိုချင်သောကရင်တယောက်ဖြစ်ခြင်းအတွက်။
ကရင်တွေကရန်သူမိတ်ဆွေကိုကွဲပြားစွာမြင်တယ်။မိတ်ဆွေကိုသိသလိုလေးစားတယ်။ရန်သူဖြစ်စေကာမူသုံ့ပန်းကိုလေးလေးစားစားဆက်ဆံတယ်။
နအဖလုပ်သလိုသာလုပ်နေရင်တော့ ကရင်တွေလည်းနအဖ(ကဘာ့အဆိုးဆုံးအာဏာရှင်ထဲကတခူ့)နဲ့နိုင်းရင်တော့မရိုင်းဘူးပေါ့။
သုံ့ပန်းသက်နိုင်ကိုကောင်းကောင်မွန်မွန်ဆွေးနွေးစာကားပြောပြီးလွတ်ပေးလိုက်တာကကရင့်တော်လှန်ရေးသမားတွေရဲ့ရင့်ကျက်မူ့ကိုဖော်ပြနေတယ်
လေးစားလျက်
သူ့မူဒို

Anonymous said...

ခက်တာက ရှေ့တန်းမှာ တစ်ဖက်နဲ့တစ်ဖက် တိုက်ခိုက်ရင်းနဲ့ ဖမ်းမိသွားရင်တော့ ဒါဟာ သုံ့ပန်းလို့ပြောလို့ရတာပေါ့ဗျာ...အခုဟာက ရွေးကောက်ပွဲအတွင်းမှာ ဆူဆူပူပူမဖြစ်စေချင်လို့ ဆူပူနေတာကို ငြိမ်းချမ်းအောင် သွားပြီး ဖြစ်စေချင်တာကို ဆွေးနွေးဖို့ သွားတဲ့သူကို အကြောင်းပြချက်မရှိပဲ ဖမ်းသွားပြီးမှ သုံ့ပန်းပါဆိုပြီး လုပ်ပြတယ်...သုံ့ပန်းဥပဒေအရ လွှတ်ပေးတယ်ဆိုတဲ့ နာမည်ကောင်းလေးကို ယူလိုက်သေးတယ်...နာမည်ကောင်းရဖို့အတွက် မီဒီယာပေါ်တောင် တင်ပေးလိုက်သေးတယ်...

နိုင်ငံရေးကို မသိတဲ့ လူငယ်တစ်ယောက်ကို အတင်းနိုင်ငံရေးကိစ္စတွေမေးတယ် ဒါတွေဟာ လူကြီးပိုင်းတွေပြောရမယ့်စကားတွေပဲ...ချီပြီး တုပ်ပြီးမေးမြန်းပြီးမှ နာမည်ကောင်းယူပြီး မီဒီယာမှာတင်ပေးတယ် ဒါဟာ တကယ့်စိတ်ရင်းစေတနာလား လှည့်ကွက်တစ်ခုအလားဆိုတာ သိသာပါတယ်...ဘယ်လိုပဲဖြစ်ဖြစ် အခုလို ပြန်လွှတ်ပေးတာကိုလည်း သူ့အတွက် ဘ၀သစ်တစ်ခုဆက်ပြီး တည်ဆောက်ခွင့်ရလိုက်တာပေါ့...

မောင်ပေါက်

Post a Comment