ondragstart="return false" onselectstart="return false"

Thursday, November 25, 2010

နေ့ စဉ်သတင်း - ၂၅ နိုဝင်ဘာ ၂၀၁၀

စစ်ဗိုလ်ချူပ်ကြီးများအား နိုင်ငံတကာခုံရုံးသို့ ပို့ မည့်အစီအစဉ်ကို ဒေါ်အောင်ဆန်းစုကြည် လက်မခံ ဟုသိရှိရပါသည်။ တိုင်းရင်းသားများ စာဖတ်သူများ ဘယ်လိုသဘောထားရှိပါသလဲ?


Daily_Update_News_on_25_Nov_2010

Type the rest of your post here.

5 comments:

Anonymous said...

နိုင်ငံရေးမူဝါဒနှင့် တရားဥပဒေတို့ သည် သီးသန့် စီဖြစ်၏။ တရားစွဲသူသည် တရားလိုသာဖြစ်သည်။ နိုင်ငံရေးပြုခြင်းနှင့် တရားလိုပြုခြင်း ကို ရောနှောပါ က အလုပ် နှစ်ခုလုပ်တပြိုင်တည်း ပြုရာကျ၏။ အလုပ်နှစ်ခုကို ပိုင်ပိုင်နိုင်နိုင်နှင့် တပြိုင်တည်း ဆောင်ရွက်နိုင်သော အင်အားနှင့် အခြေအနေရှိပါက ကောင်း၏။ ဆောင်ရွက်နိုင်ခြင်း မရှိက ဗျာများပြီး အလုံးစုံ မှေးမှုန်ဟုန်ဝါးသွားနိုင်၏။
တဖက်ကလည်း- မယ်သရောထာ သဘောတူညီမှုကို ဖျက်သိမ်းသည်ဟု ကြေညာပါက ငြိမ်းချမ်းရေးဆက်လက်ဆွေးနွေးမည်ဟု စစ်အုပ်စုက ကေအင်ယူအား ကလိခဲ့ဖူး၏။ ယင်းကို အလျှော့ပေးစမ်းကြည့်သောအခါ လက်တွေ့တွင် နအဖ ဘက်မှ မည်သို့မျှထူးခြားမလာခဲ့။ ထိုအခါမှ မိမိတို့ အပြောင်အလှောင် ခံလိုက်ရလေခြင်းဟု ခံစားသိမြင်လာခဲ့ရဖူး၏။
ထို့ကြောင့် နိုင်ငံရေးလုပ်သူသည် နိုင်ငံရေးလုပ်ပြီး တရားလိုလုပ်လိုသူ (တရားလိုလုပ်ရန်သင့်လျှော်သူ) သည် တရားလိုလုပ်ပြီး မိမိတို့ ဆောင်ရွက်စရာရှိသည်ကို ဆက်လက်ဆောင်ရွက်သင့်ပါသည်။

Anonymous said...

ဟုတ်တယ်။ ဒေါ်စုအနေအထားက ဒီလိုမပြောလို့ လည်းမရဘူး။ သူ့ ဟာသူခွင့်လွတ်ချင်ခွင့်လွတ်။ စစ်ခုံရုံးကို ပို့ မည့်သူက ပို့ ရမှာပဲ။

အပေါ်က ကွန့် မစ် ထောက်ခံတယ်။

ICC ကိစ္စကို ဒေါ်စုက မကန့်ကွက်ပါ said...

ICC ကိစ္စကို ဒေါ်စုက မကန့်ကွက်ပါ


စစ်ဗိုလ်ချုပ်ကြီးများကို နိုင်ငံတကာခုံရုံး ပို့မဲ့ကိစ္စကို ဒေါ်စုက မကန့်ကွက်ပါ။

http://www.rfa.org/burmese/audio (25.11.10; 19:00) ကို နားထောင်ပါ။

ICC ကိစ္စကို "ဒေါ်စုက လုပ်ခိုင်းခြင်း မဟုတ်" ဟု ပြောခြင်းသာ ဖြစ်တယ်။ ဒါကို New York Time သတင်းစာက မှားပြီး ရေးတာပါ။ RFA က မှားပြီး ထပ်လွှင့်တာပါ။

http://www.rfa.org/burmese/audio (25.11.10; 19:00) ကို နားထောင်ပါ။

စစ်အစိုးရခေါင်းဆောင်တွေကို ICC တင်ရေးကိစ္စကို ဒေါ်စုက မကန့်ကွက်ပါ said...

စစ်အစိုးရခေါင်းဆောင်တွေကို ICC တင်ရေးကိစ္စကို ဒေါ်စုက မကန့်ကွက်ပါ


စစ်ဗိုလ်ချုပ်ကြီးများကို နိုင်ငံတကာခုံရုံး ပို့မဲ့ကိစ္စကို ဒေါ်စုက မကန့်ကွက်ပါ။

http://www.rfa.org/burmese/audio (25.11.10; 19:00) ကို နားထောင်ပါ။

"စစ်အစိုးရခေါင်းဆောင်တွေကို ICC တင်နိုင်ရေးကိစ္စကို လုပ်နေကြသူတွေဟာ ဒေါ်စုက ပထမဆုံး စတင် အကြံပေး လှုံ့ဆော် ညွှန်ကြားမှုကြောင့် လုပ်နေကြတာ မဟုတ်ဘူး" လို့ ပြောချင်တာပါ။

ဒါကို နားလည်မှု လွဲမှားပြီး New York Time သတင်းစာက "ဒေါ်စုက ICC ကို မထောက်ခံဘူး" လို့ မှားပြီး ရေးတာပါ။ RFA က မှားပြီး ထပ်လွှင့်တာပါ။

http://www.rfa.org/burmese/audio (25.11.10; 19:00) ကို နားထောင်ပါ။

Anonymous said...

ဒေါ်စုကကျည်တချက်ဖောက်ကြည့်တာပါ။ဒီကျည်ဆံကပစ်မှတ်တခုခုကိုထိမထိတော့မသိဘူး။ပြန်ကန်လာတဲ့အားကတော့အတော်ကိုပြင်းတယ်။
သူမရဲ့မူရင်းစကား
“I’ve never said I want them to be brought into the international court,” she said. “I don’t think there is any solid reason for the generals to fear for their safety. We are not after them personally. I certainly do not wish them ill.”
"ကျမဒီဘိုချုတ်တွေကိုနိုင်ငံတကာစစ်ခုံရုံးတင်ဖို့ဘယ်တုံးကမှမပြောခဲ့ဘူး။ဒီစစ်ဘိုတွေသူတို့ရဲ့လုံခြုံရေးအတွက်စိုးရိမ်ကြောင့်ကြစရာခိုင်မာတဲ့အကြောင်းတရားတွေမရှိဘူးလို့သူမထင်တယ်။"
သူဒီစကားလုံးတွေနဲ့စစ်တပ်ထဲကတစုံတရောက်သောသူကိုစည်းရုံးဖို့ကြိုးစားကြည့်တာလို့ဘဲမြင်တယ်။ဒီလောက်ကောင်းတဲ့ရှေ့နေဒီလောက်လူသတ်၊လာက်စားနအဖအတွက်ရှိမယ်မထင်ဘူး။
အမျိုးသားရင်ကြားစေ့ရေးကိုလုပ်တာအားပေးပါတယ်။ပြည်သူတွေရဲ့လုံးခြုံရေးကိုမကာကွယ်နိုင်တဲ့နအဖနဲ့ရင်ကြားစေ့ရေးကအမျိုးသားရင်ကြားစေ့ရေးစစ်စစ်ဖြစ်လာမယ်မထင်ဘူး။
လေးစားလျက်
သူ့မူဒို

Post a Comment