ondragstart="return false" onselectstart="return false"

Monday, November 15, 2010

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှုနှင့်စပ်လျဉ်း၍ တိုင်းရင်းသားခေါင်းဆောင်းများ၏ တုံပြန်မှုသဘောထား

Mizzima သတင်းစာမျက်နှာမှ ပြန်လည်ကူးယူဖေါ်ပြသည်။

ကရင်အမျိုးသား အစည်းအရုံး KNU ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါ

သူ့အနေနဲ့ နိုင်ငံရေး သက်သက်ပေါ့ တိုက်ပွဲလုပ်လာတာ။ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ အာဏာမက်မောတဲ့ အာဏာရှင်စနစ်အောက်မှာ ဘာမှ အောင်မြင်ဖို့ မလုပ်နိုင်ဘူး။ ကျနော်တို့ တိုင်းရင်းသားတွေအတွက်လဲ သူ ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။

အဲတော့ သူအနေနဲ့က ပြန်ပီးစဉ်းစားရမယ်။ အခု နအဖက ရွေးကောက်ပွဲလုပ်တယ်၊ အစိုးရအသစ်ထောင်မယ် စသဖြင့် အဲဒီဘောင်အတွင်းမှာ သူတို့ သေချာ ပြန်လည် သုံးသပ်ရမယ်… အရင်ပုံစံအတိုင်းတော့ မလွယ်တော့ဘူး ဘာမှ ထူးမှာ မဟုတ်ဘူး။

Non – Violence အကြမ်းမဖက်တဲ့ နိုင်ငံရေးတိုက်ပွဲဆိုတာက ယဉ်ကျေးမှုရှိတဲ့ နိုင်ငံမှသာလျှင် ဖြစ်တာ။ အာဏာရ အစိုးရကလဲ လူ့အခွင့်အရေးလို ပြည်သူတွေရဲ့ ကောင်းစားရေး လွတ်လပ်ရေး အစရှိတဲ့ အဲဒီအတွက် ဆန္ဒရှိတဲ့ အစိုးရမျိုး မှာမှ ကျနော်တို့က လုပ်လို့ရမယ်။

အခုက အဲလိုမဟုတ်တဲ့အခါကျ ပြည်တွင်းက အကြမ်းမဖက်နိုင်ငံရေး လှုပ်ရှားမှုက အကျိုးမရှိတော့ဘူးလို့ မြင်တယ်လေ… ဆိုပါတော့ဗျာ၊ သူက လူထုဆန္ဒပြပွဲမဟုတ်သေးဘူးနော်၊ လူထုအစည်းအဝေးတွေ လုပ်မယ်ဆိုရင်တော့ တခါ ထောင်ထဲမှာ ပြန်ထည့်မှာပဲ အဲဒီအတိုင်းလာမှာပဲ။

မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ

ဒေါ်အောင်ဆန်းစုကြည်လွတ်လာတာ ကျနော်တို့သိပ်ကို ဝမ်းသာတယ်။ ကြိုလဲ ကြိုဆိုတယ်။

ကျနော်တို့ဘက်ကဖြစ်စေချင်တာက မကြာခင်တုန်းက ကလေးမြို့မှာ NLD ခေါင်းဆောင်တွေ၊ နောက် ကျနော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဝါရင့် နိုင်ငံရေးသမားကြီးများအဖွဲ့က ခေါင်းဆောင်တွေ ချုပ်ဆိုထားတဲ့ သဘောထားထင်မြင်ချက် အဲဒါကို လက်တွေ့အကောင်အထည်ဖေါ်လာနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် တွန်းအားပေးရင်ကောင်းမယ်လို့ ကျနော်တို့ တောင်းဆိုချင်ပါတယ်။

ကျနော်တို့နိုင်ငံမှာ အဲဒီ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို မတည်ဆောက်နိုင်ဘဲနဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံ ဘယ်လိုမှဖြစ်လာမှာမဟုတ်ဘူး။ ဒီကနေ့ပြည်တွင်းစစ်တွေဖြစ်နေရတာဟာ အမှန်ကတော့ တိုင်းရင်းသား အခွင့်အရေးတွေ ဆုံးရှုံးနေလို့ပါ။ ဒေါ်အောင်ဆန်းစုကြည်သိပါတယ်။

ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်

ဒီမိုကရေစီအရေးတွက် အရိပ်အယောင် သန်းလာတဲ့ သဘောရှိတယ်…

ဒေါ်အောင်ဆန်းစုကြည် လုပ်ပေးနိုင်မယ်ဆိုရင် လုပ်ပေးစေချင်တာက သူနဲ့ ဘဝတူ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံးလွတ်မြောက်ဖို့ကို ကြိုးပမ်းစေချင်တယ်… ဒုတိယ တချက်က ဒီမိုကရေစီအရေးကြိုးပမ်းရင်းနဲ့ အမျိုးသားရင်ကြားစေ့ရေးကို တဆက်ထဲ ကြိုးပမ်း စေချင်တယ်…

တိုင်းရင်းသားတွေအတွက် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရအောင် အပစ်ခတ် ရပ်စဲထားတဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ သော်လည်းကောင်း အပစ်အခတ်ရပ်စဲခြင်းမရှိသေးတဲ့ အဖွဲ့တွေနဲ့သော်လည်းကောင်း ဒီလက်ရှိ အစိုးရနဲ့ အဆင်ပြေပြေညှိနှိုင်း ဆောင်ရွက်ပေးဖို့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်ဖို့ တနည်းအားဖြင့် နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းပေးဖို့ ကျနော်တို့ မျှော်လင့်ပါတယ်…

ဇိုမီးအမျိုးသားကွန်ဂရက် ဥက္ကဋ္ဌ ဦးပူကျင့်ရှင်းထန်

ကျနော်တို့ အထင် အခုချိန်ခါမှာ ဘာအလိုအပ်ဆုံးလဲဆိုတော့ ကျနော် ကလေးမြို့ မှာ ကြေညာတဲ့အတိုင်း ဒုတိယပင်လုံ ညီလာခံလိုနေတယ်… အခု အခြေခံဥပဒေ ဆွဲထားတယ် ပြောတယ်၊ ဒါတွေ ကျနော်တို့ လက်မခံဘူး… အခု ရွေးကောက်ပွဲ လုပ်တယ်၊ ဒါကို ကျနော်တို့ လက်မခံနိုင်ဘူး…
http://www.mizzimaburmese.com/

1 comment:

Anonymous said...

ဟုတ်တယ် ကေအဲန်ယူ ခေါင်းဆောင်ပြောဒါထောက်ခံတယ်။ ဒီနိုင်ငံက ယဉ်ကျေးမှုရှိတဲ့နိုင်ငံမဟုတ်ဘူး.. ခွေးတွေ က ခေတ်အဆက်ဆက် အုပ်ချူပ်လာခဲ့ဒါ။ ဒီတော့ ဒီခွေးတွေကို တုတ်နဲ့ မရိုက်လို့ ပါးစပ်နဲ့ သွားပြောရင် အကိုက်ခံရမှာပဲ။ ဒီတော့ လက်နက်ကိုင်တိုက်ပွဲကို မြင့်တင်ကြ ရဲဘော်တို့ ...

မိုးမခ

Post a Comment