ondragstart="return false" onselectstart="return false"

Saturday, November 13, 2010

SSA တောင်ပိုင်း နှင့်တိုက်ပွဲ စစ်အစိုးရတပ်မှ ဗိုလ်မှူးကြီးအဆင့်အပါအ၀င် စစ်သည် ၄ ဦး ကျဆုံး

သတင်းနှင့်မီဒီယာကွန်ယက်။ အားမီ။
နိုဝင်ဘာလ ၁၂ ရက်၊ ၂၀၁၀ ခုနှစ်။

ရှမ်းပြည်တပ်မတော်တောင်ပိုင်း (SSA-S) နှင့် စစ်အစိုးရတိုက်ပွဲတွင် စစ်အစိုးရဖက်မှ ဗိုလ်မှူးကြီးအဆင့်အပါအ ၀င် စစ်သည်လေးဦးကျဆုံးဟု SSA ကပြောသည်။

ရှမ်းပြည်တောင်ပိုင်း လင်းခေးမိုးနဲကားလမ်းပေါ်တွင် စစ်အစိုးရအမြောက်တပ်ရင်း ၃၆၁ မှ စစ်ကားတစ်စီးအား တောင်ပိုင်း SSA တပ်ဖွဲ့မှ ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု SSA ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်က ယခုလိုပြော သည်။

“အဲ့ဒီကားပေါ်မှာပါလာတဲ့ နအဖ စစ်သားလေးယောက်ပွဲချင်းပြီးပဲ။ အဲ့ဒီကားလမ်းပေါ်မှာပဲ။ အဲ့ဒီလေး ယောက်ကို ကျနော်တို့သွားကြည့်တော့ စစ်ဗိုလ်မှူးကြီးအဆင့် ပုဂ္ဂိုလ်တစ်ယောက် တွေ့တယ်။ တပ်ြ ကပ်အဆင့်တယောက်တွေ့တယ်။နောက်ပြီးတော့ ဘာတံဆိပ်မှမတပ်ထားတဲ့ ရိုးရိုးစစ်သားနှစ်ယောက် ပေါ့ စုစုပေါင်းလေးယောက်ပေါ့။ ကျနော်တို့ဖက်က G-3 သေနတ် တစ်လက်ရယ်၊ ကာပင်းတစ်လက် ရယ်၊ နိုင်းမမ ပစ္စတိုတစ်လက်ရယ်၊ ဝေါ်ကီတော်ကီ စကားပြောစက်တလုံးရယ် ကျနော်တို့ရရှိပါတယ်။”

ယမန်နေ့မွန်းတည့် (၁၂)နာရီအချိန်ခန့်က ခြုံခိုတိုက်ခိုက်ခဲ့သည့်အတွက် တောင်ပိုင်း SSA ဖက်မှ ထိခိုက်ကျဆုံး မှုမရှိဟု သိရသည်။

တချိန်တည်းတွင် ယမန်နေ့ ညနေပိုင်းက စစ်အစိုးရ၏ ဌာနေပြည်သူ့စစ်နှင့် နယ်ခြား စောင့်တပ်ဖွဲ့စည်းရေးကို လက်မခံငြင်းဆန်ထားသည့် သျှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) တပ်မဟာ (၁) လက်အောက်ခံ တပ် ရင်းအမှတ် (၂၄) အား စစ်အစိုးရ၏ တပ်မ ၃၃ လက်အောက်ခံ အင်အား ၆၀ ခန့်က ၀င်ရောက်တိုက်ခိုက် ခဲ့သည်။

စစ်အစိုးရသည် ရွေးကောက်ပွဲမကျင်းပမီအချိန်ကတည်းက တပ်မဟာ(၁) ထိန်းချုပ် နယ်မြေ တ၀ိုက်တွင် စစ် အင်အားများ ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ယခုရွေးကောက်ပွဲပြီးစ၌ စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်မှူး လောဝ်ဆိုင်က ပြောသည်။

ယင်းသို့တိုက်ခိုက်လာသည့်အပေါ် လိုအပ်ပါက ၎င်းတို့အနေနှင့် မြောက်ပိုင်း SSA တပ်ဖွဲ့အား ကူညီတိုက်ခိုက် ပေးရန်ရှိသည်ဟု ဆက်ပြောသည်။

“ကျေးသီးဖက်မှာ ဆိုရင် ကျနော်တို့ တပ်အင်အားတွေရှိပါတယ်။ ကျနော်တို့ တပ်ဖြန့်ထားတာ တွေရှိ ပါတယ်။ လိုအပ်တယ်ဆိုရင်တော့ ကျနော်တို့လည်း အဆင်သင့်အနေအထား ဖြစ်နေပါပြီ။ ကူညီဖို့ တော့ အဆင်သင့်ပါပဲ။ ကျနော်တို့နဲ့အဆက်အသွယ်အမြဲရှိတယ်။ ပန်ဆန်းဖက်မှာ ဆိုရင်လည်း UWSA နဲ့လည်း အဆက်အသွယ်မပြတ်ဘူးလေ။ လူကြီးပိုင်းရော၊ အောက်ခြေ ပိုင်းရောပေါ့။ အားလုံးအဆင် သင့်ပါပဲ။”

စစ်အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား ယခုလအတွင်းဖြစ်ပွား နေသည့် တိုက်ပွဲများအပေါ် တရုတ်ပြည်နယ်စပ်မှ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော က ယခုလိုသုံးသပ်ပြောဆိုသည်။

“လောလောဆယ်တော့ ဒီလိုတိုက်ပွဲငယ်တွေက ဆက်ဖြစ်နေမှာပဲ။ မြန်မာအစိုးရ အနေနဲ့ကလည်း ရွေး ကောက်ပွဲကိစ္စက ယတိမပြတ်ဖြစ်နေသေးတယ်ဆိုတဲ့အောက်မှာ ကျနော်တို့ အဓိကကျတဲ့ UWSA တို့၊ ကေအိုင်အေ တို့ကတော့ သူခိုက်ကိုယ်ခိုက်လုပ်ဖို့က သိပ်မလွယ် လှဘူး။ ဒီလိုပြောက်ကျား ပြောက် ကျားဖြစ်နေတဲ့ SSA မြောက်ပိုင်းတို့၊ တောင်ပိုင်းတို့၊ ကရင်ပြည်ဖက်က လက်နက်ကိုင်အဖွဲ့တွေနဲ့ ကတော့ အခုလိုဆက်ဖြစ်နေအုံးမှာပဲ။ ဗမာ အစိုးရကတော့ လောလောဆယ်သိပ် မဖြစ်ချင်ဘူး နဲ့တူတယ်။ ဘာလို့လဲဆိုတော့ မြဝတီကိစ္စ ဆိုရင် ဗိုလ်နှုတ်ခမ်းမွှေးလို့မှမပြောတာ။ သူနဲ့အမြဲဖြစ်နေတဲ့ KNU လို့ပဲပြောတာကိုး။ အစိုးရ သစ်မတက်မချင်းတော့ ဆက်ဖြစ်နေအုံးမှာပဲလေ။ တိုက်ပွဲအငယ်တွေ ကတော့ ဖြစ်နေအုံးမှာ ပဲလေ။”

ရွေးကောက်ပွဲလွန်ကာလ၌ စစ်အစိုးရအနေနှင့် ထိုးစစ်ဆင်တိုက်ခိုက်လာပါက စုပေါင်း ကာကွယ်သွားနိုင်ရန် စစ် ရေး၊ နိုင်ငံရေးမဟာမိတ်အဖွဲ့ကို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့(၆)ဖွဲ့ဖြင့် ယခုလ(၄)ရက်နေ့က ဖွဲ့စည်း ခဲ့သည့်အနက် SSA မြောက်ပိုင်း တပ်ဖွဲ့လည်း ပါဝင်ခဲ့သည်။
http://www.nmg-news.com/nmg/news121110a.html

No comments:

Post a Comment