ondragstart="return false" onselectstart="return false"

Monday, November 15, 2010

ဒေါ်အောင်ဆန်းစုကြည်၏ လှုံခြုံရေး စိုးရိမ်အမှတ်ရောက်နေ

အန်တီစု လွတ်လာလို့ သိပ်ပျော်မနေကြနဲ့ အုံး။ သူ့ အတွက် အသက်အန္တရယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်။ စာကလေး ဗေဒင် ဟောနေဒါ မဟုတ်ဘူးနော်…

ဗမာနိုင်ငံရေးလောကမှာ မဟာဝါဒီ အုပ်စုတွေ ရှိတယ်။ အဲဒီအုပ်စုတွေက နိုင်ငံရေးမှာရော စစ်တပ်ထဲမှာပါ တောက်လျှောက် ချယ်လှယ်လာခဲ့တယ်။ ဖယ်ဒရယ် ဆိုတဲ့ စကားလုံးကို သူတို့ အသေကြောက်တယ်။ တိုင်းပြည်ပြိုကွဲမယ် ဆိုတဲ့ အကြောင်းပြချက်နဲ့  ဦးနုက ဗိုလ်နေ၀င်းကို အာဏာထိုးပေးခဲ့ဒါ ပြန်သတိရကြပါ။ ယခုနောက်ပိုင်းမှာ ဖယ်ဒရယ်မူ က အသက်ပြန်ဝင်လာတယ်။ NLD ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းတင်လည်း လူသိရှင်ကြားထောက်ခံထားတယ်။ အန်တီစု လည်းလွတ်လာတယ်။ နအဖ က စစ်အာရှင်သက်ဆိုးရှည်စေမယ့် 2008 ဥပဒေကို လုံးဝ အထိခံမှာမဟုတ်ဘူး။ ဒီတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့  ဦးဝင်းတင်တို့ လို တိုင်းရင်းသားတွေနဲ့  အပေးအယူ ရှိနိုင်မည့် ဘယ်ဗမာခေါင်းဆောင်မျိုးမဆို ဒီမဟာဝါဒီ စစ်အုပ်စုက လိုလားမှာမဟုတ်ပါ။

ဒီဗမာပြည်ကြီးမှာ အကယ်၍ ဗမာလူမျိုးတစ်မျိုးတည်းသာနေထိုင်ခဲ့မယ်ဆိုရင် ဒီမိုကရေစီတိုက်ပွဲကြီးက ယနေ့  အထိနှစ်၂၀ တောင် အချိန်တွေကြာပြီး လိပ်ခဲတင်းလင်း ဖြစ်နေမှာမဟုတ်ဘူး။ ဒီမိုကရေစီမြတ်နိုးသူတွေကို အာဏာမလွဲပေးနိုင်တာက မဟာဝါဒီအုပ်စုတွေက တိုင်းရင်းသားတွေ အခွင့်အရေးရလာမှာ အသေအလဲကြောက်လို့ ဖြစ်တယ်။ တာကြောင့်မို့ နိုင်ငံတော်မပြိုကွဲရေး၊ အချုပ်အခြာတည်တံခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဆိုပြီး ဒီလူတွေ စွတ် အော်နေတာ သိကြတဲ့အတိုင်းပဲ။

ဒီလူတွေက ဗမာအချင်းချင်းဆိုပြီး ညာမဲ့လူတွေမဟုတ်ဘူး။ ဗမာပြည်ကြီးကို နှစ်ရှည်လများဖျက်ဆီးလာတာ ဒီမဟာဝါဒီအုပ်စုတွေဖြစ်တယ်။

ဒီတော့ အန်တီစု ရဲ့လှုံခြုံရေးက သိပ်အရေးကြီးတယ်။ အားလုံးဂရုစိုက်ကြပါလို့  အထူးပြောကြား သတိပေး လိုပါသည်။

ဗမာ့တပ်မတော်အတွင်းရေး - ဒေါ်စုလူမြင်ကွင်းမှရှင်းထုတ်ရေး - 14 Nov 2010

2010_November_14_ThanShwe_order_KhinYee_and_TheinSein_to_combine_to_take_out_Daw_Aung_San_Suu_Kyi

Type the rest of your post here.

3 comments:

Anonymous said...

လုံခြုံရေးကို အထူးသတိထားစေချင်တယ်၊ အရမ်း စိတ်ပူမိပါတယ်၊ http://www.rfa.org/burmese/news/junta_backed_thugs_instigate_among_suu_kyi_crowd-11152010103359.html

Anonymous said...

ဘာတဲ့...ဒါလားကွ..လှို့ဝှက်စာ !!!ဒီစာကိုရေးတဲ့လူရဲ့ ညံ့ဖျင်း သေးသိမ်မှု့က ဗဟုသုတ မကြွယ်ဝမှု လိုအပ်တာကို ကိုယ်ထင်ရာဆွဲတွေးမှု နဲ့ မီဒီယာပိုင်းအရ ၀ါဒ ဖြန့်ဖို့လောက်ကိုဘဲဦးစားပေးထားမှုတို့ဘဲဖြစ်တယ်... သင်သာ ခေတ်ပညာတတ်လူတစ်ယောက်ဖြစ်ခဲ့ပါက ဒီစာကို သင်ဘယ်လိုသုံးသပ်ပြီး ဘယ်လို ယုံကြည်သင့်ပါသလဲ... အားလုံးဘဲ သုံးသပ်ပြီးမှ ယုံကြည်ကြပါလို့ .... ဘေးထိုင်ဘုပြော ငါပြောတာမှ ဟုတ်သဟ..ဆိုတဲ့လူတွေတော့မပါဘူးပေါ့ဗျာ...

Anonymous said...

အရင် လှို့ ဝှက်စာတွေမှာ တပ်မတော်သားတွေ ဒေါ်စုကို ကြိုဆို ဆိုပြီးပါတယ်။ မကြာပါဘူး ဘီဘီစီ သတင်းက တောင် ဒီသတင်းကို အတည်ပြုလိုက်ပြီး ခင်ဗျားတို့ ပါပြောချင်သေးလည်း?
တပ်သားတွေ ဒေါ်စုကို ကြိုဆိုတဲ့..
http://www.bbc.co.uk/burmese/burma/2010/11/101117_suukyi_army.shtml

Post a Comment