ondragstart="return false" onselectstart="return false"

Wednesday, September 7, 2011

တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​များ​ မရိုး​သား​ဟု ပြန်ကြား​ရေး​ဝန်ကြီး​ ထပ်မံ​ပြောကြား

Published on September 6, 2011 by အံ့ဘုန်းမြတ် · No Comments

အစိုး​ရနဲ့​ ပဋိပက္ခဖြစ်​နေတဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင် အဖွဲ့​အစည်း​တွေဟာ အမျိုး​မျိုး​ ​တောင်း​ဆိုပြီး​ မရိုး​မသား​အခွင့်​အ​ရေး​ယူတယ်လို့​ အစိုး​ရ​ပြောခွင့်​ရပုဂ္ဂိုလ် ပြန်ကြား​ရေး​ ဝန်ကြီး​က ပြည်သူ့​လွှတ်​တော်မှာ ထပ်ပြီး​ပြောလိုက်ပါတယ်။

ငြိမ်း​ချမ်း​ရေး​ကော်မရှင်ဖွဲ့​စည်း​ရေး​၊​ အစိုး​နဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​အ စည်း​တွေ ​ဆွေး​နွေး​မှုအ​ခြေအ​နေတို့​နဲ့​ ပတ်သက်ပြီး​ ရှမ်း​တိုင်း​ရင်း​သား​များ​ဒီမိုကရက်တစ် ပါတီ ရှမ်း​ပြည်နယ် ကွန်ဟိန်း​မဲဆန္ဒနယ်က ကိုယ်စား​လှယ် ​ဒေါ်နန်း​ဝါနုက ​မေး​မြန်း​ရာမှာ ပြန်ကြား​ရေး​ဝန်ကြီး​ ဦး​ကျော်ဆန်း​က အဲဒီလို ​ပြောသွား​တာပါ။

ဒီ​ပြောဆိုချက်မျိုး​ကို ဦး​ကျော်ဆန်း​ဟာ ပြီး​ခဲ့​တဲ့​ ၁/၂၀၁၁ သတင်း​စာရှင်း​လင်း​ပွဲ တုန်း​ကလည်း​ ​ပြောကြား​သွား​ဖူး​ပါတယ်။

“အစိုး​ရက​နေ အပစ်အခတ် ရပ်စဲခဲ့​တာကို အခွင့်​ကောင်း​ယူပြီး​တော့​ ​တောတွင်း​ လက်နက်ကိုင် အဖွဲ့​အစည်း​တွေက စစ်​ရေး​လှုပ်ရှား​မှု​တွေ၊​ လူသစ်စု​ဆောင်း​မှု​တွေ ရှိပါ တယ်။ အစကတည်း​က မရိုး​မသား​ အခွင့်​အ​ရေး​တွေ ယူခဲ့​တာ​ကြောင့်​ ​ဆွေး​နွေး​ပွဲ​တွေက မ​ပြေမလည်ဖြစ်ခဲ့​ရတယ်” လို့​ ဦး​ကျော်ဆန်း​က ​ပြောသွား​ကြောင်း​ အစည်း​အ​ဝေး​တက်တဲ့​ ​မြေပုံမြို့​နယ်ကိုယ်စား​လှယ် ဦး​ဖေသန်း​က ​ပြောပြပါတယ်။

“ငြိမ်း​ချမ်း​ရေး​ဆိုတာ တဖက်တည်း​ ​ဆောင်ရွက်လို့​မရဘူး​။ နှစ်ဖက်လုံး​ ပူး​ပေါင်း​ ​ဆောင်ရွက်မှ ရမယ်။ ​ကေအိုင်​အေ၊​ ​ကေအိုင်အိုအ​နေနဲ့​ အတတ်နိုင်ဆုံး​ လိုက်​လျော​ဆွေး​ ​နွေး​ခဲ့​သော်လည်း​ ​ကေအိုင်​အေ၊​ ​ကေအိုင်အိုအဖွဲ့​များ​အ​နေနဲ့​ ​တောင်း​ဆိုမှု​တွေ တခုပြီး​တခု လုပ်လာတာ​ကြောင့်​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​တာ အဆင်မ​ပြေဖြစ်ခဲ့​တယ်” လို့​ ​ပြောသွား​ တယ်လို့​ ဆိုပါတယ်။

ငြိမ်း​ချမ်း​ရေး​အတွက် ​ကော်မရှင်​တွေဖွဲ့​စည်း​စေလွှတ်ပြီး​ ပထမအဆင့်​ ယာယီ အပစ်အခတ် ရပ်စဲ​ရေး​နဲ့​ ဒုတိယအဆင့်​ လုံး​ဝငြိမ်း​ချမ်း​ရေး​ကို ​ဖော်​ဆောင်သွား​မယ်လို့​ လည်း​ ဦး​ကျော်ဆန်း​က ​ပြောကြား​သွား​တယ်လို့​ ဆိုပါတယ်။

လက်နက်ကိုင်အဖွဲ့​အစည်း​တွေ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ စကား​ဝိုင်း​ကို ​ရောက်လာ ​အောင် ​ဆောင်ရွက်ကြဖို့​လည်း​ လွှတ်​တော်ကိုယ်စား​လှယ်​တွေကို ဝန်ကြီး​က တိုက်တွန်း​ တယ်လို့​ ဦး​ဖေသန်း​က ​ပြောပြပါတယ်။

“​နောက်ကွယ်က ကြိုး​ကိုင်မှုကင်း​တဲ့​ ရိုး​သား​တဲ့​ စိတ်​ကောင်း​စေတနာ​ကောင်း​တွေ အ​ခြေခံပြီး​တော့​ ​ဆွေး​နွေး​ပွဲများ​ဖြစ်​ပေါ်​အောင် တိုက်တွန်း​ပြောဆို​ပေး​ကြပါလို့​ ​ပြောပါ တယ်။ အ​ခြေခံဥပ​ဒေနဲ့​ ဒို့​တာဝန်အ​ရေး​သုံး​ပါး​ကို မထိခိုက်​စေဘဲ ငြိမ်း​ချမ်း​ရေး​ ​ဆွေး​နွေး​ပွဲ များ​ကို ဆက်လုပ်သွား​မှာဖြစ်တယ်လို့​ ​ပြောသွား​ပါတယ်။”

ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​မှုမှာ ဒို့​တာဝန်အ​ရေး​သုံး​ပါကို အ​ခြေခံဖို့​ အဆိုကို ဒီ​နေ့​ လွှတ်​တော်မှာ အတည်ပြုထား​တယ်။

ငြိမ်း​ချမ်း​ရေး​ကော်မရှင်မှာ ​ဒေါ်​အောင်ဆန်း​စုကြည်လို လူထု​ခေါင်း​ဆောင်တဦး​ ပါဝင်ဖို့​ တိုင်း​ရင်း​သား​လွှတ်​တော် ကိုယ်စား​လှယ်တချို့​က ​ဆွေး​နွေး​ထား​တာကို​တော့​ လက်ခံမထား​ပါဘူး​။

အစိုး​ရစစ်တပ်ဟာ ကချင်၊​ ကရင်၊​ ရှမ်း​ စတဲ့​ တိုင်း​ရင်း​သား​လက်နက်ကိုင်အဖွဲ့​အ စည်း​တွေနဲ့​ တိုက်ပွဲ​တွေဖြစ်​နေပါတယ်။
http://burmese.dvb.no/archives/15201

No comments:

Post a Comment