ondragstart="return false" onselectstart="return false"

Friday, September 23, 2011

မွန်ပြည်သစ်နှင့် ဆွေးနွေးရန် ပြည်နယ်အစိုးရ ပြင်ဆင်

ကွန်းချမ်း

ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာအစိုးရကို လက်နက်ကိုင် တော်လှန်နေသော မွန်ပြည်သစ်ပါတီနှင့် ငြိမ်းချမ်းရေး
ဆွေးနွေးရန် အစိုးရမှ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တဖွဲ့ကို ဖွဲ့စည်းနေရာ မွန်ပြည်သစ် ပါတီခေါင်းဆောင်ဟောင်း များလည်း ပါဝင်လာသည်ဟု မွန်ပြည်နယ်အစိုးရနှင့် နီးစပ်သော သတင်းရပ်ကွက်များက ပြောသည်။

မွန်ပြည်နယ် အစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး နိုင်လဝီအောင် (ခေါ်) နိုင်မြင့်ဆွေ ဦးဆောင်ပြီး အခြား
သော မွန်ပြည်သစ် ခေါင်းဆောင်ဟောင်း နှစ်ဦး၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ထိပ်ပိုင်း
ခေါင်းဆောင်တဦးနှင့် သြဇာတိက္ကမ ရှိသည့် ဆရာတော်တပါး ပါဝင်ကြောင်း ကိုယ်စားလှယ်များနှင့် သွားရောက်
ညှိနှိုင်းရာတွင် ပါဝင်သူတဦးက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော ယခင် စစ်အစိုးရ လက်ထက် အပစ်ခတ်ရပ်စဲမှု သဘောတူညီချက် စတင် ရရှိခဲ့သည့် ၁၉၉၅ ခုနှစ်နှင့် အပစ်ရပ်ပျက်သွားခဲ့သော ၂ဝ၁ဝ ခုနှစ်အတွင်း မွန်ပြည်သစ် ပါတီခေါင်းဆောင် ၂၀ ခန့် အနားယူသွားခဲ့ကြသည်။ ထိုသူများအနက် နိုင်လဝီအောင်မှာ ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရက ၂၀၁၁ ခုနှစ်တွင် ပြည်နယ်အစိုးရ ပြောင်းလဲ ဖွဲ့စည်းရာတွင် ပါလာခဲ့သည်။

သီးခြား အတည်မပြုနိုင်သော်လည်း ပြည်နယ် အစိုးရဘက် ကိုယ်စားလှယ်အဖွဲ့တွင် မွန်ပြည်သစ် ပါတီ
ခေါင်းဆောင်ဟောင်း ဖြစ်သူ နိုင်တင်အောင်ကိုလည်း ရွေးချယ်ထားသည်ဟု ဆိုသည်။ ကိုယ်စားလှယ် အဖွဲ့ဝင်များကို နေပြည်တော်မှ အတည်ပြုပေးရန် လိုအပ်သည်။

“အခု လောလောဆယ် တရားဝင် မကြေညာရသေးဘူး ဆိုတော့ ပြောလို့ မရသေးဘူးပေါ့နော်။ နေပြည်တော်က အတည်ပြုပေးဖို့ ကျန်ပါသေးတယ်” ဟု နိုင်တင်အောင်က ပြောသည်။

“အခြေအနေကို ကြည့်ရတာ ကောင်းတဲ့ လက္ခဏာ ရှိတယ်။ ဒီဆွေးနွေးပွဲကနေ တဆင့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲ
ပေါ်လာနိုင်တယ်” ဟု ဆိုကာ ဗဟိုအစိုးရ၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော ဒီမိုကရေစီလိုလားသည့် အတိုက်အခံ အင်အားစုနှင့် တိုင်းရင်းသားအဖွဲ့များ၏ ဆွေးနွေးမှု ပေါ်ပေါက်လာနိုင်သည်ဟုပင် သူက ညွှန်းဆို
ပြောသည်။

နိုင်တင်အောင်သည် ၁၉၅၈ ခုနှစ်က ဦးနု အစိုးရထံ လက်နက်အပ်ခဲ့သည့် မွန်ပြည်သူ့တပ်ဦး ဥက္ကဋ္ဌ နိုင်အောင်ထွန်း
၏ သားဖြစ်သည်။ ၁၉၈ဝ နှောင်းပိုင်းတွင် နှစ်ခြမ်းကွဲသွားသော မွန်ပြည်သစ်ပါတီကို ပြည်လည် ပေါင်းစည်းရန် စွမ်းဆောင်ရာတွင် ပါဝင်ခဲ့သူတဦး ဖြစ်သည်။ ယခင်စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲပြီးနောက် ၂ဝဝဝ ပြည့်နှစ်
တွင် ပါတီမှ အနားယူခဲ့သည်။

သြဂုတ်လ ၁၈ ရက် နေ့စွဲဖြင့် အစိုးရက “ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခြင်း” ကြေညာချက်ကို ထုတ်ပြန်ခဲ့ပြီး “ငြိမ်းချမ်းရေး ဆွေးနွေးလိုသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသည် ပဏာမအဆင့် အနေဖြင့် တဖွဲ့ချင်းအလိုက် သက်ဆိုင်ရာ ပြည်နယ် အစိုးရအဖွဲ့နှင့် ဆက်သွယ် ဆောင်ရွက်ရန်” ဖေါ်ပြ ပါရှိသည်။

မြန်မာနိုင်ငံတောင်ပိုင်း မွန်ပြည်နယ် ရေးချောင်းဖျားတွင် အခြေစိုက်သော အင်အားသုံးထောင်ရှိ မွန်ပြည်သစ်ပါတီ
ကို အစိုးရမှ ငြိမ်းချမ်းရေး ဆွေးနွေးရန် မကမ်းလှမ်းရသေးကြောင်း၊ ကမ်းလှမ်းလာပါကလည်း ကြိုဆိုကြောင်း
ပြောသည်။

“တကယ်လို့ ဒီလိုကမ်းလှမ်းတာကို ကျနော်တို့ လက်မခံဘူးဆိုရင် ငြိမ်းချမ်းရေးကိစ္စ လမ်းပိတ်သွားနိုင်တယ်။ အစိုးရသစ် တက်စမှာ ဒီလို လုပ်လေ့လုပ်ထ ရှိတယ်။ အားလုံးကိုလည်း ယုံလို့ မရသေးဘူး။ မကောင်းဘူးလို့ လည်း ပြောလို့ မရသေးဘူးပေါ့နော်။ စောင့်ကြည့်ဖို့ လိုသေးတယ်” ဟု ပါတီအထွေထွေ အတွင်းရေးမှူး နိုင်ဟံသာ
က ပြောသည်။

UNFC အနေနှင့် မိမိအဖွဲ့ဝင်များအား သက်ဆိုင်ရာ ပြည်နယ်အစိုးရနှင့် ငြိမ်းချမ်းရေးအတွက် ပဏာမ ဆွေးနွေးခြင်း
ကို ခွင့်ပြုထားကြောင်း၊ သို့သော်လည်း အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေးကို ဆွေးနွေးပါက တပ်ပေါင်းစု အနေနှင့်သာ ဆွေးနွေးရလိမ့်မည် ဖြစ်ကြောင်း UNFC အထွေထွေ အတွင်းရေးမှူး နိုင်ဟံသာက ပြောသည်။

ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် အပစ်ရပ်နှင့် အပစ်မရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ၁၂ ဖွဲ့က အခြေခံ ၆ ဖွဲ့နှင့် မဟာမိတ် ၆ ဖွဲ့အဖြစ် ဖွဲ့စည်းပြီး အစိုးရက စစ်ရေး၊ နိုင်ငံရေးအရ ဖိအားပေးလာလျှင် စုပေါင်း၍ ခုခံကာကွယ်နိုင်ရန်အတွက် UNFC ကို ဖွဲ့စည်းခဲ့သည်။

UNFC တွင် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO၊ မွန်ပြည်သစ်ပါတီ NMSP၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP
တို့သည် ယခင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့ကြသောအဖွဲ့များ ဖြစ်ပြီး နယ်ခြားစောင့်တပ် သို့မဟုတ်
ပြည်သူ့စစ် အသွင်ပြောင်းရန် ဖိအားပေးခံရပြီးနောက် အပစ်အခတ် ရပ်စဲရေး ပျက်ပြားခဲ့သည်။
http://www.mizzimaburmese.com/news/inside-burma/8375-2011-09-23-12-24-36.html

No comments:

Post a Comment