ondragstart="return false" onselectstart="return false"

Tuesday, September 20, 2011

အစိုး​ရတပ်ရိက္ခာယာဉ်တန်း​ သံဃာ​တော်များ​ပါ လိုက်ပါပို့​ဆောင်ရ

ဘုန်းကြီးတွေကိုပါ အကာအကွယ် လုပ်ကုန်ပြီ၊ နောက်ကြရင် တိုင်းရင်းသားတွေ ဘုန်းကြီးပါတဲ့ ကားကို ပစ်ပါတယ်ဆိုပြီး မြန်မာ့အလင်းတို့ ကြေးမုံ တို့ကနေ အော်တော့မယ်။

တိုက်ပွဲ​တွေဆက်တိုက်ဖြစ်​နေတဲ့​ ရှမ်း​ပြည်နယ် ​ကျေး​သီး​မြို့​နယ်ထဲမှာ အစိုး​ရစစ်တပ်ဟာ စစ်ယာဉ်တန်း​တွေ​ပေါ်မှာ ကိုရင်​တွေနဲ့​ အရပ်သား​တွေကို တင်​ဆောင်ပြီး​ အကာအကွယ်ယူ လှုပ်ရှား​နေတယ်လို့​ ခရီး​စဉ်မှာ​ခေါ်​ဆောင်ခံရတဲ့​ ​ဒေသခံရွာသား​တွေက ​ပြောပါတယ်။

စက်တင်ဘာ ၁၈ ရက်​နေ့​ မနက် ၁၀ နာရီ​လောက်က ရှမ်း​ပြည်နယ် မိုင်း​နောင်မြို့​နယ်က​နေ ​ကျေး​သီး​မြို့​နယ်ဘက်ကို အစိုး​ရတပ် ခလရ ၁၃၁ တပ်က စစ်တပ် ရိက္ခာ​တွေ ပို့​ဆောင်ရာ လွိုင်​စောင်​ဒေသမှာ ချူံခိုတိုက်ခံရပြီး​နောက် ဝမ်း​ဖိုင်း​ရွာ ရွာဦး​ကျောင်း​က ကိုရင်​တွေနဲ့​ ရွာသား​တွေကို ယာဉ်တန်း​နဲ့​ လိုက်ပါဖို့​ အတင်း​အကျပ်​ခေါ်​ဆောင်သွား​တာလို့​ ​ဒေသခံတ​ယောက်က ​ပြောပါတယ်။

ရှမ်း​စစ်သား​တွေ ချူံခိုတိုက်မှာကို စိုး​ရိမ်ပြီး​ ရွာသား​တွေကို ​ခေါ်သွား​တာဖြစ်​ကြောင်း​ တပ်ရင်း​မှူး​က​ပြောပြီး​ ပြန်လွှတ်​ပေး​ခဲ့​တယ်လို့​ ​ကျေး​သီး​ ​ဒေသခံတ​ယောက်က ​ပြောပါတယ်။

“အမျိုး​သမီး​ အမျိုး​သား​ စုစု​ပေါင်း​ ရွာသား​ ၃၅ ​ယောက်နဲ့​ ဝမ်ဖိုင်း​ကျောင်း​တိုက်က ကိုရင်​လေး​တွေပါ သွား​ပါတယ်။ သံဃာအပါး​ ၄၀ နီး​ပါး​ သီတင်း​သုံး​တဲ့​ ​ကျောင်း​တိုက်မှာ ​ကျောင်း​ထိုင်ဆရာ​တော်၊​ ကပ္ပိယ၊​ ဦး​ဇင်း​ ၇ ပါး​ပဲ ကျန်ခဲ့​ပြီး​ ဝမ်ဖိုင်း​ကျောင်း​တိုက်က ဟိုင်း​လပ်ကား​ကိုလည်း​ ​ချောဆွဲသွား​ပါတယ်။ ကား​မောင်း​သူမရှိလို့​ ဦး​ဇင်း​တပါး​က ​မောင်း​ပို့​ပေး​ခဲ့​ရပြီး​ ​ကျေး​သီး​က​နေ ၁၄ မိုင်​ဝေး​တဲ့​ ဝမ်ဖိုင်း​ကို လမ်း​လျှောက်တာ ၅ နာရီ ၆ နာရီခန့်​ ကြာတယ်။”

အစိုး​ရတပ်က အရပ်သား​နဲ့​ သံဃာ​တွေအ​ပေါ် ပြုမူခဲ့​မှုနဲ့​ ပတ်သက်လို့​ ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီ ​ပြောခွင့်​ရသူ ဗိုလ်မှူး​စိုင်း​လက ခုလို ​ဝေဖန်ပါတယ်။

“ကျ​နော်တို့​ အက်စ်အက်စ်​အေ (ရှမ်း​ပြည်တပ်မ​တော်) က​တော့​ ရွာသား​တွေကို ဓား​စာခံ​ခေါ်တာ၊​ သံဃာ​တော်​တွေကို အသုံး​ချတာကို​တော့​ လူ့​အခွင့်​အ​ရေး​ ချိုး​ဖောက်တဲ့​ လုပ်ရပ်လို့​ပဲ မြင်တယ်။ စစ်သား​ဆိုရင် စစ်သား​ပီသရမယ်။ ရွာသား​တွေ မဆိုင်တဲ့​သူ​တွေကို အကာအကွယ် လုပ်တာက​တော့​ သဘာဝမကျ၊​ လုပ်လည်း​ မလုပ်သင့်​ဘူး​၊​ ရွာသား​တွေ မပါရင် ​သေ​သေ​ကျေ​ကျေ တိုက်မှာပဲ။”

ဒီက​နေ့​ မနက် ရှစ်နာရီခန့်​ကလည်း​ ​ကျေး​သီး​က​နေ ခုနှစ်မိုင်ခန့်​အကွာမှာရှိတဲ့​ မိုင်း​ကောဝ်ရွာက ရွာသား​ ၂၀ ​လောက်ကိုလည်း​ အစိုး​ရစစ်​ကြောင်း​တခုက စစ်ယာဉ်တန်း​မှာ တင်​ဆောင်သွား​တယ်လို့​ သိရပါတယ်။

1 comment:

Anonymous said...

အဲဒါခွေးဇာတ်ခင်းတယ်လို့ပြောတာ ဟေ......

Post a Comment