ondragstart="return false" onselectstart="return false"

Tuesday, September 6, 2011

ဗမာ့တပ်မတော်မှ ကရင်ရွာထဲကို လက်နက်ကြီး အလုံး ၄၀ ပစ်ချ

၂၀၁၁ စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့် တွင် ဗမာ့တပ်မတော်မှ ခြေမြန်တပ်ရင်း ၅၄၃ သည် ကေအဲန်ယူ တပ်မဟာ ၆ ထိန်းချူပ်ရာဒေသ ကျောက်ကုန်းရွာ အနားတွင် KNLA တပ်ရင်း ၁၆ တပ်ခွဲ ၂ တပ်ဖွဲ့ ၏ ပျေက်ကျားပစ်ခြင်းခံရပါသည်။ ထိုသို့ တိုက်ပွဲဖြစ်ပြီးနောက် ဗမာစစ်တပ်များသည် ၄င်းရွာထဲသို့  လက်နက်ကြီး အလုံး ၄၀ ပစ်ချခဲ့ကြောင်း ကွယ်ကလူ ကရင်သတင်းစာမျက်နှာတွင် ဖေါ်ပြထားပါသည်။ http://www.kwekalu.net/update/bigguns.html

ထိုသို့ ရွာထဲသို့ လက်နက်ြကြီး ပစ်ချရာတွင် နွားထီးကြီး နှစ်ကောင် နှင့် နွားမ ၂ ကောင်သေထိမှန်သေသွားကြောင်း သတင်းတွင်ဖေါ်ပြထားပါသည်။ ဆက်လက်ပြီး ဗမာ့တပ်မတော်သားများသည် လက်နက်ကြီးပစ်ခတ်ပြီး ရွာထဲသို့ ဝင်လာကာ စောစိန်မြ ၄၃နှစ်၊ ဖူးကျော်လဲ ၆၃နှစ်တို၏အိမ်ကို သေနတ်ပစ်ဖေါက် ဖျက်ဆီးပါသည်။ ရွာသား စောအပေ နှင့်တွေ့ ရာတွင်လည်း အိပ်ကပ်ထဲ၌ရှိသော ထိုင်းဘတ်ငွေတစ်ထောင်ကိုလည်း ဗမာ့တပ်မတော်က လုယူသွားကြောင်းသတင်းတွင်ပါရှိပါသည်။ ဗမာစစ်တပ်မှ ရွာထဲသို့ လက်နက်ကြီး အလုံး၄၀ ပစ်ချသော်လည်း ကံကောင်းထောက်မှ၍ ဒီတခါရွာသားများတစ်ဦးတစ်ယောက်မှ မထိခိုက်ကြောင်းသတင်းထွင်ဖေါ်ပြထားပါသည်။


Type the rest of your post here.

No comments:

Post a Comment