ondragstart="return false" onselectstart="return false"

Saturday, September 24, 2011

ဦးသိန်းစိန်အစိုးရ = နအဖစစ်အုပ်စုရဲ့ ရုပ်သေး

ခုတလော ဦးသိန်းစိန် ရုပ်သေးအစိုးရသစ်နဲ့ ပတ်သက်ပြီး အကောင်း အမြင်နဲ့ သုံးသပ်ကြိုဆိုနေကြတာကို ဆူဆူညံညံ ကြားနေရတယ်။ ဒီလိုသုံးသပ်ပြောဆိုနေကြသူတွေထဲက အများစုဟာ လွှတ်တော်ကိုယ် စားလှယ် ဆိုသူတွေ၊ ၂၀၀၈ အခြေခံဥပဒေကို လက်ခံပြီး ၂၀၁၀ ရွေး ကောက်ပွဲမှာ ပါဝင်ခြင်းဖြင့် လွှတ်တော်တွင်းကနေ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးတွေကို လုပ်လို့ရလိမ့်မယ်လို့ မျှော်လင့်နေကြတဲ့ နိုင်ငံ ရေးသမားတွေပဲ ဖြစ်တယ်။

အဆိုပါပုဂ္ဂိုလ်များရဲ့ ဦးသိန်းစိန် ရုပ်သေးအစိုးရနဲ့ပတ်သက်လို့ အ ကောင်းမြင်ဘက်က ကြိုဆိုထောက်ပြတဲ့ အချက်အလက်အချို့က တော့ ဒေါ်အောင်ဆန်းစုကြည်ကို သမတဦးသိန်းစိန်က တွေ့ဆုံစကား ပြောတာ (NLD ခေါင်း ဆောင်အ ဖြစ် အသိအမှတ်ပြု တွေ့ဆုံခြင်းမ ဟုတ်)၊ ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် စီးပွားရေးဆိုင်ရာ အ လုပ်ရုံဆွေးနွေးပွဲမှာ တက်ရောက်လေ့လာတာ၊ ၀န်ကြီးတချို့နဲ့ တွေ့ဆုံ စကားပြောတာ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားကို ပြည်ဝင်ခွင့်ပေးပြီး အစိုးရတာဝန်ရှိပုဂ္ဂိုလ်တချို့ လက်ခံ တွေ့ဆုံတာ၊ မစ္စတာ ကင်တားနားကို ဒေါ်အောင်ဆန်းစုကြည် အပါအ ၀င် နိုင်ငံရေးအကျဉ်းသားအချို့နဲ့ တွေခွင့်ပြုတာ၊ အင်းစိန်ထောင် တွင်းရှိ နိုင်ငံရေးအ ကျဉ်းသားအချို့နဲ့ တွေ့ခွင့်ပြုတာ အပါအ၀င် ဒီအရင်က သမတရဲ့ လွှတ်တော်တွင်းမိန့်ခွန်းနဲ့ အကြောင်းအမျိုးမျိုး ကြောင့် နိုင်ငံတကာရောက်နေကြတဲ့ မြန်မာတွေ တိုင်းပြည်ကိုပြန်လာပြီး အစိုးရသစ်နဲ့ လက်တွဲ လုပ်ဆောင်ကြဖို့၊ ၂၀၀၈ အခြေခံဥပဒေကို လက်မခံနိုင်ကြ သေးတဲ့ နိုင်ငံရေးအင်အားစုများအနေနဲ့လဲ မတူတာတွေ ကိုဘေးဖယ်ပြီး တူ ညီတဲ့အချက်တွေပေါ်မှာ ဘုံလုပ်ငန်းအဖြစ် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့၊ လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ လူမျိုးစုအင်အားစုတွေနဲ့လဲ အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်သွားဖို့ ရှိကြောင်း စတဲ့ သမတ ဦးသိန်းစိန်ရဲ့ တိုင်းသိပြည်သိ၊ ကမ္ဘာသိထုတ်ဖော် ပြောကြားချက်တွေ အကြုံးဝင်ပါတယ်။

ဖော်ပြပါ ဦးသိန်းစိန်ရဲ့ မစားရ၀ခမန်းပြောဆိုချက်တွေ၊ လှုပ်ရှားမှုတွေဟာ အမှတ်ပေးရလောက်အောင် ဘယ်လောက် များ အာမခံချက်ရှိပြီး ခိုင်မာနေလို့လဲ။ အမှတ်ပေးနေကြတဲ့ ပုဂ္ဂိုလ်များပြောနေသလို ဦးသိန်းစိန်ရုပ်သေး အစိုးရဟာ တကယ်ပဲ တိုင်းပြည်ငြိမ်းချမ်းရေးရအောင်၊ အမျိုးသားပြန်လည်သွေးစည်းရေးရအောင် လုပ်ပေးနိုင်မလား၊ ဒါကို အ လေးအနက် ဆန်းစစ်ကြည့်သင့်တယ်လို့ ယူဆပါတယ်။

လက်ရှိ ဦးသိန်းစိန်အစိုးရဟာ ဘယ်လိုအစိုးရမျိုးလဲ။ တကယ်က ဦးသိန်းစိန်အစိုးရဟာ နအဖ ဗိုလ်သန်းရွှေ စစ်အစိုးရ ရဲ့ အဆက်ဖြစ်တယ်။

နအဖ စစ်အစိုးရဟာ စစ်အာဏာရှင်စနစ်ကို စစ်အစိုးရသဏ္ဌာန်နဲ့ ဆက်လက်ကျင့်သုံး ကာကွယ်ဖို့ မဖြစ်နိုင်တော့ဘူး လို့ ယူဆတဲ့အခါ စစ်အုပ်စုအကျိုးစီးပွားကို အကာအကွယ်ပြုတဲ့ ၂၀၀၈ အခြေခံဥပဒေကို အဓမ္မ အတည်ပြုပြီး ဘက်စုံ ညစ်ပတ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ စစ်ဗိုလ်လူထွက် ဦးသိန်းစိန် ရုပ်သေးအစိုးရကို စင်တင်ပေး လိုက်တာဖြစ်တယ်။ အပေါ်ယံသဏ္ဌာန်က အရပ်ဝတ်အစိုးရ အတွင်းအနှစ်သာရက စစ်အာဏာရှင်စနစ် ဆက်လက် ထိန်းသိမ်းရေးသာ ဖြစ် တယ်။

ဦးသိန်းစိန် ရုပ်သေးအစိုးရရဲ့ မဟာတာဝန်က စစ်အုပ်စုရဲ အရင်းခံအကျိုးစီးပွားမှန်သမျှကို အကြွင်းမဲ့ အကာအကွယ် ပေးထားတဲ့ ၂၀၀၈ အခြေခံဥပဒေအရ စစ်အုပ်စုအလိုကျ တိုင်းပြည်ကို ဖိနှိပ်အုပ်ချုပ်ဖို့ပဲ။

၂၀၀၈ အခြေခံဥပဒေက နအဖ စစ်အုပ်စု အကျိုးစီးပွားကို ဘယ်အထိ အာမခံထားသလဲဆိုရင် အတိတ်က စစ်အုပ်စု ၀င် ဗိုလ်ချုပ်တွေ ကျူးလွန်ခဲ့တဲ့ ပြစ်မှုကြီးငယ်မှန်သမျှကို လွတ်ငြိမ်းချမ်းသာခွင့်ပြုထားပြီး နောင်အနာဂတ်မှာလဲ အ မြင့်ဆုံးပြစ်မှုကြီး (နိုင်ငံတော်အာဏာကို သိမ်းယူခွင့်) ကိုတောင် အခြေခံဥပဒေနဲ့ အခိုင်အမာ ကျူးလွန်ခွင့် ပြုထား တယ်။

လက်ရှိ ဦးသိန်းစိန် ရုပ်သေးအစိုးရရဲ့ နောက်ကွယ်မှာလဲ အလက (အမျိုးသားကာကွယ်ရေး နဲ့လုံခြုံရေးကောင်စီ) ဆို တဲ့အဖွဲ့နဲ့ ကျားကန်ပေးထားတယ်။ အလက ရဲ့ ရည်ရွယ်ချက်က စစ်အုပ်စု အကျိုးစီးပွားကို အာမခံတဲ့ ၂၀၀၈ အခြေခံ ဥပဒေကို ရုပ်သေးအစိုးရက အကောင်အထည်ဖော်ရာမှာ နောက်ကွယ်ကနေ လိုသလို ကြိုးဆွဲရေးပဲ။ ဒီအချက်ကို ကြည့်ရင် ဗိုလ်သန်းရွေ နအဖ စစ်အုပ်စုဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် ဘယ်လောက်အထိ အ ကွက်စေ့အောင်ပြင်ထားသလဲဆိုတာ မြင်နိုင်တယ်။ ဒီနေရာမှာ ဗိုလ်နေ၀င်းထက်တောင်သာတယ်လို့ ပြောရမယ်။

နိုင်းယှဉ်ပြရရင် ဒီမိုကရေစီ အရပ်သားအစိုးရတရပ်မှာ ကာကွယ်ရေးဦးစီးချုပ်ဆိုတာ အစိုးရရဲ့ ကာကွယ်ရေး ၀န်ကြီးဌာနအောက်မှာ တာဝန်ယူရတဲ့ တပ်မတော်အကြီးအကဲ ၀န်ထမ်းတဦးသာဖြစ်တယ်။ ကာကွယ်ရေးဝန်ကြီးဟာ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အထက်မှာရှိပြီး လိုအပ်လာရင် ကာကွယ်ရေးဦးစီးချုပ်ကို အရေးယူအပြစ်ပေးတာ၊ တာဝန်က ချထားတာ၊ ထုတ်ပယ်ပစ်တာတွေ လုပ်နိုင်တယ်။ ကာကွယ်ရေးဦးစီးချုပ်ဟာ တပ်မတော်ရေးရာလုပ်ငန်းတွေကို ကာ ကွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်မူပေါ်လစီတွေ အရသာ လုပ်ပိုင်ခွင့်ရှိတယ်။ ကိုယ်ထင်ရာ ကိုယ်စိုင်းခွင့်မရှိဘူး။

လက်ရှိ ဦးသိန်းစိန် ရုပ်သေးအစိုးရမှာ နိုင်ငံတော်သမတနဲ့ ကာကွယ်ရေးဦးစီးချုပ် နှစ်ဦးအနက် ဘယ်သူက ပိုပြီး အာ ဏာရှိသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေတယ်။ ပုံမှန်အားဖြင့်ဆိုရင် သမတ(သို့)ကာကွယ်ရေးဝန်ကြီးရဲ့ အမိန့်ကို ကာကွယ်ရေးဦးစီးချုပ်က နာခံရမှာဖြစ်ပေမဲ့ ဦးသိန်းစိန်အစိုးရရဲ့အမိန့်ကို အစိုးရရဲ့လက်အောက်ခံ အဖွဲ့ အစည်းဖြစ်တဲ့ စစ်တပ်အကြီးအကဲ ကာကွယ်ရေးဦးစီးချုပ်ဟာ နာခံပါ့မလား၊ မနာခံတဲ့အပြင် အစိုးရကိုပြန်ပြီး အမိန့်ပေး အကြပ်ကိုင်တာတွေရော မဖြစ်နိုင်ဘူးလား၊ သံသယဖြစ်စရာတွေ အများကြီးရှိတယ်။

ဒီလိုမေးခွန်းထုတ်ရ၊ သံသယရှိရတဲ့အကြောင်းက ၂၀၀၈ အခြေခံဥပဒေက လိုအပ်လာရင် တပ်မတော် (ကာကွယ်ရေး ဦးစီးချုပ်)ကို နိုင်ငံတော်အာဏာ သိမ်းယူနိုင်တယ်ဆိုပြီး ခွင့်ပြုထားလို့ပဲ။ နအဖ စစ်အုပ်စုဟာ (စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်ဆိုတဲ့) စစ်သုံးစစ်ကို ကိုယ်ရောင်ဖျောက်နိုင်အောင် အရပ်သားအစိုးရကို အာဏာလွှဲပေးပြီးပြီလို့ အကြောင်းပြဖို့ အရပ်ဝတ် သမတ-၀န်ကြီး-လွှတ်တော်ကိုယ်စားလှယ်၊ လွှတ်တော်စတဲ့ အဆောင်အယောင်တွေကို ခင်းကျင်းထားပေမဲ့ နောက်ဆုံး အဆုံးအဖြတ်အာဏာဟာ ကာကွယ်ရေးဦးစီးချုပ် လက်ထဲမှာ ရှိနေတယ် ဆိုတာမြင် နေရလို့ပဲ။ လက်ရှိကာကွယ်ရေးဦးစီးချုပ်ကိုလဲ နအဖ နံပါတ် ၁ ဗိုလ်သန်းရွှေ ကိုယ်တိုင် စိတ်ကြိုက်ရွေးချယ် ခန့်ထားခဲ့ တာဖြစ်ပြီး လက်ရှိမှာလဲ “အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ”ကတဆင့် ကာကွယ်ရေးဦးစီးချုပ်ကို ကျားကန် ပေးထားတယ်ဆိုတာ တွေ့နေရလို့ပဲ။ ဒါကြောင့် ဦးသိန်းစိန် ရုပ်သေးအစိုးရဟာ ကာကွယ်ရေးဦးစီးချုပ်ကို အမိန့်ပေး ခွင့်မရှိဘဲ ကာကွယ်ရေးဦးစီးချုပ်ရဲ့အမိန့်ကို နာခံနေရတယ် (ဒါမှမဟုတ်) ကာကွယ်ရေးဦးစီးချုပ်ရဲ့မျက်နှာကိုကြည့်ပြီး လှုပ်ရှားနေရတယ်ဆိုရင် အဲဒါဟာ ဒီမိုကရေစီအရပ်သားအစိုးရ ဟန်ဆောင်ထားတဲ့ စစ်အာဏာရှင်ကိုယ်စားပြု ရုပ် သေးအစိုးရလို့ ပြောရမှာ ဖြစ်တယ်။

စစ်အစိုးရအဆက်ဆက်နဲ့ လူမျိုးစုံပြည်သူတွေအကြား နှစ်ရှည်လများဖြစ်ပွားနေတဲ့ ပဋိပက္ခဟာ ဘ၀အရရော အခြေခံ အကျိုးစီးပွားအရပါ လုံးဝဆန့်ကျင်ခြားနားနေတဲ့ ပဋိပက္ခဖြစ်တယ်။ စစ်အုပ်စုအကျိုးစီးပွားကို အကာအကွယ် ပေးထား တဲ့ ၂၀၀၈ အခြေခံဥပဒေ တည်ရှိနေသရွေ့ ပြည်သူတွေရဲ့ အခြေခံအကျိုးစီးပွားဖြစ်တဲ့ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ လူမျိုးတိုင်းတန်းတူသွေးစည်းရေး ဆိုတာတွေ အကောင်အထည်ပေါ်လာနိုင်စရာ လမ်းမမြင်ဘူး။

၂၀၀၈ အခြေခံဥပဒေကို အာမခံအကောင် အထည်ဖော်ရတဲ့၊ ဖော်ရမယ့် ဘယ်အစိုးရမျိုးမဆို ၂၀၀၈ အခြေခံ ဥပဒေ ကို မထိပါးတဲ့ အတိုင်းအတာအထိသာ အပေါ်ယံကျတဲ့ (လိမ်ညာမှိုင်းတိုက်ရာမှာ တစုံတရာအသုံးဝင်တဲ့) ပြုပြင် ပြောင်းလဲမှုမျိုးကိုပဲ လုပ်နိုင်မှာဖြစ်တယ်။ ဒီကိစ္စမှာ ဦးသိန်းစိန်ရုပ်သေးအစိုးရဟာ ချွင်းချက်မဟုတ်ဘူး။ ဦးသိန်းစိန် ဟာ ပုဂ္ဂိုလ်တဦးချင်းအရ ရိုးသားသူ စိတ်ကောင်းနှလုံးကောင်းရှိသူ ဖြစ်တယ်ဆိုရင်တောင်မှ ၂၀၀၈ အခြေခံဥပဒေကို စိတ်နဲ့တောင် ပြစ်မှားရဲဖို့ မလွယ်ဘူး။ တကယ်လို့ ဦးသိန်းစိန်ဟာ ၂၀၀၈ အခြေခံဥပဒေကို ထိပါးတာမျိုးလုပ်မိရင်လဲ သမတနန်းတော်ပေါ်က ခေါင်းနဲ့ဆင်းပြေးရဖို့ သေချာတယ်။

နောက်တချက်ထည့်တွက်ရမှာက စစ်အုပ်စုဝင်ဗိုလ်ချုပ်တွေဟာ သူတို့စစ်အုပ်စုအကျိုးစီးပွားနဲ့ ပတ်သက်လာရင် တဦး ချင်းဂုဏ်သိက္ခာ၊ တပ်မတော်ဂုဏ်သိက္ခာ ဆိုတာတွေကို ဘယ်တော့မှ ထည့်တွက်လေ့ မရှိဘူးဆိုတာဘဲ။ သူတို့ကိုယ် တိုင် ကျင်းပပေးခဲ့တဲ့ ၁၉၉၀ ပြည့်ရွေးကောက်ပွဲကို ငြင်းပယ်ခဲ့တာ၊ ရွေးကောက်ပွဲပြီးရင် အနိုင်ရပါတီကို အာဏာလွှဲ ပေးပြီး စစ်တန်းလျားပြန်မယ်ဆိုတဲ့ ဂတိကိုဖျက်ခဲ့တာ၊ လူထုကအသိအမှတ်ြပု ရွေးချယ်ခဲ့တဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ကိုသတ်ဖြတ်ဖို့ ကြိုးပမ်းတဲ့ ဒီပဲရင်းလူသတ်ပွဲကြီးကို ကျူးလွန်ခဲ့တာ စတာတွေဟာ ဘာ ကိုပြနေလဲ။ စစ်အုပ်စုဝင်ဗိုလ်ချုပ်တွေဟာ သူတို့အကျိုးစီးပွားအတွက်ဆိုရင် ဘယ်လောက်သိက္ခာမဲ့တဲ့ အလုပ်မျိုးကို မဆို လုပ်ဖို့ဝန်မလေးဘူး ဆိုတာကိုပြနေတာဘဲ။

လက်ရှိ ဦးသိန်းစိန်ရုပ်သေးအစိုးရဟာလဲ ၂၀၀၈ အခြေခံဥပဒေကိုမထိပါးရင် စစ်အုပ်စုအတွက် အကျိုးရှိမယ်ဆိုရင် ဘာမဆိုလုပ်မှာသာဖြစ်တယ်။ လိမ်ညာမှိုင်းတိုက်တဲ့နည်း၊ အင်အားသုံး အကြမ်းဖက်တဲ့နည်း၊ ဒီနှစ်နည်းကို အဆင်ပြေ သလို အသုံးချမှာပဲ။

ဒီကနေ့ သမတဦးသိန်းစိန် ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောတယ်ဆိုတာဟာ ဘာအာမခံချက်မှ အခိုင်အမာရှိတာ မဟုတ်ဘူး။ ပြည်တွင်းပြည်သူတွေနဲ့ နိုင်ငံတကာကို နိုင်ငံရေးအရ လိမ်ညာမှိုင်းတိုက်ဖို့ လိုအပ်လာရင် ဒီထက်မက အ ပြုသဘောလို့ထင်ရတဲ့ “အမျိုးသားပြန်လည်ရင်ကြားစေ့ရေး” တွေ့ဆုံဆွေးနွေးပွဲ၊ ပြည်တွင်း စစ်ရပ်စဲရေး “ပြည်တွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ” ဆိုတာတွေကိုလဲ လုပ်လာနိုင်သေးတာဘဲ။ ဒီနည်းနဲ့ နိုင်ငံတကာက အကောင်းမြင်လာ အောင် ဒီမိုကရေစီအင်အားစုတွေအတွင်း သွေးကွဲအောင် လုပ်လာနိုင်သေးတာဘဲ။ ဒီလို နိုင်ငံရေးအရ လိမ်ညာမှိုင်း တိုက်မှုတွေ မလိုအပ်တော့ဘူးလို့ ယူဆလာတဲ့အခါ၊ ဒါမှမဟုတ် ဒီလိုနိုင်ငံရေးကစားကွက်တွေက ကိုယ့်ရှူးကိုယ်ပတ် ဖြစ်ပြီး သူ့အတွက် အန္တရာယ်တောင်ရှိလာပြီလို့ ယူဆလာတဲ့အခါ အဲဒီဟန်ပြဆွေးနွေးပွဲတွေကို တဖတ်သတ်ဖျက်ပစ် မှာပဲ။ အတိုက်အခံတွေကိုအပြစ်ဖို့ပြီး ဖမ်းဆီးထောင်ချတာ၊ လူမျိုးစုလက်နက်ကိုင်တော်လှန် ရေးနယ်မြေတွေမှာ စစ် ဆင်ရေးတွေ တဆင့်တိုးလုပ်တာတွေ လုပ်လာမှာဘဲ။ ၁၉၆၃ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်လာတာနဲ့ ပျက်သွားတာမျိုး တွေဟာ သာဓကတွေပဲ။

အတိုက်အခံနဲ့အစိုးရ တွေ့ဆုံစကားပြောတယ်ဆိုတာ မတူတဲ့ရပ်တည်ချက် အကျိုးစီးပွားတွေနဲ့ တွေ့ဆုံစကားပြော တာဖြစ်တယ်။ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် စကားပြောတယ်ဆိုတာလဲ ဒီလိုပဲဖြစ်ရမှာပဲ။ ဦးသိန်းစိန်က၂၀၀၈ အခြေခံဥပဒေ (စစ်အုပ်စုအကျိုးစီးပွား) အခြေခံပေါ်က ရပ်တည်ပြောမှာပဲ။ အပေါ်ယံအရ အမျိုးသားပြန်လည်သင့် မြတ်ရေးလို့ ဘယ်လိုပဲအော်အော်၊ ၂၀၀၈ အခြေခံဥပဒေဟာ အမျိုးသားအကျိုးစီးပွားကို ကိုယ်စားမပြု၊ စစ်အုပ်စုအ ကျိုးစီးပွားကိုသာ ကိုယ်စားပြုတာဖြစ်လို့ ဦးသိန်းစိန်အစိုးရပြောတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတာ ၂၀၀၈ အခြေခံဥပဒေအောက်မှာ ခေါင်းငုံ့ဝင်ရမယ့် သင့်မြတ်ရေးပဲ ဖြစ်လိမ့်မယ်။

ဒေါ်အောင်ဆန်းစုကြည် ဘက်ကပြောရင် NLD ရဲ့မူဖြစ်တဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေး အဖြေရှာရေးဆိုတဲ့ အခြေခံပေါ်က လှုပ်ရှားတာသာဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မရှိဘူး။ အခြေအနေက ခွင့်ပြု သလောက် လုပ်လို့ရတာက စလုပ်ရင်း တွေ့ဆုံဆွေးနွေးရေးတံခါးကို တွန်းဖွင့်နိုင်အောင်လုပ်မယ်ဆိုတဲ့ ခြေလှမ်း မျိုး ဖြစ်မယ်ဆိုတာလဲ ယုံမှားစရာမရှိဘူး။

ဒီလိုတွေ့ဆုံစကားပြောပွဲမျိုးမှာ ဒီမိုကရေစီအင်အားစုများအနေနဲ့က ဦးသိန်းစိန်ရုပ်သေးအစိုးရရဲ့ နိုင်ငံရေး အရလိမ် ညာမှိုင်းတိုက်မှုကို ရှင်းရှင်းလင်းလင်းဖြစ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်နဲ့နည်းနာကို နားလည်အောင် ကြိုးစားပြီး ဘယ်လိုဝန်းရံရမယ် ဆိုတာကို လက်တွေ့ကျကျ အဖြေရှာကြဖို့ လိုပါတယ်။

သေချာတာကတော့ စစ်အုပ်စုအကျိုးစီးပွားကို ကိုယ်စားပြုတဲ့ ၂၀၀၈ အခြေခံဥပဒေအောက်မှာ ဘယ်လိုခေါင်းဆောင် မှုမျိုးကမှ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ လူမျိုးတိုင်းတန်းတူသွေးစည်းရေးဆိုတဲ့ ပြည်သူ့အကျိုးစီးပွားကို အကောင်အ ထည်ဖေါ်နိုင်မှာ မဟုတ်ဘူး။ ၂၀၀၈ အခြေခံဥပဒေနေရာမှာ ဒီမိုကရေစီနည်းကျရေးဆွဲထားတဲ့ အခြေခံ ဥပဒေနဲ့ အ စားထိုးနိုင်မှသာ အကောင်အထည်ဖေါ်နိုင်မှာ ဖြစ်တယ်။

နောက်တချက်က ဒေါ်အောင်ဆန်းစုကြည်ဟာ ထက်မြတ်ပြီး အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်မှန်ပေမဲ့ ဒီလောက်ကြီး ကျယ်တဲ့ သမိုင်းဆိုင်ရာပြဿနာကြီးတွေ (ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ လူမျိုးတိုင်းတန်းတူ သွေးစည်း ရေး) ကို သူ တဦးတည်းအောင်မြင်အောင် စွမ်းဆောင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ NLD တပါတီတည်းနဲ့ မဖြစ်နိုင်ဘူး။

မျိုးချစ်ပြည်ချစ် တပ်မတော်တွင်းအင်အားစုများ အပါအ၀င် လက်နက်ကိုင်၊ လက်နက်မကိုင်၊ ဥပဒေတွင်း၊ ဥပဒေပ၊ လက်ဝဲ၊ လက်ျာ နိုင်ငံရေးအင်အားစုမှန်သမျှ အနိမ့်ဆုံးဘုံလုပ်ငန်းစဉ်ပေါ်မှာ စုစည်းညီညွှတ်ကြပြီး တပြည် လုံးလက္ခ ဏာဆောင်တဲ့ ပြည်သူ့အင်အားနဲ့သာ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ လူမျိုးတိုင်းတန်းတူသွေးစည်းရေး ရည်မှန်းချက် တွေကို အကောင်အထည်ဖေါ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

မြတ်နိုး

၂၇-၈-၂၀၁၁
http://www.naytthit.net/?p=20017

1 comment:

ပြည်တော်ပြန်သူများ လိုက်နာရမည့် အချက်များ (ကတိခံဝန်လွှာ ပုံစံ) said...

မူရင်း စကင် (scan) ကို ကြည့်ရန် ခေါင်းစဉ်ကို နှိပ်ပါ။


သိန်းစိန် ရုပ်သေးအစိုးရက မစားရ ဝခမန်း ပြောနေတဲ့ ဒီမိုကရေစီဟာ စစ်မှန်တဲ့ ဒီမိုကရေစီ မဟုတ်ဘဲ "ရွှေရည်စိမ် ဒီမိုကရေစီ" ("ဟန်ပြ ဒီမိုကရေစီ") သာ ဖြစ်တယ် ဆိုတာကို သက်သေပြတဲ့ သတင်းတပုဒ်ကို ဒီမှာ ဖတ်နိုင်ပါတယ်။


ပြည်တော်ပြန်လိုသူတို့ စဉ်းစားကြဖို့ သံရုံးကစာ

ကြံ့ဖွတ်အစိုးရရဲ့ ကမ်းလှမ်းချက်အရ ပြည်တော်ပြန်မယ်ဆိုရင် ဒီအချက်အလက်တွေကို လက်ခံနိုင်၊ မနိုင် အရင်စဉ်းစားရအောင်လို့ မြန်မာသံရုံးတခုက ရတဲ့အချက်တွေကို တင်ပြပေးလိုက်ပါတယ်။ အားလုံး ဝေဖန်ပိုင်းခြားပြီးတော့ ဆုံးဖြတ်နိုင်ကြပါစေ။


ကတိခံဝန်ချက်

၁။ နိုင်ငံတော်သည် ပြည်ပသို့ ရောက်ရှိနေသည့် နိုင်ငံသားများ မိမိတို့နိုင်ငံတွင် မိသားစုများနှင့်အတူ အေးချမ်းစွာ နေထိုင်နိုင်စေရေးအတွက် ပြန်လည် ဝင်ရောက်လာကြရန် ၁၇-၈-၂ဝ၁၁ ရက်နေ့က ဖိတ်ခေါ်ခဲ့ပါသည်။

၂။ ထိုသို့ နိုင်ငံတော်က သဘောထားကြီးစွာ ဆောင်ရွက်ခဲ့သည့် နည်းတူ ပြည်ပမှ မိမိတို့နိုင်ငံသို့ ပြန်လည် ဝင်ရောက်လာသူများကလည်း နိုင်ငံတော်အပေါ် ပြန်လည် ကျေးဇူး တုံ့ပြန်သင့်သည့် အားလျော်စွာ အောက်ပါအချက်များကို လိုက်နာရမည် ဖြစ်ပါသည်။

(က) နိုင်ငံတော်အား အကြည်အညို ပျက်စေသည့် အပြုအမူနှင့် ပြောဆိုမှုများကို ရှောင်ကျဉ်ရန်။
(ခ) နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ထိခိုက်စေမည့် လုပ်ဆောင်မှု၊ လှုံ့ဆော်ပြောဆိုမှု၊ ရေးသားဖြန့်ဝေမှုများ မပြုလုပ်ရန်။
(ဂ) တရားမဝင်အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း မပြုရန်။
(ဃ) အဖျက်အမှောက်လုပ်ရပ်များ ရှောင်ရှားရန်။
(င) နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိ၍ ဥပဒေဘောင်အတွင်း အေးချမ်းစွာ နေထိုင်ရန်။

၃။ သို့ပါ၍ အထက်ဖေါ်ပြပါအချက်များကို လေးစားစွာ လိုက်နာ နေထိုင်မည် ဖြစ်ကြောင်း အောက်တွင် ဝန်ခံကတိ လက်မှတ်ရေးထိုးအပ်ပါသည်။

နေ့စွဲ၊ - - ၂ဝ၁၁ ။

ဝန်ခံကတိပြုသူ


(အညာနွေတမာမြေ မှ ကူးယူ ဖော်ပြပါသည်။)

Post a Comment