ondragstart="return false" onselectstart="return false"

Tuesday, September 13, 2011

နမ်ဆန်ယန် မြန်မာစစ်စခန်းအား KIA မီးရှို့ ဖျက်ဆီး

Written by KNG


ကချင်ပြည်နယ်တောင်ပိုင်း မြစ်ကြီးနား-လိုင်ဇာလမ်းပိုင်းတစ်နေရာ နမ်ဆန်ယန် (Namsan Yang) ကျေးရွာရှိ မြန်မာအစိုးရတပ်စခန်း ၃ ခုအနက် တစ်ခုအား ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) က တနင်္လာနေ့ ညပိုင်းတွင် မီးရှို့ ဖျက်ဆီးလိုက်သည်ဟု KIA အရာရှိများအတည်ပြုပြောသည်။

၎င်းကျေးရွာရှိ လဇိန်ကောင် (Lazing Kawng) ပေါ်မှ မြန်မာစစ်တပ်၏ အဓိက တပ်စခန်း အဆောက်အအုံ ၃ ခုသည် ဒေသစံတော်ချိန် ည ၁၀ နာရီခန့်တွင် KIA ၏ ရှို့မီးကြောင့် လုံးဝ ပြာကျသွားသည်ဟု ကျေးရွာသားတစ်ဦး ကချင်သတင်းဌာနသို့ပြောသည်။

ယင်းစခန်းသည် မြစ်ကြီးနား-လိုင်ဇာလမ်းဘေးတွင်တည်ရှိကာ ဖြတ်သန်းသွားလာသူများ အား ရပ်တန့်ကာ ၎င်းတို့သယ်ယူလာသည့်ကုန်ပစ္စည်းများအတွက် ပိုက်ဆံကောက်ခံသည့်အပြင် ခရီးသွားများအား ယင်းစခန်းထဲ ခေါ်သွင်းပြီး မေးမြန်း စစ်ဆေးလေ့ရှိသည်ဟု ထပ်ဆိုသည်။

ယခုအဖြစ်အပျက် မတိုင်ခင် ၅ ရက်အလိုတွင် ၎င်းတပ်စခန်းမှမြန်မာစစ်သားများမှာ ရွာထဲ အခြားစခန်း၂ ခုသို့ ရွှေ့ပြောင်းသွားသည့်အတွက်ကြောင့် မီးရှို့မှုတွင် တစ်စုံတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါဟု ရွာသားများ ပြောသည်။

ဇွန် ၉ ရက်မှစတင်ကာ မြန်မာအစိုးရစစ်တပ်က ဆန်ဂန် KIA စစ်စခန်းကို ထိုးစစ်ဆင်လာပြီးနောက်ပိုင်း နမ်ဆန်ယန်ကျေးရွာသည် စစ်ပွဲဖြစ်ရာ ဒေသထဲ ပါဝင်လာသည်။
http://kachinnews.com/burmese/news

No comments:

Post a Comment