ondragstart="return false" onselectstart="return false"

Saturday, December 10, 2011

ALP နှင့် ဗမာစစ်တပ် ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲဖြစ်

မောင်ရမ္မာ

ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော်နှင့် ဗမာ တပ်တော်တို့ အကြား နိုဝင်္ဘာလ ၂၇ ရက်နေ့က ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်တွင် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ALP ပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ရခိုင်ပြည် လွှတ်မြောက်ရေး တပ်မတော်မှာ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၏ လက်နက်ကိုင် တပ်မတော်ဖြစ်ပြီး အိန္ဒိယ၊ ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာ နယ်စပ်ကို ခြေကုတ်ယူပြီး လူပ်ရှားနေသော တပ်ဖြစ်သည်။

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ တွဲဘက် အထွေထွေ အတွင်းရေးမှူး ၂ ခိုင်သုခမှ တိုက်ပွားဖြစ်ပွားပုံကို နိရဉ္စရာသို့ ယခုကဲ့သို့ ပြောသသည်။

" တိုက်ပွဲ ဖြစ်တာကတော့ခါ လွန်ခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့က ညနေ ၅နာရီခွဲလောက်မှာ ပလက်ဝမြို့နယ် ခမောင်း ၀နဲ့ ကင်းတလင်းကြားမှာ ဖြစ်တာပါ။ ရန်သူဖက်က ခမရ ၃၄၄ စစ်တွေ အခြေစိုက် ဗိုလ်မှူးခင်မောင်သန်း ဦးစီးတဲ့ စစ်ကြောင်းနဲ့ ကျွန်တော်တို့ဘက်က ဗိုလ်ခိုင်နိုင်စိုး ဦးစီးတဲ့ လူ ၂၀ ခန့်ပါတဲ့ တပ်ဖွဲ့ တစ်ဖွဲ့နဲ့ ဖြစ်တာပါ။ ကျွန်တော်တို့ ဘက်ကတော့ တစုံတရာ ထိခိုက်မှုမရှိဘူး။ ရန်သူဘက်ကတော့ ထိခိုက်ကျဆုံးမှု ရှိနိုင်တယ်လို့ သိရတယ်။ ခုချိန်ထိတော့ သတင်း အတိအကျ မရသေးပါဘူး" ဟု ပြောသည်။

ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော်နှင့် အစိုးရတပ်များအကြား နှစ်အတော်ကြာ တိုက်ပွဲများဖြစ်ပွားနေခဲ့ရာ ယခု တိုက်ပွဲသည် ၂၀၁၁ ခုနှစ် အတွင်း ၇ ကြိမ်မြောက် ဖြစ်ပွားခဲ့သော တိုက်ပွဲ ဖြစ်သည်။

" အခု ဖြစ်တဲ့ တိုက်ပွဲက ၂၀၁၁ ခုနှစ်မှာ နောက်ဆုံး ဖြစ်ခဲ့တဲ့ တိုက်ပွဲဖြစ်ပါတယ်။ ၂၀၁၁ - ဇန္န၀ါရီ ၃ ရက်နေ့မှာတကြိမ်၊ ဘူးသီးတောင်မြို့နယ်ထဲက နဟုံးနဟမ်း တစ်ကြိမ်၊ နှံးဗူးကို ၀င်တိုက်တဲ့ အခါ တစ်ကြိမ်၊ ပလက်ဝမြို့နယ် ကင်းတလင်းမှာ တကြိမ်၊ လပေါက်ဝ စခန်းကို ၀င်တိုက်တဲ့ အခါ တကြိမ်နဲ့ အခု တစ် ကြိမ်ဆိုရင် ၇ ကြိမ် ရှိပြီ ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။

အဆိုပါ တိုက်ပွဲများတွင် ဗမာ စစ်တပ်ဘက်မှ ဗိုလ် တစ်ဦး အပါအ၀င် ရဲဘော် ၁၀ ကျော်ခန့် ကျဆုံးမှုရှိပြီး ALA တပ်ဖွဲ့မှ (၁) ဦး ကျဆုံးခဲ့ပြီး ရဲဘော် တချို့ ဒဏ်ရာ တချို့ ရရှိခဲ့သည်ဟု ဦးသုခက ပြောသည်။ သို့သော်လည်း ဗမာ စစ်တပ်ဘက်က အကျအဆုံးနှင့် ပတ်သက်ပြီး အတည်ပြုနိုင်ခြင်း မရှိပါ။

ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် အနေဖြင့် အနောက်ဘက် စစ်မျက်နာတွင် သာမက အရှေ့ဘက် စစ်မျက်နာတွင်လည်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA )နှင့် အတူ လက်တွဲ တိုက်ပွဲဝင်နေကြောင်း သိရသည်။

ရခိုင်ပြည်လွတ်မြောက်ရေး ပါတီသည် တခြား တိုင်းရင်းသား ပါတီများကဲ့သို့ အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အလားအလာ မရှိကြောင်းနှင့် သူတို့ အနေဖြင့် ပြောက်ကျားစစ်ဖြင့် အစိုးရ တပ်ဖွဲ့အား ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း သူက ပြောသည်။

ရခိုင်ပြည်လွတ်မြောက်ရေး တပ်မတော်ကို ၁၉၇၃ ခုနှစ်တွင် ရခိုင်ပြည် လွတ်မြောက်ရေးအတွက် ထိုင်း-မြန်မာ နယ်စပ် ကရင်အမျိုးသား အစည်းအရုံး နယ်မြေတွင် ဗိုလ်ခိုင်မိုးလင်းက တည်ထောင်ခဲ့သည်။

No comments:

Post a Comment