ondragstart="return false" onselectstart="return false"

Friday, December 23, 2011

IF I HAVE TO SAY THE TRUTH (ကေအဲန်ယူ နဲ့ ဗမာအစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် သီချင်းလက်ဆောင်)

KNU နဲ့  ဗမာအစိုးရ ငြိမ်းချမ်းရေးဆွေးပွဲကို ကျနော်တို့  သောသီခိုအဖွဲ့ သားများ ကြိုဆိုပါသည်။ နိုင်ငံရေးပြသနာကို စားပွဲဝိုင်းမှာ ရှင်းတဲ့နည်းကသာ အကောင်းဆုံးနည်းဆိုတာ ကျနော်တို့ ယုံကြည် လက်ခံထားပါသဖြင့် ထောက်ခံအားပေးပါသည်။

သို့ ပေသော်ငြားလည်း ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်အတွက် ဗမာအစိုးရက စိတ်ရင်းစေတနာမှန်ဖို့  လိုအပ်ပါသည်။ တိုင်းရင်းသားတွေရဲ့ မွေးရာပါ အခွင့်အရေးတွေကို အရှိအတိုင်း လက်ခံအသိအမှတ်ပြုဖို့ လိုအပ်ပါသည်။

ဗိုလ်ချူပ်ခင်ညွန့် ခေတ်တုန်းကလို လွယ်လွယ်လေးနဲ့  အရင်တုန်းက ခေတ်ကာလတွေကို ခေါင်းထဲမထည့်ပါနဲ့ လို့ တော့ ထပ်မပြောပါနဲ့ ။ အတိတ်က အကြောင်းအရာတွေ ကျနော်တို့ မေ့လို့ တော့ မရပါ။ မေ့လို့ လည်းမဖြစ်ပါ။ အတိတ်က အကြောင်းအရာတွေကို ခွင့်လွတ်နိုင်ပါသည်။ သို့ ပေသော်လည်း မေ့လို့ တော့မဖြစ်ပါ။ အဲတာတွေက သမိုင်းစာမျက်နှာ အစစ်အမှန်တွေပါ။ နောင်လာနောက်သားတွေအတွက် လှပတဲ့ အနာဂါတ်တစ်ခုအတွက် အတိတ်က အဖြစ်အပျက်တွေဟာ လေ့လာသင်ယူဖို့  အကောင်းဆုံးသင်္ခန်းစာတွေပါ။



Type the rest of your post here.

1 comment:

ကျော်ပ/Kyawpa said...

အေးအေးဆေးဆေးနေရရေးအတွက်ကရင်တွေလိုလားတောင်းတနေကြတယ်။

Post a Comment