ondragstart="return false" onselectstart="return false"

Monday, December 26, 2011

ကရင်နှစ်ကူးပွဲများ အကန့်အသတ်ဖြင့် ကျင်းပ

တပ်မတော်အရာရှိဟောင်းလည်းဖြစ် ကရင်ပြည်သူ့ ပါတီခေါင်းဆောင်လည်းဖြစ် သိန်းစိန်အစိုးရ ကရင်တိုင်းရင်းသားရေးရာဝန်ကြီးလည်းဖြစ် စောထွန်းအောင်မြင့် တစ်ယောက် ကျနော်တို့ ကရင်အမျိုးသားနှစ်သစ်ကူးပွဲကို လွတ်လွတ်လပ်လပ်ကျင်းပဖို့ မဦးဆောင်နိုင်ရင် မလုပ်ရဲ မကိုင်ရဲရင် NDF မှ ကချင်အမျိုးသမီး ဒေါ်ဘောက်ဂျာစီမှာ သွားပြီး ပညာလေးဘာလေး သင်ယူလိုက်ဦး။ ပြည်တွင်းက ကရင်တွေ မျိုးချစ်တယ် ပြောတာ ကျနော်တို့ ညီနောင် ကချင်တွေနဲ့ ကွာပါပေ့။ တခါတစ်လေ ချီးပန်းလောက်အောင် ကြောက်နေကြတာလွန်ရော။ ဒီတခါ ရှင်းရှင်းပြောရရင် ကရင်တွေမျိုးချစ်တယ် ဆိုတာက ကျနော်တို့ ညီနောင်ကချင်အမျိုးသားများက သနားတယ်လို့ ပြောနေပါပြီ။

၂၀၁၀ ရွေးကောက်ပွဲဝင် ပြည်တွင်းကရင်ပါတီတွေ၊ NLD မှာရှိနေတဲ့ ၁၉၉၀ ရွေးကောက်ပွဲတုန်းက အနိုင်ရ ကရင်လူမျိုး ကိုယ့်စားလှယ်တွေ( ဥပမာ- နန်းခင်ထွေးမြင့်၊ မန်းဂျော်နီ.. အစသဖြင့်အများကြီးရှိတယ်) နိုးထကြပါတော့။ သိပ်ပြီး ကြောက်ချီးပန်းမနေကြပါနဲ့ ။။ ဒေါ်ဘောက်ဂျာ ဘယ်လိုလုပ်ရှားသွားတယ်ဆိုတာ အတုယူကြပါ။ ခင်ဗျားတို့ လက်နဲ့ မလုပ်နိုင်သည့်တိုင်အောင် ပိတ်နေတဲ့ပါးစပ်တွေကို ဖြတ်ဖေါက် ဖွင့်လိုက်ကြပါ။ မတရားမှုတွေအတွက် ပြည်တွင်းမှာ ရဲရဲရင်ဆိုင် ထလုပ်ကြပါတော့ တိုက်တွန်းပါရစေ။ NLD မှာရှိနေတဲ့ ကရင်ကိုယ်စားလှယ်တွေ ဒေါ်အောင်ဆန်းစုကြည် တမီနားပဲ ခိုကပ်စားကြမလား။ ကိုယ့်လူမျိုးအရေး တခွန်းတပါဒမှ ပြောဖို့ မ၀ံ့ရဲကြတော့ဘူးလား.. ခင်ဗျားတို့ ဒီလိုပဲဆက်နေရင် စိန်နားကပ်နားပါးပြောင်လူတွေပဲလို့ မှတ်ချက်ချရပါမည်။ ဒီလိုဆိုရင် အနာဂါတ်မှာ NLD မှာရှိနေတဲ့ ကရင်ကိုယ်စားလှယ်တွေ သုံးစားလို့ မရဘူး ဆိုတာ ကျနော်တို့ ကမ္ဘာသိလုပ်ဆောင်သွားမည်လို့  ကြိုတင်အသိပေးပါရစေ။
xxxxxxxxxxxxxx

အရပ်သားအစိုးရ အုပ်ချုပ်နေသော်လည်း ကရင်နှစ်သစ်ကူးပွဲ အခမ်းအနားများကို အကန့်အသတ်ဖြင့် ပြုလုပ်နေရဆဲဖြစ်သည်ဟု ယမန်နေ့က ရန်ကုန်မြို့ရှိ နှစ်သစ်ကူးပွဲတော်များကို စီစဉ်သည့် ကရင်တိုင်းရင်းသားများက ပြောသည်။

ယမန်နေ့က ရန်ကုန်မြို့ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားတခုတွင် ဒုံးယိမ်းအကဖြင့် တင်ဆက်နေသော ကရင်လူငယ်များ (ဓာတ်ပုံ - ဧရာဝတီ)

“ကရင်နှစ်သစ်ကူးပွဲကို ကျင်းပခွင့်ပြုထားပေမယ့် ကျွန်တော်တို့ဆီ ပေးပို့လာတဲ့ ပါတီ၊ အဖွဲ့အစည်းတွေရဲ့ သ၀ဏ်လွှာတိုင်းကို ဖတ်ကြားခွင့် မပေးဘူး” ဟု အင်းစိန်မြို့နယ်၊ အာလိန်ငါးဆင့်ဘုရားအတွင်း ပြုလုပ်သည့် ကရင်နှစ်သစ်ကူးပွဲ ကျင်းပရေးကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။

လူမျိုးရေး၊ နိုင်ငံရေးအကြောင်းအရာများ ပါဝင်သည့် သ၀ဏ်လွှာများ ဖတ်ကြားနိုင်ခြင်း မရှိဟု သူက ရှင်းပြသည်။

ကရင်တိုင်းရင်းသားတို့၏ နိုင်ငံရေးလှုပ်ရှားမှု၊ ကရင် အမျိုးသား ခေါင်းဆောင်ကြီးများ၏ ဓာတ်ပုံနှင့် ကိုယ်ရေး ရာဇ၀င်များ၊ နယ်စပ်ဒေသရောက် ကရင်တိုင်းရင်းသားတို့၏ လတ်တလော အခြေအနေများ စသည်တို့ကို ပြပွဲများတွင် ထည့်သွင်းပြသခွင့် မရှိဟု ပွဲစီစဉ်သူများက ဆိုသည်။

ထိုသို့ အကန့်အသတ်များ ရှိသော်လည်း နှစ်သစ်ကူးပွဲများ ကျင်းပခွင့် လျှောက်ထားချက်များကို အာဏာပိုင်တို့က ချက်ချင်း ခွင့်ပြုခဲ့သည်ဟု နှစ်သစ်ကူးပွဲ ကျင်းပရေးကော်မတီများထံမှ သိရသည်။

ယခင်နှစ်များကဲ့သို့ပင် အင်းစိန်မြို့နယ်ရှိ အာလိန်ငါးဆင့် ဘုရား၊ အလုံမြို့နယ်ရှိ ပိုးကရင် နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း ကဲ့သို့သော ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ကရင်တိုင်းရင်းသားများ နေထိုင်ရာ ရပ်ကွက်များတွင် ကရင်နှစ်သစ်ကူးပွဲများ ကျင်းပခဲ့သည်။

နှစ်စဉ် ပြာသိုလဆန်း ၁ ရက်နေ့တွင် ကျင်းပမြဲဖြစ်သော ရန်ကုန်ရှိ ထိုပွဲတော်များတွင် ကရင်တိုင်းရင်းသားတို့၏ သမိုင်း၊ ၀တ်စားဆင်ယင်မှု၊ ရိုးရာ တူရိယာ၊ အသုံးအဆောင်၊ အနုပညာနှင့်စာပေ၊ ထူးချွန်သူတို့၏ ဓာတ်ပုံများကို ခင်းကျင်း ပြသထားသည်။

ယမန်နေ့က ရန်ကုန်မြို့ ကရင်နှစ်သစ်ကူးပွဲများသို့ ကရင် တိုင်းရင်းသားရေးရာ ၀န်ကြီး ပဒိုစောထွန်းအောင်မြင့်က သ၀ဏ်လွှာ ပေးပို့ပြီး ဖွင့်ပွဲ အခမ်းအနားများသို့ တက်ရောက်ခဲ့သည်။

“နှစ်ပေါင်းများစွာ ကန့်သတ်ချက်တွေ ရှိခဲ့တယ်၊ ကျနော်တို့ ၀န်ကြီး ရှိလာတဲ့နှစ်မှာ ကန့်သတ်ချက်တွေ လျော့လာတယ်လို့ မြင်ပါတယ်” ဟု အလုံမြို့နယ်ရှိ ပိုးကရင် နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း၊ ကရင်နှစ်သစ်ကူးပွဲ ကျင်းပရေး ကော်မတီဝင် တဦးက ဆိုသည်။

အင်းစိန်မြို့နယ်မှ ကရင်တိုင်းရင်းသားတဦးကလည်း “ကျနော်တို့ လူမျိုးရဲ့ ပွဲတော်ကို ကျင်းပခွင့်ရရင်ပဲ ကျေနပ်နေတာပါ၊ ကန့်သတ်ချက်တွေကို မကြိုက်ပေမယ့်လည်း ပွဲတော်ကို စဉ်ဆက်မပြတ် လုပ်နေဖို့ပါပဲ” ဟု ပြောသည်။

ကရင်နှစ်သစ်ကူးပွဲတော်များကို ၁၉၃၉ ခုနှစ်မှ စပြီး အလုံမြို့နယ်ရှိ ပိုးကရင် နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းတွင် စတင် ကျင်းပခဲ့ကြောင်း သိရသည်။
http://burma.irrawaddy.org/archives/4104

1 comment:

Goldstar said...

ဒီသတင်းပဲကြည့်ကြပါတော့ ဒါလား Democracy ဆိုတာ အားပါးပါး
အဝေးကြီးလိုနေပါသေးတယ်။

Post a Comment