ondragstart="return false" onselectstart="return false"

Monday, December 26, 2011

မြန်မာအစိုးရနှင့် ဆွေးနွေးရေး အတွက်အကြံပြုကြရန် ကရင်လူမှုအဖွဲ့များအား KNU ဖိတ်ခေါ်

ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံးက ကရင်ပြည်သူများ၏ အမြင်များကိုတရားဝင်ဖိတ်ခေါ်လိုက်ပါပြီ။ ဗမာပြည်အစိုးရနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ကိုယ်ပိုင် ထင်မြင်ယူဆချက်များကို ကေအဲန်ယူ ဗဟိုသို့ တိုက်ရိုက်လိပ်မူပြီး ပို့ ပေးတာ ဒီအချိန်မှာ အကောင်းဆုံးပါ။ အထူးသဖြင့် အခါအားလျော်စွာ ကေအဲန်ယူ လူကြီးများကို ဘာဖြစ်တယ် ညာဖြစ်တယ် မီးဖိုချောင်စကားလုံးတွေ နဲ့ အတင်းတုတ်နေတဲ့လူတွေ ဒီအချိန်မှာ ခင်ဗျားတို့ ထင်မြင်ယူဆချက်ကို လွတ်လွတ် လပ်လပ် တင်ပြကြပါ။ ကေအဲန်ယူက အများသဘောထားကို လက်ခံမှာဖြစ်ပြီး အမျိုးသားအကျိုးအတွက် ဆုံးဖြတ်ချက်များကို ချမှတ်မှာဖြစ်ပါတယ်။ အများသဘောထားက ဒီအစိုးရ မယုံရဘူး လက်မှတ်မထိုးနဲ့ လို့ ပြောလာရင် ကေအဲန်ယူကလည်း ကရင်လူထုရဲ့ စကားကို လက်ခံရမှာဖြစ်တယ်။ ကိုယ်ကိုတိုင်လည်း ထင်မြင်ယူဆချက်တွေ မပေး ကေအဲန်ယူ ရဲ့ ဆုံးဖြတ်ချက်က ကိုယ့်သဘောနဲ့ လည်း မတိုက်ဆိုင်ရင်.. ဘာညာကွိကွတွေဘေးကန့် လန့် တွေဆက်ပြီးမလုပ်ပါနဲ့ ။ မကူညီနိုင်ရင် မနှောက်ယှက်ကြပါနဲ့ တော့။

- ဗိုလ်ကျော်သန်း၊ ဦးသာထူးကျော်၊ မောင်ချစ်သူ ဦးဆောင်တဲ့ ဒီကေဘီအေ နယ်ခြားစောင့်တပ်ပြောင်းတာ ကရင်လူထု သဘောထား မယူပါ။ အသိမပေးပါ။
- ဗိုလ်ချူပ်ထိန်မောင်၊ ဆရာတိမသေ ဦးဆောင်တဲ့ ငြိမ်းကောင်စီအဖွဲ့  အပစ်ရပ်တုန်းက ကရင်လူထု သဘောထားကို မယူပါ။ အသိမပေးပါ။
- မနေ့ တစ်နေ့ ကမှ အပစ်ရပ်လိုက်တဲ့ ဗိုလ်မှူးစောလားဘွယ် ဦးဆောင်တဲ့ ကလိုထူးဘော တပ်ဖွဲ့ လည်း ကရင်လူထု သဘောထားမယူပါ။ အသိမပေးပါ။
ပြည်သူအတွက် လုပ်နေပါတယ်လို့ ဆိုကြပေမယ့် ပြည်သူကို အသိမပေးပဲလုပ်သွားခြင်း၊ ပြည်သူ့ သဘောထားမခံယူပဲပြုလုပ်ခြင်း၊ စသည်တို့ က ကရင်လူထုကို ဥပက္ခပြုရာရောက်သလို မထီမဲ့မြင်ပြုလုပ်ရာလည်းသက်ရောက်ပါသည်။
xxxxxxxxxxxxxxxxxxxxx

ဒီဇင်ဘာလ ၂၆ရက်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး-KNU သည် ၂၀၁၂ခုနှစ်၊ ဇန်န၀ါရီလ ၁၂ရက်နေ့တွင် မြန်မာအစိုးရနှင့် တရားဝင် သွားရောက် တွေ့ဆုံဆွေးနွေးမည်ဖြစ်၍ မတွေ့ဆုံမီ အကြံပြုမှုများ ပေးပို့ကြရန် ပြည်တွင်းပြည်ပရှိ ကရင်လူမှုအဖွဲ့အစည်းများထံသို့ ယခင်အပတ်က ဖိတ်ခေါ်စာတစ်စောင် ပေးပို့ခဲ့သည်။

မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုသည် ကရင်တမျိုးသားလုံး၏အရေးနှင့် သက်ဆိုင်သောကြောင့် ကရင်အဖွဲ့အစည်းနှင့် ကရင်ခေါင်းဆောင်တို့၏ အမြင်သဘောထားနှင့် အကြံပြုချက်များ လိုအပ်လျှက်ရှိကြောင်း KNU အတွင်းရေးမှူးချုပ် နော်စီ ဖိုးရာစိန်က ကေအိုင်စီသို့ ယခုလို ပြောသည်။

သူမက “ကရင်တွေ အကြံဉာဏ်တွေ ပေးလာကြဖို့ အီးမေးလ်နဲ့ ဖိတ်ခေါ်စာပို့ထားတယ်။ တော်တော်များလည်း ရေးလာကြ ပြီ။ ပြည်ပမှာ၊ နယ်စပ်မှာရောပဲ။ အထူးသဖြင့် Individual (တသီးပုဂ္ဂလပုဂ္ဂိုလ်)ခေါင်းဆောင်တွေ များတယ်။ အစိုးရနဲ့ တွေ့ဆုံဆွေးနွေးပွဲဟာ ကောင်းတယ် ဆိုပေမယ့် သတိကြီးကြီးနဲ့ လုပ်သွားဖို့၊ ဆုံးဖြတ်ချက် မမှားကြဖို့နဲ့ သိန်းစိန်အစိုးရ ဟာ သဘောထားမှန်ကန်မှု ဘယ်လောက်ရှိသလဲ စတာတွေ သေချာစိစစ်ဖို့ကို ပြောသူများတယ်။”ဟု ပြောဆိုသည်။

လက်ရှိအချိန်တွင် ပြည်တွင်းပြည်ပမှ အကြံဉာဏ်များ ပေးလာသည့် လူပုဂ္ဂိုလ် ၈၀ဦးကျော်နှင့် ပြည်ပ၌ အခြေစိုက်သည့် ဩစတြေးလျား၊ ဆွီဒင်နှင့် မလေးရှား စသည့်နိုင်ငံများမှ အမြင်သဘောထား ပို့လာကြပြီး ကျန်ရှိသူများက ထပ်မံ ပေးပို့လာ ရန်ရှိကြောင်းလည်း သူမက ဆက်ပြောသည်။

မြန်မာအစိုးရဘက်၏ အပစ်ခတ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကမ်းလှမ်းခဲ့ခြင်းများကို ပြည်တွင်းပြည်ပရှိ ကရင်အဖွဲ့အစည်းများ၏ အမြင်များကို သိစေရန် KNU က ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

မလေးရှားနိုင်ငံ အခြေစိုက် မလေးရှားကရင်အဖွဲ့အစည်း-MKO မှ အတွင်းရေးမှူးဖြစ်သူ မန်းဒန်းနစ်စောထူးက “ကျနော်တို့ ကတော့ ဆွေးနွေးမယ်ဆိုရင် KNU ဘက်က အမြင်ကြီးကြီးနဲ့ မြင်ဖို့လိုတယ်လို့ပဲ KNU ကို ပြောချင်တယ်။ ဆွေးနွေးပြီး အောင်မြင်ခဲ့ရင်တောင်မှ လက်တွေ့မှာ အကျိုးအမြတ်တွေ ရှိလာမှာဦးမှကိုး။”ဟု ပြောသည်။

ရွှေဝါရောင်သံဃာ့အရေးအခင်းတွင် ဓါတ်ပုံရိုက်ခဲ့သူ ယခု အမေရိကန်နိုင်ငံ ဘတ်ဖလိုးမြို့ရောက် စောလောအယ်စိုးက လည်း “စားပွဲဝိုင်းမှာ ဆွေးနွေးတာ အကောင်းဆုံးနည်းလမ်းပဲ။ အစိုးရဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည်တို့၊ တိုင်းရင်း သားအဖွဲ့တွေ မပါရင်လည်း သူ့အနေနဲ့က ဘာမှလုပ်လို့ မရတော့မှန်း သိတယ်လေ။ ဒီအပေါ်မှာ ကေအဲန်ယူ အပါအ၀င် လက်နက်ကိုင်အဖွဲ့တွေကလည်း အခုလို တွေ့ဆုံဆွေးနွေးမှာက ဖြစ်သင့်တဲ့လုပ်ရပ်ပါ။”ဟု သုံးသပ်ပြောဆိုသည်။

KNU ဖိတ်ခေါ်စာထဲတွင် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်အမျိုးသမီးအစည်းအရုံး-KWO၊ ကရင်လူငယ်အစည်းအရုံး-KYO၊ ကရင်ကျောင်းသားများကွန်ယက်အဖွဲ့-KSNG၊ ကရင်တက္ကသိုလ်ကျောင်းသားများအဖွဲ့-KUSG၊ ကရင်သဘာဝပတ်ဝန်း ကျင်နှင့် လူမှုရေးအဖွဲ့-KESAN၊ ကရင်ဒုက္ခသည်များကော်မတီ-KRC စသည့် ကရင်လူမှုအဖွဲ့အစည်းများနှင့် ကရင်ဘာသာ ရေးခေါင်းဆောင်များ အပါအ၀င် နော်ဝေး၊ အင်္ဂလန်၊ ဆွီဒင်၊ ကနေဒါ၊ ဩစတြေးလျ၊ အမေရိကန်၊ မလေးရှား၊ ဂျပန် စသည့် ပြည်ပလူမှုအဖွဲ့အစည်းများ ပါဝင်သည်။

KNU သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ကရင်ပြည်နယ်၊ ဘားအံမြို့၌ တရားဝင် သွားရောက်မ တွေ့ဆုံခင် ပဏာမ ဆွေးနွေးပွဲ ၃ကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

ထို့နောက်တွင် အောက်ခြေရှိ ခရိုင်၊ တပ်မဟာ(၇)ခုမှ ခေါင်းဆောင်များထံ အကြောင်းကြားထားခဲ့ပြီး ထိုမှတဆင့် နယ်မြေ အသီးသီးရှိ ကရင်လူထုများ သိရှိနားလည်စေရေး ရှင်းလင်းပြောဆိုပေးရန် ညွှန်ကြားထားပြီးဖြစ်သည်ဟု သိရသည်။
http://www.kicnews.org/?p=9133

3 comments:

Goldstar said...

But do not forget about "ကရင်တွေ ရန်ကုန်သွားပြီး လည်ဆင်းမခံလျင် ကျွန်တော်တို့ရဲ့ ကရင် တော်လှန်ရေး ဘယ်တော့မှ မကျဆုံးဘူးဆိုတာကိုတော့" မျိုးဆက်သစ်ကရင်ကျောင်းသူ၊ကျောင်းသားလူငယ်တွေ ကျောင်းမှရရှိသော စောဘဦးကြီးရဲ့ မူဝါဒကိုတော့ မှတ်မှတ်ရရ ရင်ထဲမှာစွဲစွဲ မြဲမြဲရှိနေကြသလို မိဘ ဖြစ်တဲ့ KNU မေ့မသွားပါနဲ့လို့ ရိုသေစွာ သတိပေးလိုက် ပါတယ်။

Unknown said...

ငြိမ်းချမ်းရေးဟာနှစ်ပေါင်း(၆၀)ကျော်လာပြီးရလာဒ်မှမရှိတဲ့ဥစ္စာမျှော်နေတုန်းဘဲလားကရင်တစ်မျိုးသားလုံးနှင့်တိုင်းရင်းသားအားလုံးငြိမ်းချမ်းရေးရရှိဘို့အတွက်အသက်ပေးတိုက်လာခဲ့ကြတာကျွန်တော်ဖခင်ကစပြီးကျွန်တော့်ဦးလေးနှစ်ယောက်အသက်ပေးလှူခဲ့ကြရပြီးယနေ့တိုင်ဘာဖြစ်လာလို့လဲကျွန်တော့်အဖေဆိုရင်ကရင်ဘမာပြသနာစမဖြစ်မှီ(Third Burma Rifle)တပ်မှအနားယူပြီးမြို့ပြနှင့်ကျေးရွာအေးခြမ်းရေးအတွက်နယ်ပြန်ပြီး
ဆောင်ရွက်စဉ်လူမျိုးစွဲစိတ်ပြင်းထန်သူ၊သူ၏ယုံကြည်ရသောသူတစ်ဦး၏လုပ်
ကြံမှုကိုခံခဲ့ရတယ်၊(အင်္ဂလိပ်တွေပြေးတုန်းကလည်းအ၈င်္လိပ်တွေနှင့်အတူအန္ဒီးယားကိုပါသွားတယ်၊ဂျပန်ကိုပြန်တိုက်တော့လည်းအင်္ဂလိပ်တွေနှင့်အတူပြန်
ဝင်တိုက်ခဲ့တယ်၊စစ်၏ဆိုးကြိုးကိုသူသိလို့ငြိမ်းချမ်းရေးကိုဖေါ်ဆောင်လိုတယ်)ဦးလေးတစ်ယောက်ဆိုရင်(နေ၀င်းခေတ်)ဧရာဝတီတိုင်းရွှေလင်းယုံမိုးဟိန်းစစ်ဆင်ရေးမှာသွားပြန်ရောတစ်ယောက်၊နောက်ဆုံးတစ်ယောက်(KNU)မှာ
တာဝန်ထမ်းဆောင်ရင်းရန်ကုန်မှာဘဲနေ၀င်းထောက်လှန်းရေးတွေလက်ချက်
နဲ့လား(သို့)ရှောင်တိမ်းရင်းနဲ့ဘဲလားတော့မသိတော့ဘူးသွားပြန်ရောတစ်ယောက်၊သူတို့သုံးဦးဟာကရင်တစ်မျိုးသားလုံးနှင့်ငြိမ်းချမ်းရေးအတွက်ပါဝင်ခဲ့ကြိုး
စားခဲ့ကြသော်လည်းရလာဒ်ကဘာလဲ၊(အသက်စတေးခြင်းဘဲမဟုတ်လား?)
အခုလည်းကျန်ရှိနေသေးတဲ့တာဝန်ရှိနေသေးတဲ့ခင်ဗျားတို့အပေါ်မှာမူတည်ပါ
တယ်၊ဘယ်စစ်မှမကောင်းဘူးဆိုတာရယ်၊စစ်ဆိုတာငှက်ပျောသီးအခွံနွာစားရ
သလိုမလွယ်မှန်းသိသော်လည်း၊တစ်ဖက်စော်ကားလာတာကိုငုံ့ခံနေလို့မှမရတဲ့
ဥစ္စာကိုယ်ကပြန်တိုက်ရမှာပေါ့။ခုလည်းဘဲသူတို့ဖက်ကစတင်လို့စေ့စပ်ညှိနှိုင်း
ဘို့အတွက်ဖိတ်ခေါ်လာတာကိုတော့(50%50)သီအိုရီနည်းနဲ့တော့ကျင့်သုံး
သင့်ကကျင့်သုံးကြပေါ့၊နှစ်တွေလည်းညောင်းလို့လူတွေလည်းပြောင်းကုန်ကြ
ပြီးနောင်လာနောက်သားတွေအတွက်ထင်သာမြင်သာသောသမိုင်းမှတ်တမ်း)
တစ်ခုတော့တွင်ရစ်စေချင်ပါတယ်၊ကောင်း၏ဆိုး၏ပေါ့....
ဒါပေမဲ့တစ်ခုတော့ရှိတာကဒီပုဂ္ဂိုလ်တွေဟာ...စစ်သား..ဆိုတာ
ကိုတော့မမေ့နဲ့နော်၊အထူးသတိရှိပါစေ..စစ်သားဆိုတာ(ဂတိတည်တယ်မ
တည်ဘူး၊တရားတယ်၊မတရားဘူး)ဆိုတာသူတို့ဆီမှာမရှိဘူးနော်...ကျွန်တော့်အမြင်ပြောရရင်အခုသူတို့စီစဉ်တဲ့နေရာဒေသကိုသွားရောက်တွေ့ဆုံဆွေး
နွေးမျိုးမပြုဘဲကြားအိမ်နီးချင်းနိုင်ငံတခုတွင်း(သို့)ခင်ဗျားတို့ရဲ့နယ်ဂွင်ထဲမှာ
တွေ့ဆုံမှုမျိုးကိုပြုစေချင်ပါတယ်ဒါမှသာသူတို့က(KNU)တွေရဲ့အခြေနေမှန်ကို
မြင်တွေ့သိရှိသွားစေခြင်ပါသည်။အရင့်အရင်ကျွန်တော်တို့ကရင်ခေါင်းဆောင်
ကြီးတွေကိုဒီလိုဘဲအချိုတွေကြွေးပြီးရင်ဝကိုခြေဖနောက်နဲ့ဆောင့်ကန်ခံခဲ့ရတာတော့အမှတ်ရှိကြပါ။ကျွန်တော်ယုံကြည်ပါတယ်အခုလက်ရှိဦးဆောင်နေကြတဲ့ခင်ဗျားတိုအားလုံးဟာအရည်အချင်းအပြည့်အ၀ရှိပြီးစိတ်သဘောထားနှင့်
အမျှော်အမြင်ကြီးသူများဖြစ်ကြသည့်အပြင်အတွေ့အြံကုံရင့်ကျက်ပြီးသူများ
နှင်သတ္တိသွေးရဲရဲတောက်သူများဖြစ်ကြောင်းဆိုတာပါဘဲ....
နောက်ဆုံးကျွန်တော်ပြောချင်တာကတော့..တွေ့ဆုံလိုလျှင်.တွေ့လိုက်ပေါ့၊ညှိနှိုင်းလိုက၊ဖလယ်ကြပေါ့..အဖြေမရတော့လည်းအိမ်ပြန်ကြရုံပေါ့.

weststar said...

KNUကရင်အမျိုးသားအစည်းရုံးသို့

အမြင်နှင့်သဘောထားပေးပို့ခြင်း
KNU နှင့် ကြံဖွံ့အစိုးရအပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမည်ဟု ကြားသိရတဲ့အတွက် ကျနော်ကရင်လူမျိုးတယောက်အနေနဲ့ အင်မတန်မှဝမ်းသာမိပါသည်။ ဘာကြောင့်လဲဆိုတော့ ပြည်တွင်းစစ်ကို ငြီးငွေ့နေလို့ပါပဲ။
ကျုတွေ့ဆုံဆွေးနွေးရေးသည် ကရင်တမျိုးသားလုံးအတွက်ရော အဖိနိပ်ခံဘဝတူလူမျိုးစုတွေအတွက်ပါ မဖြစ်မနေ နိင်ငံရေးကို နိင်ငံရေးနည်းနဲ့ စားပွဲဝိုင်းမှာညှိနှိုင်းပြီး အဖြေရှာတဲ့နည်းဟာ အမှန်ကန်ဆုံးနည်းပါပဲမို့ KNU အဖွဲ့အစည်းအနေဖြင့် တွေ့ဆုံသင့်ပါကြောင်း..
ဒါပေမဲ့ သမိုင်းအကြောင်းရကြည့်မယ်ဆိုရင် ဖဆပလ အစိုးရလက်ထက်ကစပြီး မဆလ/ နဝတ/ နအဖ/ လက်ရှိကြံဖွံ့အစိုးရ အစအဆုံး
မပကလူမျိုးကြီးဝါဒီကို ကျင့်သုံးပြီး လူမျိုးစုအဖွဲ့အစည်း တွေကို မသမာတဲ့နည်းနဲ့မျက်လှည့်ပြပြီး ပါးရိုက်၊နားရိုက်လုပ်ခဲ့တာတွေလဲ ကျနော်တို့ KNU အဖွဲ့အစည်းအနေနဲ့ အသိဆုံးပါပဲ၊၊ ဘယ်လိုပဲဖြစ်ဖြစ် သိန်းစိန်ကြံဖွံ့အစိုးရအသစ်ရဲ့ သဘောထားကြီးကြီးနဲ့ လူမျိုးစုအပေါ် ငြိမ်းချမ်းရေးနဲ့ အပစ်အခတ်ရပ်စဲရေးကို စစ်မှန်တဲ့ ဖယ်ဒရယ်မှု့အတိုင်းသွားမယ်ဆိုရင်တော့ KNU အဖွဲ့အစည်းအနေနဲ့ကြိုဆိုရမယ် တွေ့လဲတွေ့ဆုံသင့်ပါတယ်၊၊ ဒါမှလဲစစ်မှန်သော ဖဒရယ် ပေါင်းစုပြည်ထောင်စုကြီးပေါ်ထွန်းလာပြီး ကရင်ပြည်သူလူထုတွေ အခြားဖိနိပ်ခံလူမျိုးစုရောလွတ်လပ်မှု့ရှိပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြငှါန်းခွင့်အပြည့်အဝရှိလာမှဖြစ်ပါတယ်၊၊ ဒါပေမဲ့ သတိထားရမှာကတော့ သန်းရွေကြိုးကိုင်ထားတဲ့ မဟာလူမျိုးကြီးဝါဒကိုကျင့်သုံးနေတဲ့ စစ်တပ်ပါပဲ၊၊ ဘာကြောင့်လဲဆိုတော့ ခင်ညွန့်လက်ထက်တုန်းကဆိုရင် ကကကြည်းနဲ့ ကကလှမ်းခွဲခြားထားပြီး ကကလှမ်းကို လက်နက်ကိုင်လူမျိုးစုအဖွဲ့အစည်းတွေနဲ့ အပစ်ခတ်ရပ်စဲရေးနှင့်ငြိမ်းချမ်းရေးတွေကမ်းလှမ်းခိုင်းပြီး တချို့သောလူမျိုးစုတွေ ငြိမ်းချမ်းရေးလုပ်ခါနီး ငြိမ်းချမ်းရေခေါင်းဆောင်ကြီး ခင်ညွန့်ကို အကြောင်းအမျိုးမျိုးပြစီးထောင်သွင်းလိုက်တယ်၊၊ ငြိမ်းချမ်းပျက်ပြယ်သွားခဲ့တယ်၊၊
အခုလဲကြည့်ပါ "ကကကြည်းနှင့်ကြံဖွံ့အစိုးရ" သိန်းစိန်ကြံဖွံ့အစိုးရကို လက်နက်ကိုင်လူမျိုးစုအဖွဲ့အစည်းတွေနဲ့အပစ်ခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးတွေပေါ်ဆောင်ခိုင်းပြန်ပါပြီး အထွတ်အထိပ်ရောက်ခါနီးမှ ခင်ညွန့်ကိုထောင်ကျသလို ဦးသိန်းစိန်ကိုထောင်ချသွားမှာကိုစိုးရိမ်မိပါတယ်၊၊
ဘာပဲဖြစ်ဖြစ်တွေးကြောက်စိုးရိမ်တာထက် အကောင်းမြင်ဘက်ကရှုမြင်ပြီး လက်ရှိအချိန်မှာ ရရှိထားတဲ့အခွင့်အရေးကို မလွတ်စတမ်း KNU အဖွဲအစည်းအနေနဲ့ တွေ့သင့်တွေ့ထိုက်တဲ့အချိန်ပါပဲလို့ကျနော်မြင်ပါတယ်၊၊ ဒီတွေ့ဆုံမှု့ဟာလဲသမိုင်းဝင်မဲ့ တွေ့ဆုံမှု့ပါပဲ၊၊ သိန်းစိန်ကြံဖွံ့အစိုးရသဘောထားမမှန်လို့ ဖောက်ဖျတ်သွားမယ်ဆိုရင်လဲ ကရင်ပြည်သူများအနေနဲ့ငြိမ်းချမ်းရေးကိုလိုလားတဲ့အတွက် သမိုင်းရဲ့စာမျက်နာများ အမဲကွက်ထင်ချန်သွားမှာ မဟုတ်ဘူးဆို ဒါသမိုင်းကဒီတွေ့ဆုံပွဲမှာ သက်သေခံသွားမှပါ၊၊

Post a Comment