ondragstart="return false" onselectstart="return false"

Tuesday, December 20, 2011

ဏိင်းသင့်မူ.ဏီ - (DKBA အမှတ်တရ - ကရင်နှစ်သစ်ကူး တေးလက်ဆောင်)

ကရင်နှစ်သစ်ကူးရောက်တော့မယ်.. သီချင်းတွေနားထောင်ရင်း တကယ်ပဲ သွေးရင်း ဒီကေဘီအေ ကို ကျနော်တို့ သတိရမိပါတယ်။ ကရင်နှစ်သစ်ကူးပွဲတော်ကို ခြိမ့်ခြိမ့်သက် ကျင်းပနိုင်ခဲ့တဲ့ တချိန်က ဒီကေဘီအေ ယခုနယ်ခြားစောင့်တပ်ဘ၀ မှာ ကရင်နှစ်သစ်ကူးပွဲတော်ကို စည်ကားစွာ ကျင်းပနိုင်ဖို့ မပြောနဲ့  ဒေသခံများ ကျင်းပတဲ့ နှစ်သစ်ကူးပွဲတောင် လာနိုင် လာအားပါ့မလားလို့ တွေးမိရင်း ရင်မှာ များစွာစိတ်မကောင်းမိတာအမှန်ပါ။

ဘာပဲဖြစ်ဖြစ်ပါ လာလည်သူမိတ်ဆွေများခင်ဗျား.. ဗိုလ်မှူးကြီး ချစ်သူဦးဆောင်တဲ့ နယ်ခြားစောင့်တပ်ညီကို တွေကို ပြောပေးပါ။ ကျနော်တို့ သောသီခိုအဖွဲ့ က ခင်ဗျားတို့ ထုတ်လုပ်ဖြန့် ချီခဲ့တဲ့ ကရင်နှစ်သစ်ကူးပွဲ အမှတ်တရ ဗီဒီယိုမှတ်တမ်းသီချင်းကို ဒီဇင်ဘာ ၂၅ ရက်နေ့ မှာ ကျရောက်မယ့် ကရင်နှစ်သစ်ကူးနေ့ အတွက် ဂုဏ်ယူဝင့်ကြွားစွာ ဘလော့ပေါ်တင်ဆက်ထားပါကြောင်း.. ညီကိုနယ်ခြားစောင့်တပ်များကို လည်း သတိရပါကြောင်း၊ တချိန်က ဒီကေဘီအေခေတ် ကရင်နှစ်သစ်ကူးနေ့ မှာ ကရင့်အလံကို ဂုဏ်ယူဝင့်ကြွားစွာလွင့်တင်ပြီး ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ခဲ့ပေမယ့် ယခုနှစ်များမှာ ဘာကြောင့်မကျင်းပနိုင်ခဲ့သလည်း ဆိုတာ ကရင်ပြည်သူများသိချင်နေကြသလို မျှော်လင့်တမ်းတပါကြောင်း ပြောပေးပါ။



Type the rest of your post here.

No comments:

Post a Comment