ondragstart="return false" onselectstart="return false"

Wednesday, December 7, 2011

မြစ်ကြီးနား ၀န်းကျင် KIA တိုက်ခိုက်မှုတွင် မြန်မာစစ်သား ၃ ဦးကျ

Written by KNG

ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားမြို့ပတ်ဝန်းကျင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၏ ယမန်နေ့ည တိုက်ခိုက်မှုတခုတွင် မြန်မာအစိုးရစစ်သား ၃ ဦးကျပြီး အခြား ၃ ဦးဒဏ်ရာရရှိကြောင်း ဒေသခံများ ပြောသည်။


မြစ်ကြီးနားမြို့ အနောက်မြောက်ဘက် ၄ မိုင်အကွာ နမ်ဂျင်မ် (Nam Jim) လမ်းပေါ် ကြာရာပတီးရွာ (Chyarapati) အစိုးရလုံခြုံရေးတပ်အား KIA တပ်ရင်း (၁၁) စစ်သားများ ည ၁၀ နာရီခွဲခန့်တွင် တိုက်ခိုက်ခဲ့သည်ဟု ရွာသားများဆိုသည်။

သေဆုံး ဒဏ်ရာရရှိသော စစ်သားများသည် မြစ်ကြီးနား မြောက်ဘက် ၈ မိုင်အကွာ ပလနကျေးရွာ နယ်မြေခံ ခလရ (၂၉) မှ ဖြစ်သည်ဟု ဒေသခံများပြောသည်။

၎င်း၏ တပ်ရင်း ၁၁ မှ ယင်းအစိုးရလုံခြုံရေးတပ်အား တိုက်ခိုက်ခဲ့ကြောင်း KIA တပ်မဟာ ၂ ဌာနချုပ် တနိုင်းမြို့နယ် အောင်လောတ် (Awng Lawt)မှ စစ်အရာရှိများ ကချင်သတင်းဌာနသို့ ယနေ့ အတည်ပြုပါသည်။

Type the rest of your post here.

No comments:

Post a Comment