ondragstart="return false" onselectstart="return false"

Saturday, December 31, 2011

KIA မူဆယ် တိုက်ခိုက်မှုတွင် မြန်မာအစိုးရ စစ်သား ၂ ဦးသေ ၃ ဦးဒဏ်ရာရ


ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် ဒီဇင်ဘာ ၂၉ ရက်၊ ကြာသပတေး နေ့လည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ၏တိုက်ခိုက်မှုတွင် မြန်မာအစိုးရတပ်သားတဦးနှင့် ရဲတပ်သားတဦး သေဆုံး၍ သုံးဦးဒဏ်ရာရသည်ဟု မျက်မြင်များပြောသည်။

၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုံအနီး နမ်တောင်းကျေးရွာ (Namtau)တွင် KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၃၆ က ထိုသို့ ချုံခိုတိုက်ခိုက်လိုက်ခြင်းဖြစ်သည်ဟု KIA နှင့်နီးစပ်သည့်သတင်းရပ်ကွက်ကဆိုသည်။

သမ္မတဦးသိန်းစိန်က KIA အပေါ်ထိုးစစ်ဆင်ခြင်းမပြုလုပ်ရန် ၎င်း၏တပ်အား ညွှန်ကြားခဲ့ပြီးနောက် လွန်ပြီးခဲ့သည့်ရက်သတ္တပတ်မှ အင်အား ၅၀၀ ရှိ မြန်မာတပ်များ KIA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၈ ကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

လွန်ခဲ့သည့်ရက်များတွင် ထိုတပ်ရင်း ၈ ဒေသ ရွှေ ရေနံနှင့် သဘာဝဓါတ်ငွေ့ပိုက်လိုင်းတလျှောက် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သိရသည်။

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှု ၇၀% ကျော်လုပ်ဆောင်နေသည့် ၁၀၅ မိုင်နယ်စပ်ကုန်သွယ်ရေးဇုံသို့ ဆက်သွယ်ပေးသည့် မန္တလေး-မူဆယ်လမ်းတစ်လျှောက် ဇွန်လနှောင်းပိုင်းကတည်းက တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။
http://kachinnews.com/burmese

No comments:

Post a Comment