ondragstart="return false" onselectstart="return false"

Tuesday, December 13, 2011

ထား​ဝယ်ခရိုင်တွင် ​ကေအန်ယူနှင့်​ အစိုး​ရတပ် တိုက်ပွဲဖြစ်

by မန်းစိုင်းမွန်

မြန်မာအစိုး​ရနဲ့​ ​ကေအန်ယူတို့​အပစ်ရပ်​ရေး​ ​ဆွေး​နွေး​နေ​ပေမယ့်​ ထား​ဝယ်ခရိုင်မှာ တိုက်ပွဲ​တွေ ဆက်လက်ဖြစ်ပွား​နေပါတယ်။

အစိုး​ရတပ် စစ်ကွပ်ကဲ​ရေး​ဋ္ဌာနချုပ် စကခ ၈ လက်​အောက်ခံ ခမရ ၄၀၉ နဲ့​ ထား​ဝယ်ခရိုင် ​ကေအန်ယူ (ကရင်အမျိုး​သား​အစည်း​အရုံး​) တပ်မဟာ ၄ နယ်​မြေမှာ ဒီဇင်ဘာ ၆ ရက်​နေ့​က တိုက်ပွဲ​တွေ ဖြစ်ပွား​နေတာပါ။

ကေအန်ယူ တပ်မဟာ ၄ ​ပြောခွင့်​ရသူတဦး​က “တိုက်ပွဲဖြစ်တာက ကျ​နော်တို့​ထား​ဝယ်ခရိုင် ​မေတ္တာမြို့​နယ်တွင်း​မှာ။ ဖြစ်တာက ၁၀ မိနစ်​လောက်ပဲကြာတယ်။ မိုင်း​ခွဲပြီး​ ၁၀ မိနစ်​လောက် ပစ်ကြတာ​ပေါ့​။ ရန်သူက​တော့​ တပ်သား​ ၁ ဦး​ရယ်၊​ တပ်ကြပ် ၂ ဦး​ ဒဏ်ရာရတယ်။ ​သေတာ​တော့​ ကျ​နော်တို့​မသိရဘူး​”လို့​ ​ပြောပါတယ်။

ခမရ ၄၀၉ တပ်ရင်း​က တိုက်ပွဲမှာ ဒဏ်ရာရစစ်သား​တွေကို ထီး​ထာစခန်း​ကို ပို့​ဖို့​ ​ဒေသခံရွာသား​တွေကို ​ပေါ်တာဆွဲတဲ့​အပြင် ရွာအပြင်မှာရှိတဲ့​ ​တောင်ယာ​တွေကို မသွား​ဖို့​ အမိန့်​ထုတ်ထား​တယ်လို့​ ​ကေအန်ယူက ​ပြောပါတယ်။

အစိုး​ရက ငြိမ်း​ချမ်း​ရေး​စကား​ကမ်း​လှမ်း​နေတဲ့​ တချိန်တည်း​မှာ စစ်တပ်​တွေကို အင်အား​တိုး​ချဲ့​နေတာဖြစ်​ကြောင်း​ တပ်မဟာ ၄ ​ပြောခွင့်​ရသူက ဆိုပါတယ်။

“အ​ပေါ်က ငြိမ်း​ချမ်း​ရေး​ဆိုပြီး​ ​အောက်မှာ တပ်​တွေတအား​တိုး​နေတယ်။ အစတုန်း​က ဒီနယ်​မြေမှာ တပ်ရင်း​ ၂ ရင်း​တည်း​ရှိတာ၊​ အခု ၃ ရင်း​ထပ်တိုး​လာ​တော့​ ၅ ရင်း​ ဖြစ်သွား​တာ​ပေါ့​။ ​အောက်မှာ တပ်​တွေက တအား​တိုး​တော့​ ကျ​နော်တို့​ဘက်ကလည်း​ ကိုယ့်​နယ်​မြေထဲဝင်လာ​တော့​ ကိုယ်ကချရမှာ​ပေါ့​။”

နိုဝင်ဘာ ၂၀ ရက်​နေ့​က ​ကေအန်ယူနဲ့​ မြန်မာအစိုး​ရ အထူး​ကိုယ်စား​လှယ်​တွေ ထိုင်း​နိုင်ငံ​မြောက်ပိုင်း​ ချင်း​ဂရိုင်း​ခရိုင်မှာ အပစ်ရပ်​ရေး​ဆွေး​နွေး​ပြီး​နောက်ပိုင်း​ နိုဝင်ဘာ ၂၃ ရက်​နေ့​ကလည်း​ ကရင်ပြည်နယ် ကြာအင်း​ဆိပ်ကြီး​မြို့​နယ်ထဲက ဘုရား​ ၃ ဆူမြို့​နယ်ခွဲမှာ ​ကေအန်ယူ တပ်မဟာ ၆ တပ်ရင်း​ ၁၆ နဲ့​ဘုရား​သုံး​ဆူမြို့​အ​ခြေစိုက် ခမရ ၅၄၃ တပ်ရင်း​ တိုက်ပွဲဖြစ်ပြီး​ အစိုး​ရစစ်သား​ ၆ ဦး​ ကျဆုံး​ခဲ့​တယ်လို့​ သိရပါတယ်။
http://burmese.dvb.no/archives/18729

No comments:

Post a Comment