ondragstart="return false" onselectstart="return false"

Thursday, December 1, 2011

ကချင်ပြည်နယ် တိုက်ပွဲသတင်း

ပေးပို့ သူ - လထောလက်

နိုဝင်ဘာ ၃၀ ညနေပိုင်း ၃နာရီခွဲလောက် မှာ ကချင်ပြည်နယ် အခြေစိုက် ခြေလျင်တပ်ရင်း ၁၄၁ တပ်ရင်းမှူး ဒုမှူးကြီးစိုးသူရ ဦးဆောင်သော အင်အား(၁၀၀) လောက်ဟာ ပေါ်တာ အယောက် (၅၀) လောက် စုဆောင်းပြီး ချီတက်လာစဉ် ဆင်ဘို အနား မန်ကင်းကျေးရွာ မဆွမ်ရွန်းလမ်းမပေါ်တွင် KIA တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း (၅) မှရဲဘော်များခြုံခိုတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့တယ်လို့သိရတယ်..
ပေါ်တာ ထဲက (၁၀) ယောက်လောက်က ထွက်ပြေးသွားတယ်လို့လည်းသိရတယ်..

နိုဝင်ဘာ ၃၀ မနက် ၇နာရီလောက်မှာ အစိုးရစစ်တပ် ခမရ ၃၈၅ မှ အင်အား (၃၀) ၀န်းကျင် ဟာ တာလောရွာအပြန် ဧရာဝတီ မြစ်ကူးဖို့ စက်လှေစောင့်နေချိန်တွင် KIA တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း (၁၁) မှ ရဲဘော် တွေ မိုင်းဆင် တိုက်ခိုက်ခဲ့တယ်လို့သိရသည်။ တိုက်ခိုက်မူကြောင့် အစိုးရစစ်သား ၄ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိတယ်လို့သိရတယ်။ ခမရ ၃၈၅ မှ လက်နက်ကြီးဖြင့်ပြန်လည် ပစ်ခတ်ရာ တာလောကျေးရွာ ဘုန်းကြီးကျောင်းဝင်း သို့ လက်နက်ကြီးထိပြီးဘုန်းကြီးကျောင်းမီးလောင်သွားတယ်လို့သိရသည်။ အစိုးရစစ်တပ်မှပစ်ခတ်မူကြောင့် ရွာသား ၁ဦး သေဆုံးပြီး ၆ဦး လောက်ဒဏ်ရာရရှိသွားတယ်လို့သိရသည်။

Type the rest of your post here.

No comments:

Post a Comment