ondragstart="return false" onselectstart="return false"

Tuesday, May 8, 2012

ဒု-သမ္မတ ခေါင်းဆောင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်း

May 8, 2012 by ရွှေအောင် - DVB

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်ဖို့အတွက် ဒုတိယသမ္မတ စိုင်းမောက်ခမ်း ခေါင်းဆောင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း မေ ၃ ရက် ရက်စွဲနဲ့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်လိုက်ပါတယ်။

လုပ်ငန်းကော်မတီဥက္ကဋ္ဌအဖြစ် ဒုတိယသမ္မတစိုင်းမောက်ခမ်းက ခေါင်းဆောင်ပြီး၊ ဒုတိယဥက္ကဋ္ဌ နှစ်ဦးအဖြစ် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်းနဲ့ ပြည်ထောင်စုရထားဝန်ကြီး ဦးအောင်မင်းတို့ ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။

အဖွဲ့ဝင် ၄၀ လောက်ပါရှိတဲ့ အဲ့ဒီကော်မတီထဲမှာ စစ်တိုင်းမှူးတွေ၊ပြည်နယ် ၀န်ကြီးချုပ်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ အစုံအလင် ပါဝင်ကြောင်း အမိန့်စာ လက်ဝယ်ရရှိထားသူ တဦးက ခုလို ဖတ်ပြပါတယ်။ အသံဖိုင်တွင် နားဆင်နိုင်ပါသည်။


Type the rest of your post here.

No comments:

Post a Comment