ondragstart="return false" onselectstart="return false"

Monday, May 14, 2012

ပန်ဝါတွင် KIA တပ်ရင်းသစ် ဖွဲ့စည်း

14 May 2012
By KNG

မြန်မာအစိုးရစစ်တပ်အောက် နယ်ခြားစောင့်တပ် (ယခင် NDA-K အဖွဲ့) ထိန်းချုပ်သည့် ကချင်ပြည်နယ် ပန်ဝါမြို့နယ်ခွဲတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)၏ တပ်ရင်းသစ်ကို ပြီးခဲ့သည့်အပတ်တွင် ဖွဲ့စည်းခဲ့သည်။

ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDA-K) ခွဲထွက် စစ်သားများဖြင့် အဓိကဖွဲ့စည်းသော KIA တပ်ရင်းသစ် အမှတ် ၃၂ သည် NDA-K ဌာနချုပ်ဟောင်း ပန်ဝါဒေသတွင် အခြေစိုက်မည်ဟု KIA ဗဟိုဌာနချုပ်မှ အရာရှိများ KNG ကချင်သတင်းဌာနသို့ ပြောသည်။

ကချင်ပြည်နယ် အရှ့မြောက်ပိုင်းမှာ မြန်မာအစိုးရတပ်နှင့် KIA တိုက်ပွဲဖြစ်ပွားသည့် နေရာ။

၎င်း တပ်ရင်းသစ်၏ စစ်ယူနီဖေါင်းသည် ဘယ်ဘက် ပခုံးမှာ ‘ထင်းရှူးပင်တံဆိပ်’ နှင့် ညာဘက် ပခုံးမှာ ‘KIA တံဆိပ်’ ဖြစ်သည်။

ဧပြီ ၂၅ မှစပြီး မြန်မာ့တပ်မတော်နှင့် KIA ကြား တိုက်ပွဲများ ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ် နှင့် ပန်ဝါမြို့နယ်ခွဲများတွင် ဖြစ်ပွားနေသည်ဟု ဒေသခံများ KNG ကချင်သတင်းဌာန သို့ပြောသည်။

ယင်းဒေသ ၃ ခု ကချင်ပြည်သူများသည် စစ်ဖြစ်နေချိန် ၎င်းတို့ကျေးရွာအနီး တောတောင်များတွင် ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံများပြောသည်။

ပထ၀ီအနေထားနှင့် စစ်ပွဲအခြေနေများကြောင့် ယင်းဒေသသို့ ပြင်ပမှ (မြန်မာအစိုးရထိန်းချုပ်ဒေသနှင့် တရုတ်နယ်စပ်) စစ်ပြေးဒုက္ခသည် အကူညီများ ပေးရန်လည်း ခက်ခဲကြောင်း ပန်ဝါဒေသခံများဆိုသည်။

No comments:

Post a Comment