ondragstart="return false" onselectstart="return false"

Tuesday, May 15, 2012

ဟင်္သာတမြို့ ဗုံးဖောက်ခွဲမှု သံသယရှိသူတစ်ဦး တိုင်းရဲတပ်ဖွဲ့ဖမ်းဆီးခေါ်ဆောင်လာ

ယခင်ဒီကေဘီအေ ယခုကလိုထူးဘော တပ်မှ ဗိုလ်ချူပ်စောလားဘွယ်ခင်ဗျား... သတိနဲ့ အမြဲနေပါလို့ တိုက်တွန်းချင်တယ်... ထိုင်းနဲ့ ဗမာအစိုးရ အပေးအယူတဲ့နေတယ် ဆိုဒါ ဒီသတင်းက သက်သေခံနေပါတယ်။ ဟင်္သာတမြို့ ဗုံးခွဲတရာခံလို့ သံသယရှိသူကို ထိုင်းအကူအည်ီနဲ့ ဖမ်းတယ်လို့ ဒီသတင်းကဆိုပါတယ်.. ဗိုလ်ချူပ်နှုတ်ခမ်းမွှေးကို မူးယစ်ရာဇာအဖြစ်ထိုင်းက ၀ရမ်းထုတ်တာ ဗမာအစိုးရက ယနေ့ အထိနှုတ်ပိတ်ငြိမ်နေတာ သူတို့ ပါဝင်ပါတ်သက်နေတယ်ဆိုတာ ၀န်ခံလိုက်တာပဲဖြစ်တယ်။ အရင်တုံးက ထိုင်းကခုလို လိုက်ပြီးလုပ်ဆောင်ပေးတဲ့ ဒီလို သတင်းမျိုး တခါမှမကြားဘူးပါ။ ထိုင်းနဲ့ ဗမာအစိုးရ အပေးအယူ လုပ်ပြီး တစ်ဦးကို တစ်ဦး အလိုရှိတဲ့လူတွေကို ထိုးကျွေးတော့မယ်ဆိုဒါ သတိရှိကြပါ။ သည့်ပြင်မက တခြားတော်လှန်ရေးအဖွဲ့ အစည်းတွေလည်း သတိရှိပါလို့ တိုက်တွန်းချင်တယ်...
xxxxxxxxxxxxxx

2012-05-14

ဟင်္သာတမြို့ ဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်ပြီး သံသယရှိခံရသူတစ်ဦးကို တိုင်းရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးခေါ်ဆောင်လာခဲ့တယ်လို့ ဟသာင်္တမြို့ခံ မျက်မြင်သက်သေတွေက ပြောဆိုကြပါတယ်။

မြန်မာ ရဲတပ်ဖွဲ့ဝင်များဖြစ်ပါသည်။ (Photo: AFP)

သံသယရှိသူကို ဖမ်းဆီးခေါ်ဆောင်လာခဲ့ပြီး ဖောက်ခွဲရေးပစ္စည်းများ၊ သိမ်းဆည်းထားရာ နေရာတွေကို လိုက်လံပြသခိုင်းတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဟင်္သာတမြို့ ဓမ္မဗိမာန်ကျောင်းဝင်းအတွင်း ၀ှက်ထားတဲ့နေရာကို လိုက်လံပြသခိုင်းတာဖြစ်ကြောင်း မျက်မြင်သက်သေတစ်ဦးက အခုလို ပြောပြပါတယ်။

" မြင်တွေ့တော့နေရတယ်။ တရားခံကို လက်ထိပ်ခတ်ခေါ်လာတယ်။ ကိုက် ၅၀ အကွာလောက်မှာ။ ရယက ဥက္ကဋ္ဌအပြောက တိုင်းကလို့ပြောတယ်။ သူတို့က အဲဒီတရားခံကိုခေါ်လာတာ။ ခေါ်လာပြီးတော့ အဲဒီမှာ သရုပ်ပြတွေ ဘာတွေရော၊ သူ့ရဲ့ ညဘက်ကျော်တက် ဖောက်တာတွေရော၊ အုတ်တံတိုင်းကျော်တာတွေ ပြတာ။ ကြောက်တာလည်းပါတယ်။ သွားကိုမကပ်ရဲဘူး။ လာတဲ့ လူတွေကိုလည်း လူစိမ်းတွေဖြစ်နေတော့ သွားပြီးတော့ မမေးမြန်း၊ မစပ်စုရဲဘူး"

မတ်လအတွင်းက ဟင်္သတာမြို့မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် ကြေးနန်းနဲ့စာတိုက် တာဝန်ရှိသူနဲ့ ဆက်သွယ်ရေးဌာနက တာဝန်ရှိသူတစ်ဦးအပါအ၀င် ဟင်္သတာမြို့ခံ ၄ ဦးကို ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ အဲဒီနောက် ပြီးခဲ့တဲ့နေ့က သံသယရှိသူတစ်ဦးကို ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေ ထိုင်းရဲရဲ့အကူအညီနဲ့ ပြန်လည်ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ကြားသိရပေမဲ့ အာဏာပိုင်တွေက တိတိကျကျ သတင်းထုတ်ပြန်ခြင်း မရှိသေးဘူးလို့ ဒေသခံ နောက်တစ်ဦးက အခုလို ပြောပါတယ်။

" မြို့နယ်အုပ်ချုပ်ရေးမှူးရုံးထဲမှာ ဗုံးခွဲသွားတဲ့လူကို ယိုးဒယားရဲကနေ ဖမ်းပေးတယ်ဆိုပြီးတော့ သတင်းကြိုရတယ်။ ရပြီးတော့ မနေ့က ကျွန်တော်တို့ ဒီကိုခေါ်လာမယ်ဆိုပြီးတော့ အားလုံးနားစွင့်နေကြတာပါ့ဗျာ။ တိုင်းရဲတပ်ဖွဲ့မှူးက ဦးမျိုးသန်း၊ သူတို့ဦးဆောင်ပြီးတော့ လူအင်အား ၁၈ ယောက်လောက်နဲ့လာတယ်လို့ ကျွန်တော်တို့ သိရတယ်။ ဒါပေမဲ့ အများပြည်သူ ထင်သာမြင်သာရှိအောင်လည်း မပြောခဲ့ဘူး။ ဒေသအာဏာပိုင် အချင်းချင်းကလည်း တိကျပြတ်သားတဲ့ အဖြေမျိုးကို ကျွန်တော်တို့ကို မပြောနိုင်ဘူး။ ဘာဖြစ်လို့ ဒါကို ကျွန်တော်တို့က အဲလိုပြောရလဲဆိုတော့ လူက ဒီဗုံးဖောက်တဲ့ တရားခံနာမည်က သတင်းက နှစ်မျိုးထွက်တာကိုး၊ ဒီတရားခံတကယ် ဟုတ်လို့လား၊ ဘယ်လိုပုံစံမျိုးလဲ။ ဘယ်သူလဲဆိုတာတော့ တစ်မြို့လုံးကတော့ သိချင်နေတာပေါ့လေ"

ဒီဗုံးဖောက်ခွဲမှုနဲ့ ပတ်သက်လို့ ဖမ်းဆီးမိသူဟာ တရားခံအစစ် ဟုတ်မဟုတ် အသေအချာ မသိရသေးကြောင်းနဲ့ သံသရှိသူကိုတော့ တိုင်းရဲတပ်ဖွဲ့က ပြန်လည်ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ ဟင်္သတာခရိုင် အုပ်ချုပ်ရေးမှူး ဦးလှဝေနဲ့ ဟင်္သာတရဲစခန်းတို့ကို RFA ကဖုန်းဆက် စုံစမ်းမေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပါဘူး။
http://www.rfa.org/burmese/news/hinthada-bomb-05142012104650.html

1 comment:

ကညော said...

အမေရိကားနှင့် ထိုင်းကို သွားလာနေတဲ့ KKO ဥကဌ ရောဘတ်ဇံကိုလည်း
သတိထားစေချင်ပါတယ်။ဘာလို့ လည်းဆိုတော့ဗမာအစိုးရရဲ့မက်လုံးတွေ
ထဲမှာမူးနေတဲ့ ထိုင်း အစိုးရ ဟာ ဗိုလ်လားဘွယ် ကိုမူးရစ်ဆေးဝါးအမှုနဲ့ 
ဖမ်းဝရမ်းထုပ်ထားတာ ဖြစ်တဲံ့အတွက် ရောဘတ်ဇံကိုလည်း ဗိုလ်လားဘွယ်
ရဲ့အဖွဲ့ အစည်းနှင့်ပတ်သတ်တယ်ဆိုပြီး ဆွဲ စိ လိုက်မှာစိုးလို့ ပါ။
လွန်ခဲ့တဲ့ ကိုးနှစ် လောက် က ပိုင်ရှင်မမိ အ ထောင်အထား မရှိသိမ်းဆည်းမိခဲ့တဲ့ မူးရစ်မူးရစ်ဆေးဝါး တွေကြောင့် အ ခုအချိန်မှ ဗိုလ်
လားဘွယ်ကို မှ တိုက်ကတ် ထားပြီး တိုက်ခိုက်လာတဲ့ ထိုင်းအစိုးရရဲ့ ပြုမူ
ပုံကတော့ မူမမှန်ဘဲကြောင်တောင် တောင် ဆန် လွန်းပါတယ်။ သေခြာတာ
တစ်ခုကတော့ ထိုင်း နှင့် ဗမာအစိုးရ ပေါင်းပြီး ချက် (chess)ရွေ့ နေပြီ ဆိုတာဘဲ......ထိုင်းအစိုးရကိုတစ်ခုအကြံပေးချင်တာက အဟောင်းတွေကိုပြန်လည်တူးဖော် ပြီး မူးရစ်ရာဇာတွေကို တစ်ကယ် ဖမ်းဖို့ 
ဗမာအစိုးရကို အကူအညီတောင်း ချင်တယ်ဆိုရင် မူးရစ်ဆေးဝါးမှာတစ်ကယ်လက်စောင်းထက်ခဲ့တဲ့ခွန်ဆာကို အရင်လွဲအပ်ခိုင်းရမှာပါ။

Post a Comment