ondragstart="return false" onselectstart="return false"

Friday, May 4, 2012

ဒေါ့ဖုန်းယန်မြို့ထဲ မြန်မာစစ်ကြောင်းကို KIA တိုက်ခိုက်

KNG

မေ ၃ ရက် — ကချင်ပြည်နယ် ဗန်းမော် (မန်မော်) ခရိုင် ဒေါ့ဖုန်းယန်မြို့သို့ ၀င်သာသော မြန်မာအစိုးရ စစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)မှ ဗုံး၊ လက်နက်ငယ်များဖြင့် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများဆိုသည်။

နံနက် ၈ နာရီခန့်က မြစ်ကြီးနား-ဗန်းမော် (မန်မော်) လမ်းကြောင်း နားလုံကျေးရွာမှ ဒေါ့ဖုန်းယန်သို့ ၀င်လာသည့် အစိုးရစစ်ကြောင်းကို KIA စစ်သားများမှ ဗုံးဖောက်ခွဲပြီး လက်နက်ငယ်ပစ်ခတ်ခဲ့သည်ဟု KIA အရာရှိများ ပြောသည်။

တိုက်ခိုက်မှုတွင် မြန်မာစစ်သား ကျဆုံး ဒဏ်ရာရရှိသူများ ၁၀ ဦး အထက်ရှိမည်ဟု KIA ကဆိုသော်လည်း ကချင်သတင်းဌာန(KNG) က သီးခြားအတည်ပြုချက် မရရှိသေးပါ။

Type the rest of your post here.

1 comment:

Karen-Shop said...

ကေအိုင်အေ ရေ... ဗမာစစ်တပ်စခန်းတွေ အကုန်တိုက် သူတို့အကုန်သေမှ ငါတို့မြန်မာပြည် အေးချမ်းမယ်။ ကေအိုင်ယူ လိုမလုပ်နဲ့ တစ်နိုင်ငံလုံး အတိုင်းအတာ လက်မထိုးပြီး ကချင်ဘယ်ကြည့်လိုက်ရင် နေ့တိုင်း ပစ်တယ်ဆိုတော့ ပစ်ဟေ့ ကေအိုင်အေ ကို အားပေးတယ်။ အိစရေးလိုပေါ့ တစ်နေ့ ပန်းတိုင်ရောက်သွားမယ်။

Post a Comment