ondragstart="return false" onselectstart="return false"

Tuesday, May 1, 2012

အကြီးဆုံး တရုတ်နယ်စပ် ကုန်သွယ်ရေး ဂိတ်အား KIA သိမ်း

By KNG

ကချင်ပြည်နယ်ရှိ အကြီးဆုံး တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်ခဲ့သည့် လဂျားယန် စုပေါင်းဂိတ်အား မြန်မာအစိုးရလက်အောက်မှ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)က ပြီးခဲ့သည့်အပတ် ကုန်ပိုင်းတွင် ပြန်လည်သိမ်းယူနိုင်ခဲ့သည်

လဂျားယန် မြန်မာစစ်စခန်းနှင့် စုပေါင်းဂိတ်ကို KIA မှ သိမ်းပိုက်နိုင်ခဲ့သော်လည်း ၂၀၀၄ ခုနှစ်ကတည်းက KIA မှ သိမ်းယူသော ရွာအနီး Lung Rawk စခန်းတွင် မြန်မာစစ်သားများ ရှိနေဆဲဖြစ်သည်။

ဧပြီ ၂၆ ရက် တနေ့နီးပါး အစိုးရစစ်ကြောင်းနှင့် ပြင်းထန်သည့် တိုက်ပွဲများဖြစ်ပွားပြီးနောက် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမပေါ်ရှိ လဂျားယန်ကျေးရွာမှ အစိုးရစစ်စခန်းအားလုံးနှင့် စုပေါင်း (ဌာနပေါင်းစုံ) ဂိတ်ကို KIA တပ်ဖွဲ့များ ၀င်ရောက်သိမ်းပိုက်လိုက်ခြင်းဖြစ်သည်ဟု ရွာသားများပြောသည်။

သို့သော် ကျေးရွာအနီး ပြီးခဲ့သည့် ၂၀၀၄ ခုနှစ်က KIA တပ်မှ သိမ်းယူထားသော Lung Rawk Bum ကုန်း စစ်စခန်းတွင် မြန်မာစစ်သားအခိုင်အမာ ရှိနေသေးသည်ဟု ရွာသားများက ဆိုပါသည်။

lung-rawt-kia-post

No comments:

Post a Comment