ondragstart="return false" onselectstart="return false"

Wednesday, May 30, 2012

ကရင် လူမျိုးစုတွေကို ယာယီ မှတ်ပုံတင်ကဒ်ပြား ထုတ်ပေး

နော်ဝေ သံအမတ်နှင့် KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အတွင်းရေးမှူး လက်ဆွဲ နှုတ်ဆက်

လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီနဲ့ KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အတွင်းရေးမှူး ဗိုလ်မှူး ထူးထူးလေးတို့ဟာ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် တပ်မဟာ ၃ နယ်မြေထဲက ကရင်လူမျိုး
အများစု နေထိုင်တဲ့ ကျေးရွာတွေကို မေလ ၂၈ ရက်နေ့က ယာယီ မှတ်ပုံကဒ်ပြား ထုတ်ပေး ခဲ့ကြပါတယ်။ ကျောက်ကြီးမြို့နယ်မှာ စစ်ကြောင့် ပြေးလွှားနေရတဲ့ ပြောင်းရွှေ့နေထိုင်သူတွေကို
ကျောက်ကြီးမြို့နယ်က KNU ဆက်ဆံရေးရုံးမှာပဲ ယာယီ မှတ်ပုံတင်ကဒ်ပြား ထုတ်ပေးခဲ့တာဖြစ်သလို အဲဒီသူတွေရဲ့လူမှုဘဝ ပြန်လည် ထူထောင်ပေးဖို့ အတွက်ကိုလည်း မြန်မာနိုင်ငံဆိုင်ရာ
နော်ဝေ သံအမတ်ကြီးနဲ့ အဖွဲ့က အရင်ဦးဆုံး အနေနဲ့ အမေရိကန်ဒေါ်လာ ၅ သန်းကို ထောက်ပံ့ အကူအညီ ပေးသွားမယ်လို့ သိရပါတယ်။



http://www.burmavjmedia.net/?p=11821
Type your summary here.Type the rest of your post here.

2 comments:

hsalor said...

ကိုယ့်နိုင်ငံထဲမှာ ကိုယ်နေပြီးယာယီမှတ်ပုံတင်အဆင့်ပဲရတယ်ဆိုတော့
ကျွန်တော်တို့ကရင်လူမျိုးတွေကို တိုင်းပြည်နိုင်ငံမရှိတဲ့လူမျိုးတွေဆိုပြီး
သတ်မှတ်နေတာနဲ့အတူတူပဲ

Saw Patrick said...

်န၀င်း လက်ထက်ကထဲကလုပ်စားလာတာဆိုတော့ သူတို့ကြွမ်းကျင်နေတဲ့အလုပ်ပဲလေ။
အလှူရှင်ရှေ့မှာမျောက်ကိုမြေပဲစေ့လေးတစေ့ကြွေးပြအိမ်ပြန်ရောက်တော့မှ အငတ်ထားရိုက်ပြီးအကသင်တာပေါ့။
နော်ဝေကအလှူရှင်သံအမတ်သဘောကျအောင်လုပ်တာပါ။ဒီလိုယာယီမှတ်ပုံတင်ထုတ်ပေးတဲ့ကိစ္စကနိုင်ငံသားတိုင်းမွေးရာပါအခွင့်အရေးပဲ ဒါပေမဲ့ ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်ဖို့အတွက် ဖဲလိမ်ရိုက်ဖို့ထိုးလျော်ပြနေတဲ့အလုပ်တွေပါ။ ရခိုင်နဲ့ရှမ်းပြည် နေရာအနှံ့အပြားမှာတွေ့နေရတာပဲ။

Post a Comment