ondragstart="return false" onselectstart="return false"

Thursday, May 31, 2012

Long Burmese Kachin State Analysis

long burmese kachin state analysis

Type the rest of your post here.

2 comments:

Saw Patrick said...

ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက် အဖွဲ့ အစီရင်ခံစာကိုဖတ်ပြီးတဲ့အခါမှာ ကရင်ပြည်နယ်ဖက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရော တပြည်လုံးကလက်နှက်ကိုင်အဖွဲ့များပါ အားလုံးသင်ခန်းစာယူကြရမဲ့ကိစ္စဖြစ်တယ်။ ဒေသတွင်းစစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့အမှန်တကယ် "ဒေသဖွံ့ဖြိုးရေး" တာ တကယ်တော့လက်ရှိအာဏာရအစိုးရနဲ့မက သူတို့ကိုနောက်ကကြိုးကိုင်ထားတဲ့ အာဏာရှင် စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ အလိုကြလုပ်ချင်တိုင်းလုပ်နေကြတဲ့တဖက်သတ် နပန်းပွဲ သားသတ်ပွဲကြီးပဲဖြစ်တယ်။လက်ရှိ အစိုးရသစ်နဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ အဓိကပြေးလမ်းက အမေရိက အပါအ၀င် ဥရောပနိုင်ငံကြီးတွေရဲ့ စီးပွါးရေးပိတ်ဆို့မှုနဲ့ဖိအားတွေလျော့ကျလာဖို့ ဟန်ပြလုပ်နေတဲ့ အတုအယောင် ငြိမ်းချမ်းရေးတွေဖြစ်တယ်။တကယ်တော့ သူတို့စစ်အစိုးရအုပ်စုတွေဟာ တိုင်းရင်းသားတွေရဲ့ဒေသအသီးသီးကသယံဇာတတွေနဲ့ သဘာဝအရင်းအမြစ်တွေကို သူတို့နဲ့အပေါင်းအပါသားသမီးဆွေမျိုးအုပ်စုတွေနဲ့ လက်တကွက်စာ စီးပွါးရေးသမားတွေ အားလုံး အနီးအနား စီးပွါးဖက်နိုင်ငံတွေနဲ့ပူးပါင်းပြီး အရလုပ်သွားမှာဖြစ်တယ်။အဲဒီလိုလုပ်တဲ့နေရာမှာ ဘယ်တိုင်းရင်းသားအဖွဲ့မဆို ပြောလို့ရယင်ရမရယင် ရှင်းပြစ်မှာပဲ စစ်တပ်အင်အား အာဏာတွေအကုန်သုံးပြီး သူတို့သွားနေကြတလမ်းသွားစံနစ်ကိုပဲ ပုံစံပြောင်း စကားလုံးလှလှတွေသုံး နိုင်ငံတကာအသိုင်းအ၀ိုင်းတွေကိုမျက်လှဲ့ပြ ပြည်တွင်းပြည်ပနိုင်ငံရေးအုပ်စုတွေနဲ့ လက်နှက်ကိုင်အဖွဲ့တွေကို အမှဲ့ခြွေနည်းနဲ့ ဆက်လက်ချုပ်ကိုင်သွားမယ်ဆိုတာ ကချင်ပြည်ငြိမ်းချမ်းရေး နဲ့ ဖွံ့ဖြိုးရေး သုံးသပ်မှုအစီရင်ခံစာက သက်သေပြနေပါပြီ။ လက်ရှိငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ ခေါင်းဆောင်များ နမူနာယူသင့်ပါတယ်။
(စောပက်ထရစ်)ကရင်အမျိုးသားခေါင်းဆောင်

sp said...

စောပက်ထရစ် ရေ......ကရင်အမျိုးသားဆိုရင်ရပါပြီဗျာ ဘယ့်န့ဲ့ ခေါင်းဆောင်ဆိုတဲ့အသုံးအနှုန်းဆိုတာကြီးကို ဘာအမြင်နဲ့ ထည့်ရတာလည်း....ဘွဲ့ ထူးဂုဏ်ထူးတွေဆိုတာ ပကာသန သက်သက်ပါ။လက်တွေ့ ကသာအဓိကကျပါတယ်။ပြီးတော့ကရင်အမျိုးသားခေါင်းဆောင်
ဆိုတာတွေက တန်းစီပြီးရိုက်သတ်လို့ မကုန်အောင် များပြီး အခုထက်ထိကရင်အမျိုးသားတွေအတွက် လက်ဆုပ်လက်ကိုင်ပြနိုင်လောက်တဲ့
အကျိုးသက်ရောင်မှုတွေ ဘာမှလုပ်ပြနိုင်သေးတာမဟုတ်ဘူး....

Post a Comment