ondragstart="return false" onselectstart="return false"

Friday, July 27, 2012

အပစ်ရပ်တိုင်းရင်းသားဒေသ မူ(၅)ရပ်ဖြစ်နော်ဝေးကူညီနေ - " Ashley South"


နော်ဝေနိုင်ငံရဲ့ (Myanmar Peace Support Initiative (MPSI)ကိုယ်စားလှယ် - Ashley South)

2011 နှစ်ဦးမှာ MR. Ashley South က Burma's Longest War စာအုပ်ကို ထုတ်ဝေရေးသားခဲ့ပါသည်။ အဲဒီစာအုပ်ထဲမှာ KNU ကို အဆိုးမြင်များနဲ့ ကောက်ချက်ချ ရေးသားထားတာ တွေ့ ရသည်သာမက မသိမသာ ကရင်တွေကို သွေးခွဲရေးထားတဲ့ အရေးအသားတွေလည်း ပါဝင်နေပါသည်။ အောက်က လင့်ကို ယူပြီး ဖတ်ပါ။

http://thawthikho.blogspot.com.au/2011/03/burmas-longest-war-anatomy-of-karen.html

ထိုစာအုပ်ကို ရေးသားပြီးနောက်ပိုင်းမှာ ကရင့်အသိုင်းအ၀န်းသာမက ကရင့်အရေးနှင့်မြန်မာ့အရေးကို စိတ်ဝင်စားတဲ့သူ တော်တော်များများက ထိုကိစ္စနှင့်ပါတ်သက်၍ ပြောဆို ငြင်းခုံ ဝေဖန်မှုအမျိုးမျိုးရှိခဲ့ပါသည်။ Ashley south စာအုပ်ကို ပြန်လည်တုံ့ ပြန်သော အရေးပါသော ဆောင်းပါးနှစ်ပုဒ်ကို လည်း ပို့ စ်တင်သူအနေနဲ့ ဒီနေရာမှာ ချပြလိုပါသည်။


(၁) နော်ထူးဖေါ ရေးသားသော - Karen Struggle Divides Opinion as Refugees Fight Deportation

http://www2.irrawaddy.org/article.php?art_id=21966

(၂) MARK FARMANER ရေးသားသော - Attacking Academic Freedom or Legitimate Scrutiny?

http://www2.irrawaddy.org/article.php?art_id=22075

ဧရာဝတီမှာ တင်ထားတဲ့ အဲ့ဒီဆောင်းပါးနှစ်ပုဒ်မှာ လူအများက ၀င်ရေးတဲ့ ကော်မန့် တွေကို လည်း ဖတ်စေချင်ပါသည်။

Ashley Shout ရေးသားသော စာအုပ်၊ သူ့ ကို ပြန်လည်တန်ပြန်ထားသော ဆောင်းပါးနှစ်ပုဒ်နှင့် ယခုသတင်းကို ဆက်စပ် ဖတ်ပြီးရင် ၀တ္တု နှင့် ဇာတ်ညွန်းရေးသားသူ၊ ထုတ်လုပ်သူ၊ ထုတ်ဝေခွင့်ပြုသူအဏာပိုင်များ၊ ဒါရိုက်တာ၊ သရုပ်ဆောင် အစသဖြင့် ရုပ်ရှင်ကားတခုဖြစ်ပေါ်လာပုံ အခြေအနေမှန်တွေကို တိခေါက်နိုင်မည်ဟု မျှော်လင့်ပါသည်။


သရုပ်ဆောင် မင်းသားမင်းသမီးကို ပဲကြိုက်မလား လူကြမ်းသရုပ်ဆောင်ကိုပဲကြိုက်မလား .... အဲတာ အကြိုက်ချင်းတော့ တူမယ် မထင်ပါ။ ဒီတော့ ရှူစားတော်မူပါ ပရိတ်သတ်အပေါင်းတို့ ... ဘယ်သူတွေက ဘယ်နယ်ပယ်က အမြတ်ထွက်မလည်း ဆိုတဲ့မေးခွန်းကို တော့ ကိုယ့်ဟာကိုပဲ ကြည့်ပြီးဖြေပါ။ ကျနော်တို့ အဖွဲ့ က ကြော်ငြာပေးရုံသက်သက်ပါ။ :D

xxxxxxxxxxxxxx
ယခုတင်ဆက်သော "အပစ်ရပ်တိုင်းရင်းသားဒေသ မူ(၅)ရပ်ဖြစ်နော်ဝေးကူညီနေ" သတင်းကို ရွှေဟင်္သာသတင်းဌာနမှ ရယူသည်။
---
မြန်မာ အစိုးရ၏ အပစ်အခတ် ရပ်စဲရေး လုပ်ငန်းစဉ်၌ နော်ဝေးနိုင်ငံမှ လက်တွေ့ အကူအညီ ပေးနေသော အစီစဉ်များကို ကိုယ်စားလှယ် တဦးဖြစ် သူ Mr. Ashley South က ထိုင်းနိုင်ငံ စံခဘူရီမြို့သို့ ရောက်ရှိစဉ် ယနေ့ထုတ်ဖေါ် ပြောကြားခဲ့ပါသည်။ ၄င်းတို့သည် Myanmar Peace Support Initiative (MPSI) အဖွဲ့ကို ဖွဲ့စည်းပြီး လိုက်လံ အကူအညီပေးနေခြင်း ဖြစ်ပါသည်။

“ကျနော်တို့က ကဏ္ဍ (၅) ရပ်နဲ့ ကူညီသွားမှာပါ။ ပေးတဲ့နေရာမှာလည်း ပတ်သက်တဲ့ အဖွဲ့ကို တိုက်ရိုက်ပေးပါတယ်။ ပြီးတော့ အစိုးရနဲ့ အပစ်ရပ် အဖွဲ့အစည်းတွေကြား သဘောတူထားတဲ့ အချက်အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့က အကူအညီပေးနေတဲ့ အတွက် အစိုးရ ဖက်ကလည်း ကျေနပ်မှာပါ”ဟု Mr. Ashley South က ပြောပါသည်။

အကူအညီ ပေးမည့် ကဏ္ဍ (၅) ရပ်မှာ (၁) အပစ်ရပ် အဖွဲ့အစည်းများ၏ ဆက်ဆံရေးရုံး ထားရှိရေး (၂) အပစ်ရပ် အဖွဲ့အစည်းများ၏ လူထု ရှင်းလင်းပွဲများ ကျင်းပနိုင်ရေး (၃) အစိုးရနှင့် အပစ်ရပ်အဖွဲ့များ၏ သဘော တူညီချက်အပေါ် စောင့်ကြည့်ရေး၌ ကူညီရေး(၄) ရှမ်းပြည်နယ်ရှိ ဘိန်းပြသနာ ပညာပေးရေးနှင့် (၅) အပစ်ရပ်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ၌ ကူညီသွားမည်ဖြစ်ပါသည်။

“ပဲခူးတိုင်း ကျောက်ကြီးနဲ့ ထားဝယ် ဒေသက ကရင် ဒုက္ခသည်တွေကို နိုင်ငံသား မှတ်ပုံတင်တွေပေးရေးနဲ့ ပြန်လည် နေရာချထားရေးမှာ ကျနော်တို့ MPSI က ကွင်းဆင်း လေ့လာနေပါတယ်”ဟု Ashley က ဆိုပါသည်။

MPSI အဖွဲ့ကို ပြီးခဲ့သည့် ဇန္နာဝါရီလတွင် နော်ဝေးနိုင်ငံ ခြားဝန်ကြီး၏ မြန်မာနိုင်ငံ ခရီးစဉ်အပြီး၌ ဖွဲ့စည်းခဲ့ပါသည်။ ၄င်းအဖွဲ့ကို Mr. Ashley South နှင့် မစ္စတာ ချာလ်းပက်ထရီ တို့ကို ဦးဆောင်စေပြီး အပစ်အခတ် ရပ်စဲသော တိုင်းရင်းသား ဒေသများ ပိုမို ဖွံ့ဖြိုး တိုးတက်စေရန် အခြေခံ အုတ်မြစ်များ ချမှတ်ပေးရေး၌ အကူအညီပေးရန် ရည်ရွယ်ထားပါသည်။
မူရင်း - http://www.phophtaw.org/burmese/index.php/news/internation-news/1939-2012-07-27-13-24-57.html

No comments:

Post a Comment