ondragstart="return false" onselectstart="return false"

Tuesday, July 10, 2012

ကလလတ ညီလာခံမှ ဥက္ကဌအဖြစ် ဦးထွန်းကျော်ကို ရွေးချယ်

Written by နှောင်းလှိုင်

ကရင်နီ လူမျိုးပေါင်းစုံပြည်သူ့ လွတ်မြောက်ရေးတပ်ဦး - ကလလတမှ ပထမဦးဆုံးအကြိမ် ညီလာခံပြုလုပ်ကျင်းပပြီး အဖွဲ့ရဲ့ ဥက္ကဌအဖြစ် ဦးထွန်းကျော်ကို ရွှေးချယ်တင်မြောက်လိုက်တယ် လို့သိရပါတယ်။

ပထမအကြိမ်မြောက် ကလလတ ညီလာခံကို မယ်စဲ့မြို့နယ် ဘီပီ ၁၄၊ ဟိုစဲ့ အခြေစိုက် ကလလတ ဗဟိုဌာနချုပ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ ကနေ ၂၆ ရက်နေ့အထိ ကျင်းပပြုလုပ်ပြီး အဖွဲ့ရဲ့ဥက္ကဌအဖြစ် ဦးထွန်းကျော်ကိုရွေးချယ် တင်မြောက်ခဲ့ကြပါတယ်။

ကလလတ ဥက္ကဌ ဦးထွန်းကျော်အား KNPP ခေါင်းဆောင်များနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြစဉ်၌ တွေ့ရစဉ် (ဓါတ်ပုံ-ကေတီ)

တဆက်ထဲမှာဘဲ ကလလတရဲ့ ၃၄ နှစ်မြောက် မွေးနေ့ကို ဇွန်လ ၂၆ ရက်နေ့မှာ ပြုလုပ်ပြီးလူဦးရေ ၃၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။

ကလလတ ဥက္ကဌအဖြစ် ဦးထွန်းကျော်၊ ဒုဥက္ကဌ ၁ - ဦးထွန်းရွှေ၊ ဒုဥက္ကဌ ၂ - ဦးထူးကော် ၊ အတွင်းရေးမှူး ၁ - ဦးရွှေဝါ နဲ့ တွဲဖက် အတွင်းရေးမှူး - ဦးမန်းသက်ဖေါ တို့ရွေးချယ်ခံရပါတယ်။ ညီလာခံမှာ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ၅၂ ဦးအနက် ကော်မီတီဝင် ၁၉ ဦးကိုရွေးချယ် တင်မြောက်ခဲ့ပါတယ်။
"အတည်ပြုဖြစ်သွားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစားလိုက်နာဖို့ရယ်၊ မူးယစ်ဆေးဝါး နှိမ်နင်းရေးရယ်၊ နိုင်ငံရေး မျက်ခြေမပြတ်ကြဖို့ တိုက်တွန်းနိုးဆော်သွားပါတယ်" လို့ ကလလတနဲ့ နီးစပ်သူ တဦးကပြန်လည် ပြောပြပါတယ်။

ကလလတဟာ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ - KNPP ကနေ ပြီးခဲ့တဲ့ ၁၉၇၈ ခုနှစ်က ခွဲထွက်ခဲ့ပြီး ၁၉၉၄ခုနှစ်၊ မေလမှာ နအဖ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းခြင်းကို လက်ခံခဲ့ရပါတယ်။
http://www.ktimes.org/index.php/rokstoriesnews/260-2012-07-09-15-05-40

No comments:

Post a Comment