ondragstart="return false" onselectstart="return false"

Wednesday, July 25, 2012

ငြိမ်းချမ်းရေးဖော်ဆောင်ရာ၌ ဦးခွန်ထွန်းဦးပါဝင်ဆောင်ရွက်ဖို့ ဝန်ကြီးဦးအောင်မင်းတောင်းဆို

ဝန်ကြီးဦးအောင်မင်းကတော့ ကတိပေးတဲ့နေရာမှာ လွယ်လွယ်လေးပဲ။
နောင်တချိန်မှာ စစ်တပ်က လူတွေကို ဒုက္ခပေးချင်ရင် ယခုလက်ရှိလူတွေကို ရာထူးက ဖြူတ်ပစ်လိုက်မယ်။ ပြီးရင်နောက်လူတက်လာမယ်
ပြီးတော့ အရင်လူတွေ လုပ်ထားတာ ငါတို့ နဲ့ မဆိုင်ဘူး.. ငါတို့ မသိဘူး.. လို့ နောက်တက်လာတဲ့လူတွေက ပြောလေ့လုပ်လေ့ရှိတယ် ဆိုတာ သမိုင်းတလျှောက် တိုင်းရင်းသာတွေကို ဒီလိုပဲ လိမ်စားလာကြတာပဲ။ ဒီလိုနဲ့ ခံရပေါင်းများတဲ့ တိုင်းရင်းသားတွေက ဗမာကို ယုံဖို့ သိပ်ခက်သွားတယ်။


U Ag Min request U Khu Tun Oo to participate in peace process


Type the rest of your post here.

1 comment:

hotladylay@gmail.com said...

ရှေ့လူလုပ်တာ နောက်တက်လာတဲ့သူကကြုပ်မသိဘူးဆိုတာတွေ ဟာများလှပြီ။ဒါ သိက္ခာရှိတဲ့ အစိုးရတရပ် တကယ်ငြိမ်းချမ်းရေးကိုလိုချင်နေတဲ့ အစိုးရတရပ် ဟုပ်မဟုပ် ချင့်ချိန်ကြဖို့လိုအပ်လာပြီလေ၊အခုလဲ ဦးခွန်ထွန်းဦးကို အတင်းဆွဲထဲ့နေတာလဲ ဦးခွန်ထွန်းဦးရဲ့ ပါဝါဘယ်လောက်ရှိလဲ သူတို့သိပြီးသားမှို့ အဲဒီပါဝါကို သူ့တိုင်းရင်းသားတွေဖက်ပြန်မရောက်သွားအောင် မောင်အောင်မင်းတို့က အယင် ဆွဲစိလိုက်တဲ့သဘောပဲ။အားလုံးကို ပြောချင်တာက အခုအစိုးရသစ်ဟာ ယခင်အာဏာတရှူးထိုးနဲ့ အုပ်ချုပ်ခဲ့တဲ့စစ်ဗိုလ်ချုပ်တွေထက် အများကြီး ဦးနှောက်ပြေးတယ်ဆိုတာပါပဲ Clean Government ဖြစ်မဖြစ်တော့မသိဘူး Cleaver Government ဆိုတာတော့ အရှင်းကြီးပဲ သူတို့ နိုင်ငံရေးအလွန်ပါးနပ်သွားကြပါပြီ။
"အထူးမှတ်ချက်" Block တွေ website တွေမှာရေးနေတဲ့ Comments တွေတော်တော်များများ ဒေါသတကြီး၊နာကြည်းစိတ်နဲ့ခံစားပြီးရေးနေကြတာတွေဟာ လူမျိုးရေးမုန်းတီးမှု ပတိပက္ခဖက် အရမ်းအားများနေတယ် ဥပမာ ကရင်/ဗမာ မုန်းတီးမှု အခြားလူမျိုးတွေနဲ့ ဗမာမန်းတီးမှုတွေ အများကြီးတွေ့နေရတယ်။ အဲဒါ ဗမာစစ်အစိုးရရဲ့ လွန်ခဲ့တဲ့ နှစ် ၆၀ လောက်ကထဲက ဖန်တီးခဲ့တဲ့ နိုင်ငံရေးစစ်ဗျူဟာ တခုပဲ အဲဒီလိုလူမျိုးခြင်းတွေမုန်းတီးလေ သူတို့ကိုင်တွယ်ရပိုလွယ်လေပဲ ဘာလို့လဲဆိုတော့ တိုင်းရင်းသားတွေမုန်းတာ ဗမာလေ စစ်အစိုးရမှမဟုတ်တာ သူတို့ကတိုင်းပြည်နဲ့လူမျိုးတွေကာကွယ်နေတာလေ အဲဒီတော့ ကရင်နဲ့ ဗမာ/ဗမာနဲ့ ရှမ်း/ကချင်နဲ့ ဗမာတွေ အချင်းချင်း သတ်ကြဖို့ပဲရှိတယ် သူတို့ စစ်အစိုးရကတော့ ကြက် ၂ကောင်ခွပ်လို့မောတော့မှ အလွယ်တကူ ဖမ်းပြီးချက်စားလိုက်ယုံပဲ။ တိုင်းရင်းသား ညီအက် မောင်နှမများ ရှင် တော်လှန်ရေးအောင်ချင်ယင် လူမျိုးရေးမုန်းတီးမှုနဲ့ သွားလို့မရတော့ပါဘူး လက်ရှိအစိုးရကို အားလုံးညီညွတ်စွာစီးလုံးလက်တွဲပြီး ဥာဏ်ပညာနဲ့ ကိုင်တွယ်ရမဲ့အချိန်ရောက်ပါပြီ ဗိုလ်ချုပ်အောင်ဆန်းလဲ တိုင်းပြည်ပြန်လည်ထူထောင်ဖို့အတွက် တိုင်းရင်းသားအားလုံးစည်းလုံးညီညွတ်ရေးတဦးပေါ်တဦးယုံကြည်ကိုးစားရေးကို စပြီးလုပ်ရမယ်ဆိုတာ သိလို့ စလုပ်တုံးပဲရှိသေးတယ် လက်ဝဲ၀ါဒီသမားတွေ လက်ဦးမှုရသွားလို့ကျမတို့ ဒီအခြေအနေရောက်ကုန်ကြတာမမေ့ကြစေလိုပါ။

Post a Comment