ondragstart="return false" onselectstart="return false"

Tuesday, July 10, 2012

Mistrust and a lack of transparency hurting peace process claims ethnic groups

သီရီလင်္ကာမှာ တမီလ်ကျားတွေကို အပြတ်မရှင်းခင် ကာလတွေလေ့လာကြည့်ရင် ယခု ကေအဲန်ယူကို ဗမာအစိုးရချည်းကပ်တဲ့နည်းက အတော်ပင်လုပ်ပုံလုပ်နည်းတွေ အတူတူပဲဖြစ်နေတယ်။ တကယ်တော့ ဗမာအစိုးရက သိရီလင်္ကာနိုင်ငံရဲ့ သူပုန်တွေကို အပြတ်ရှင်းတဲ့ အောင်မြင်ခဲ့တဲ့ သီအိုရီတစ်ခုကို ပုံတူ ကူးချတယ်လို့ ဆိုရင် မမှားပါ။ ငြိမ်းချမ်းရေးစကားပြောမယ်၊ အရေးကြီးတဲ့ အပိုင်းတွေမှာ ပွင့်လင်းမြင်သာမှုတွေ မရှိဘူး။ ဖွံ့ ဖြိုးရေးလုပ်ငန်းတွေကို ပဲ ဇောက်ပေးပြီး ပြောမယ် လုပ်မယ်၊ တာပေမယ့် စစ်မှန်တဲ့ နိုင်ငံရေးစကားကို မပြောပဲ အချိန်ဆွဲထားမယ်၊ ပြောသည့်တိုင်အောင် ကိုယ့် Road Map ကို အသေဆွဲကိုင်ပြီး တရွတ်တိုက်ဆွဲခေါ်လို့ ရရင် ညှိမယ် ပြောမယ်၊ ကိုယ်လိုချင်တဲ့ ပုံစံမရရင် Political reform လုံးဝ မလုပ်ဘူး၊ ဖွံ့ ဖြိုးရေးလုပ်ငန်းတွေနဲ့  အချိန်ဆွဲ မယ်၊ တဖက်မှာ တော်လှန်ရေးသမားတွေကို စီးပွားရေးမက်လုံးတွေနဲ့ ဖျက်ဆီးမယ်။ နိုင်ငံတကာအမြင်မှာ ကြည့်ကောင်းအောင် နိုင်ငံရေး အခင်းအကျင်း တချို့ လုပ်ပြမယ်။ ဥပမာ- ယခု နိုင်ငံရေးအကျည်းသားတွေကို လွတ်ပေးသလိုမျိုး)။ ၁၇ နှစ်ကျော် ကချင်တွေ ခံခဲ့လိုက်ရလို့  အခု KIA/KIO ကချင်အဖွဲ့ တင်းခံနေတယ်။ မခံရသေးဘူးတဲ့လူတွေ အတွက်တော့ သို့ လော့သို့ လော့နဲ့ ပါ။ တစ်နေ့  ပိုင်ပြီဆိုတာနဲ့  တမီလ်ကျားတွေကို သိရိလင်္ကာအစိုးရက အပြတ်ရှင်းသလို ကိုယ့်အလည့် မရောက်ခင် ဘာလုပ်မလည်း ဆိုတာ သက်ဆိုင်သူတို့ သတိရှိပါစေ။

နော်ဝေအစိုးရနဲ့ နီးစပ်တဲ့ ကေအဲန်ယူ ကိုယ်စားလှယ် တစ်ချို့ ကို မေးချင်တယ်။ တချိန်က တမီလ်ကျားတွေနဲ့ သီရိလင်္ကာအစိုးရကြားမှာ နော်ဝေအစိုးရက ကြားဝင်ဆောင်ရွက်ပေးခဲ့တယ်။ ဘာကြောင့် နော်ဝေအစိုးရရဲ့ ကြားဝင်ဆောင်ရွက်မှုတွေ မအောင်မမြင်ဖြစ်ပြီး ဘာကြောင့် တမီလ်ကျားတွေ နောက်ဆုံးမှာ သီရိလင်္ကာ အစိုးရ ရဲ့ ချေမှူန်းခြင်းကို ခံရသလည်း။ တမီလ်ကျားတွေရဲ့ ကျဆုံးမှုဟာ နော်ဝေအစိုးရနဲ့  ကင်းလွတ်ပါသလား... နော်ဝေအစိုးရမှာ တာဝန်မရှိဘူးလား.. ကျနော်တို့ ကရင်တွေ တမီလ်ကျားတွေလို တစ်နေ့ ချေမှူန်းခံရမယ် ဆိုတာ မဖြစ်စေရ ဘူးလို့  နော်ဝေအစိုးရနဲ့ လူကြီးမင်းတို့ အာမခံနိုင်ပါသလား....

သတင်းအပြည့်အစုံ ဖတ်ရန်

http://karennews.org/2012/07/mistrust-and-a-lack-of-transparency-hurting-peace-process-claims-ethnic-groups.html/

No comments:

Post a Comment