ondragstart="return false" onselectstart="return false"

Thursday, July 5, 2012

RCSS/SSA ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ် ဘောင်ခေးနှင့် တွေ့ဆုံမေးမြန်းခန်း (ရုပ်သံ)

သျှမ်းပြည်တောင်ပိုင်း တပ်ခေါင်းဆောင် ဗိုလ်မှူးချူပ် ဘောင်ခေးက သူတို့ ရဲ့ ဆက်ဆံရေးရုံးက အလုပ်မဖြစ်ဘူးလို့ ဒီ ဗီဒီယိုဖိုင်မှ ပြောသွားပါတယ်။

ကရင်တွေစီ ရထားဝန်ကြီး ဦးအောင်မင်းလာတော့ ဆက်ဆံရေးရုံးတွေကို အမြန်ဆုံးဖွင့်ဖို့ တပ်မဟာ ၇ မှာ လည်း မြန်မြန်ရုံးဖွင့်ဖို့ လာတိုင်း အမြဲတမ်းပြောတယ်လို့ သိရပါတယ်။ ဦးအောင်မင်းနဲ့ ဗမာစစ်တပ် စကားကို အကုန် ယုံတဲ့ ကေအဲန်ယူ တချို့ ဆိုရင် KNU ဗဟိုကောင်မတီဝင် လုပ်ဖေါ်ကိုင်ဖက်တွေကို တောင်ဘာမှ အသိမပေးပဲ ဘုရားသုံးဆူ ဆက်ဆံရေးရုံးကို ဖွင့်လစ်သွားတယ်လို့ ကြားသိရပါတယ်။ ငြိမ်းလုပ်ငန်းစဉ်မှာပါဝင်တဲ့ ခေါင်းဆောင်တစ်ဦးနှစ်ဦးဆိုရင် ကေအဲန်ယူဗဟိုကော်မတီက အရေးပေါ်အစည်းအဝေးတွေ ခေါ်တိုင်း နေမကောင်းဘူးဆိုပြီး အကြောင်းပြက အစည်းအဝေးတွေကို တစ်ခါမှ မတက်ကြပါ။

သို့ သော်လည်း ပေါ်လာတဲ့အခွင့်အရေးယူက အဖွဲ့ အစည်းနာမည်ခံပြီး နိုင်ငံခြားအထိသွားတဲ့သူရှိသလို. ကေအဲန်ယူ ဗဟို အစည်းအဝေးဆိုရင် အသက်အသာ ဖျားတယ်ဆိုပြီး အမြဲနေမကောင်းသူက ဦးအောင်မင်း နယ်စပ်ရောက်လာရင်တော့ အမြဲတန်းကျန်းမာနေကာ တက်ကြွစွာနဲ့ သွားလာလှုပ်ရှားလျက် ဘုရားသုံးဆူအထိတောင် သွားနိုင်ဒါကို အံ့သြစွာ တွေ့ ရတယ်လို့ နယ်စပ် ကျန်းမာရေးလုပ်သားတစ်ဦးက သောသီခိုကို သတင်းပို့ လာပါတယ်ခင်ဗျား...



Type the rest of your post here.

No comments:

Post a Comment