ondragstart="return false" onselectstart="return false"

Sunday, January 6, 2013

လွတ်တော်မှာ နိုင်ငံရေးဆွေးနွေးဖို့ သမ္မတဦးသိန်းစိန်က ကေအင်ယူ ကို ပြောကြား

မြန်မာသမ္မတဦးသိန်းစိန်က ကရင်အမျိုးသား အစည်းအရုံး(KNU)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး ဦးဆောင်တဲ့ အဖွဲ့ကို ဇန်နဝါရီလ ၅ ရက် မနေ့ညနေက တွေ့ဆုံခဲ့ရာမှာ ကာလရှည်ကြာပြီဖြစ်သည့် မိမိတို့ အချင်းချင်း လက်နက်ကိုင် ပဋိပက္ခတွေကို မိမိတို့ လက်ထက်မှာ အဆုံးသတ်ပြီး သမိုင်းတွင်ရစ်မည့် ထာဝရ ငြိမ်းချမ်းရေးကို တည်ဆောက်လိုကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Photo : President Office Website
သမ္မတဦးသိန်းစိန်နှင့် KNU ခေါင်းဆောင်များ ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးစဉ်

ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက အပစ်အခတ် ရပ်စဲရေးကနေ စတင်ခဲ့တဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ဆက်လက်လုပ် ဆောင်ရန်အတွက် မိမိတို့(KNU)အဖွဲ့က ဆန္ဒရှိကြောင်း၊ နိုင်ငံတစ်ဝန်းမှာ အပစ်အခတ်ရပ်စဲမှုများ ရှိနေပြီဖြစ်ပေမယ့် ကချင်ပြည်နယ် ပဋိပက္ခကတော့ ငြိမ်းချမ်းရေး အတွက် အဟန့်အတား ဖြစ်နေကြောင်း၊ ကချင်ဒေသငြိမ်းချမ်းရေးအတွက် မိမိတို့ ကူညီလိုကြောင်း ပြန်လည်ပြောကြားပါတယ်။

အဲဒီနောက် သမ္မတဦးသိန်းစိန်က သူ့အနေနဲ့ မြန်မာ တပ်မတော်ကို ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရုံမှ အပ စတင် တိုက်ခိုက်ခြင်းမျိုး မပြုလုပ်ရန် မှာကြားထားပြီး ဖြစ်ကြောင်း၊ မိမိတို့ရဲ့ ဆန္ဒတွေကို အကောင်အထည်ဖော်ရာမှာ မတူကွဲပြားမှုများကို ဖယ်ရှားပြီး တူသည်များကို ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နိုင်ငံရေးအဆင့် ဆွေးနွေးဖို့အတွက် တိုင်းရင်းသား ကိုယ်စားလှယ်အားလုံး ပါဝင်တဲ့ လွှတ်တော်ဟာ ဆွေးနွေးရန် အကောင်းဆုံး နေရာဖြစ်ကြောင်း ပြန်လည်ပြောကြား ခဲ့တယ်လို့ သမ္မတရုံး အင်တာနက် စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။

နေပြည်တော်က အဲဒီ တွေ့ဆုံပွဲမှာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေးအတွက် ဆက်လက် ဆောင်ရွက်မယ့် ကိစ္စတွေကို တင်ပြခဲ့တယ်လို့လည်း သိရပါတယ်။

သမ္မတဦးသိန်းစိန်နှင့်အတူ မြန်မာအစိုးရဖက်က ပြည်ထောင်စု ဝန်ကြီးဦးအောင်မင်း၊ ဝန်ကြီး ဦးစိုးသိန်း၊ ဝန်ကြီး ဦးခင်ရီနဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်များ တက်ရောက်ကြပြီး ကရင်အမျိုးသား အစည်းအရုံး (KNU) ဖက်က ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့်အတူ အထွေထွေ အတွင်းရေးမှူးချုပ် ဒိုစောကွယ်ထူးဝင်း၊ အတွင်းရေးမှူး(၂) ဖဒိုစောမန်းမန်း၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြတဲ့ ဖဒိုစောရော်ဂျာခင်၊ ဖဒိုမန်းညိမ်းမောင်နှင့် ဖဒိုစောလှထွန်းတို့ တက်ရောက်ခဲ့ကြပါတယ်။

Copyright © 1998-2011 Radio Free Asia. All rights reserved.

2 comments:

Neverdie said...

ကေအဲန်ယူ ခေါင်းဆောင်တွေ သတိထားဖို့ အရေးကြီးမယ်လို့  ကျနော်အမြင်ကို တင်ပြချင်တယ်.. ဘာဖြစ်လဲဆိုတော့... အစိုးရက အပစ်အခတ်ရပ်ဆိုင်းရေးလုပ်ပြီးရင်... စီးပွားရေးလုပ်မယ်၊ နိုင်ငံရေးနွေးမယ်ဆိုရင်.. လွှတ်တော်မှာ ဆွေးနွေးရမယ်ဆိုတော့....။ ဒါကတော့.. လုံးဝ မဖြစ်သင့်ဘူး၊ လုံးဝ ကျနော်တို့ ကေအဲန်ယူ-ခေါင်းဆောင်တွေ လက်မခံဖို့  ကျနော် မေတ္တာရပ်ခံချင်ပါတယ်..။ ဒီ RFA သတင်းအဆိုအရဆိုရင်... ဒို့ ခေါင်းဆောင်ကြီးတွေ ရှေ့ ဆက်မသွားဖို့ ပဲ လိုတော့တယ်... ဆက်သွားမယ်ဆိုရင်.. ကျနော်တို့ ချထားတဲ့ မူနဲ့ ဆန့် ကျင်နေပါတယ်..။ အပစ်အခတ်ရပ်စဲပြီးရင်.. ဖွံ့ ဖြိုးရေးလုပ်မယ်.. နိုင်ငံရေးပြောချင်ရင်.. လွှတ်တော်မှာ ဆွေးနွေးရမယ်ဆိုရင်.. ကိုယ့်လည်ပင်း ကြိုးနဲ့ ချည်ထားသလိုဖြစ်နေတယ်၊။ ဒါကြောင့် ပြည်တွင်းပြည်ပကရင်ပြည်သူတရပ်လုံး... လက်ရှိ မိခင်ကေအဲန်ယူအဖွဲ့ အစည်း လုပ်ဖေါ်ကိုင်ဖက်အားလုံး.. ရဲဘော်ရဲဘက်အားလုံး.. ပြောချင်တာကတော့.. တို့ ခေါင်းဆောင်တွေကို ၀ိုင်းတားကြပါ.. ပြောကြပါ.. ဆုတေတာင်းပေးကြပါ...။

ကရင်တွေ ရန်ကုန်သွားပြီး လည်စင်းမခံရင်.. ဘယ်တော့မှ ရှုံးမှာမဟုတ်ဘူးဆိုတဲ့ စကားကို သတိရကြပါပါ...

စောအယ်ကော်သော.

Unknown said...

Why you so worried about these "neverdie" our new leaders smart enough.They were elected by fair election and they know how to deal with good,clean Burmese government.Our new general secretary is very smart.He also know how to make money.I so proud of them.I believe this leaders can make Karen freedom.We will gain our freedom soon because they had met with Thein Sein and Minn Aung Hlaing.They said,they will give our leaders half of the country without fighting.

Post a Comment