ondragstart="return false" onselectstart="return false"

Friday, May 3, 2013

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းနှင့် အစိုးရတပ် ပစ်ခတ်မှု ထပ်မံဖြစ်ပွား

ဗမာအစိုးရကတိုင်းရင်းသားတွေအပေါ်ထားရှိတဲ့သဘောထားက ရိုးသလား မရိုးသလားဆိုတာ ယနေ့ ဖြစ်ပေါ်နေတဲ့အချိန်အနေကိုသုံးသပ်ကြည့်ရင်မြင်နိုင်ပါတယ်။
ကေအဲန်ယူကို အချိုသပ်ထားမှာတော့ အသေချာပါပဲ။ နယ်ခြားစောင့်တပ်နဲ့  ဒီကေဘီအေ ထိပ်တိုက်ဖြစ်ခဲ့တဲ့ပြသနာလေးကိုအခြေခံယူပြီး ဒီကေဘီအေနဲ့ ပူပူနွေးနွေးပဲပြသနာတွေဖန်တီးနေပြီ။ ဟတ်ကြီးရေကာတာအတွက်နယ်မြေရှင်းလည်းဖို့  ဒီကေဘီအေကို အဲဒီနယ်မြေက ထွက်ခွါဖို့ ရာဇသံပေးနေပြီ။ ကေအဲန်ယူကို တော့ ဘာပေးမလည်းတော့မသိဘူး.. အဓိက ပုဂ္ဂိုလ်တချို့ ကို အထုတ်ကြီးတထုတ်နဲ့ ပါးစပ်ပိတ်၊ နားမျက်စိ ပိတ်နေခိုင်းပြီး ဟတ်ကြီးရေကာတာစီမံကိန်းကို အကောင်အထည်ဖေါ် တည်ဆောက်မယ်ဆိုရင်ဖြစ် လူကြီးမင်းတို့ သမိုင်းက ချီးပေတဲ့ သမိုင်းပဲ။
xxxxxxxxxxxxx
May 3, 2013 by ဒီဗွီဘီ

ရှမ်းပြည်တပ်မတော်မြောက်ပိုင်းအဖွဲ့နဲ့ အစိုးရတပ်တို့ကြား ဒီတပတ်အတွင်း တိုက်ပွဲတွေ ပြန်ဖြစ်နေတယ်လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းက ပြောပါတယ်။

ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် လွယ်စေးတောင်ကြော ဘက်မှာ ပြန်ဖြစ်နေတာဖြစ်ပြီး ဒီတခေါက်မှာတော့ အစိုးရတပ်က လားဟူပြည်သူ့စစ်အဖွဲ့ တွေကိုပါ ခေါ်ပြီး တိုက်ခိုက်တယ်လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း တပ်မှူးတဦးက ပြောပါတယ်။

မေ ၂ ရက်နေ့ ည ၇ နာရီလောက်က အစိုးရနဲ့ လားဟူ ပူးပေါင်းတပ် အင်အား ၈၀ ကျော်လောက်ဟာ လွယ်စေးတောင်ကြောက ရှမ်းပြည်တပ်မတော်ရဲ့ ဖတ်တမ်လိုင်းစခန်းကို ချဉ်းကပ်လာရာက အနီးကပ် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်။ မေ ၃ ရက်နေ့ မနက် ၉ နာရီ ထိ ပစ်ခတ်နေကြပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိပေမယ့် ဦးရေကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်တဲ့ ၀န်းကျင်မှာ အစိုးရတပ်အင်အား ၁၀၀ လောက်လည်း ၀င်ရောက် နေရာယူထားကြောင်း၊ အခုလို လားဟူးတပ်တွေပါ ခေါ်လာတာဟာ ပြည်နယ်ထဲက တိုင်းရင်းသား အချင်းချင်းကြား ပြဿနာဖြစ်အောင် အစိုးရတပ်က လုပ်နေတာလို့ တပ်မှူးက ပြောပါတယ်။

အစိုးရတပ်ဘက်က နယ်မြေရှင်းလင်းရေးလုပ်ဖို့အတွက် လွယ်စေးနဲ့ လွယ်လန်းဒေသက ရှမ်းပြည်တပ်မတော်စခန်းတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ဆုတ်ခိုင်းတာမှာ ရှမ်းတပ်က ဆုတ်မပေးနိုင်တဲ့အတွက် ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး ရွာသားပေါင်း ၁ ထောင်ကျော် တန့်ယန်းမြို့ပေါ် ဘုန်းကြီးကျောင်းနဲ့ ဘေးလွတ်ရာ အရပ်တွေကို ထွက်ပြေး တိမ်းရှောင်နေကြတာလည်း ဖြစ်ပါတယ်။

No comments:

Post a Comment