ondragstart="return false" onselectstart="return false"

Saturday, May 4, 2013

DKBA တပ်ရင်းများ ရွှေ့မပေးနိုင်

"ကရင်စစ်သားတွေ ကရင်ပြည်နယ်မှာတောင်နေလို့ မရရင် ဘယ်မှာသွားနေမှာလည်း၊ ကျနော်တို့ ကိုအဲလိုဖယ်ခိုင်းမယ်ဆိုလို့ ရှိရင် ကရင်ပြည်နယ်ထဲမှာရှိတဲ့ ဗမာ့တပ်မတ်ေတွေ ဒီဗမာတိုင်းကိုပြန် မန္တလေးတိုင်း၊ ရန်ကုန်တိုင်းကိုပြန်ပါဆိုလို့ ရှိရင်သူတို့ ပြန်မလား" - ဗိုလ်မှူးဆန်းအောင် DKBA - BBC သတင်းမှ

အထက်ပါ ဗိုလ်မှူးဆန်းအောင်ပြောသွားဒါ သွေးထွက်အောင်မှန်ပါတယ်။ ယခုလက်ရှိ ကေအဲန်ယူ ဥက္ကဌကြီးလည်း ကြားမယ်လို့ထင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဥက္ကဌကြီးရဲ့အယူအဆနဲ့  ဗိုလ်မှူးဆန်းအောင်အခုပြောနေဒါနဲ့ ပြောင်းပြန်ကြီးပါ။ ဥက္ကဌကြီးက ကရင်တပ်တွေကို ဧည့်သည်လိုတင်စားပြီး ရန်သူတပ်တွေကို အိမ်ရှင်လိုတင်စားပြောဆိုခဲ့ဒါ ကရင်လူထုတရပ်လုံးက စိတ်ပျက်နေခဲ့ဒါပါ။ ဘယ့်နှယ်သူမို့ လို့ ပြောရက်ဒါ။ တစ်ခုတော့ရှိဒါက တသက်လုံး ထိုင်းနိုင်ငံမှာ နေကြတဲ့လူတွေက သူတို့ အယူအဆက ဧည့်သည်လိုခံယူဒါ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အတွင်းမှာနေပြီး တော်လှန်ရေးကာလ တစ်လျှောက်လုံး အသက်ပေးကာကွယ်တဲ့ ကရင်ရဲဘော်နဲ့  တပ်မှူးတွေ၊ ပြည်သူတွေ အတွက်တော့ ဒီအယူအဆကို လုံးဝလက်မခံနိုင်ပါ။ မကြာခင်မှာ ကေအဲန်ယူရဲ့ Code of Conduct လည်း လာပါတော့မယ်။ ချိုမိုင်မိုင်နဲ့ ပွဲပြီးသွားရင် သေပြီဆရာ...
xxxxxxx
ဖနိဒါ | သောကြာနေ့၊ မေလ ၀၃ ရက် ၂၀၁၃ ခုနှစ် ၂၁ နာရီ ၀၀ မိနစ်

ချင်းမိုင်(မဇ္စျိမ)။ ။ အပစ်အခတ် ရပ်စဲထားသည့် ဗိုလ်မှူးချုပ် စောလားဘွယ် ခေါ် ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်သော ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) ၏ တပ်ရင်း ၂ ခုအား အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ)မှ စေခိုင်းသလို မေလ ၄ ရက်နေ့တွင် ပြောင်းရွှေ့ပေးမည် မဟုတ်ကြောင်း DKBA ကလို့ထူးဘော စစ်ဗျုဟာမှူး ဗိုလ်မှူး စောဆန်းအောင် က ပြောဆိုလိုက်သည်။

DKBA-Army“ကျနော်တို့ကို ၄ ရက်နေ့ ၁၂ နာရီ တိတိချိန်မှာ ထွက်ခွာပေးဖို့ စာပေးပို့လာတယ်။ အဲဒီစာကို ကျနော်တို့ လက်ခံရရှိတယ်။ ကျနော်တို့လည်း ဟိုဖယ်၊ ဒီဖယ်၊ ဟိုသွား၊ ဒီသွား သွားလို့ မြေလည်း မရှိတော့ဘူး။ သွားရင်လည်း လွယ်တာမှ မဟုတ်တာ။
အောက်ခြေက ရဲဘော်တွေလည်း မခွာချင်ဘူး။ ခွာဖို့ အစီအစဉ် မရှိဘူး” ဟု မဇ္စျိမကို ပြောသည်။

ကရင်ပြည်နယ်၊ လှိုင်ဘွဲ့မြို့နယ်၊ မြိုင်ကြီးငူဒေသရှိ DKBA ၏ ကျုံထော တပ်ရင်းနှင့် မိဇိုင်း နေရာ ၂ မှ ပြောင်းရွှေ့ပေးရန် အစိုးရ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူး ထွန်းထွန်းဝင်း အမည်ဖြင့် ကလို့ထူးဘော ဗျူဟာမှူးထံ မေလ ၂ ရက်နေ့က စာပေးပို့ခဲ့သလို မိဇိုင်း တပ်ရင်းအား ပြောင်းရွှေ့ရန် အစိုးရ တပ်ရင်းမှူးတဦးက ဖုန်းဖြင့် ပြောဆိုခဲ့သည်ဟု ဆိုသည်။

ဆက်လက်၍ အဓမ္မ ပြောင်းရွှေ့ခိုင်းစေလာပါက လက်ရှိ ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေး သဘောတူညီမှုများ ပျက်ပြားသွားနိုင်သည်ဟု ဗိုလ်မှူး စောဆန်းအောင် က ဆိုသည်။

“အတင်း ပြောင်းရွှေ့ခိုင်းမယ်ဆိုရင် ငြိမ်းချမ်းရေး တစုံတရာကိုတော့ ကြီးကြီးမားမား ထိခိုက်လိမ့်မယ်လို့ မြင်တယ်။ ကျနော်တို့ အောက်ခြေမှာရှိတဲ့ တပ်မှူးတွေ တပ်သားတွေကလည်း ကျနော်တို့နေတာက ကျနော်တို့ တောထဲမှာ၊ ကျနော်တို့ ပြည်နယ်ထဲမှာ နေတာ။ ဒီလိုဆိုရင် ကျနော်တို့ ကရင်ပြည်နယ်ထဲမှာရှိတဲ့ ဗမာစစ်တပ်တွေ ရန်ကုန်၊ မန္တလေးကို ပြန်ခိုင်းလိုက်မယ်” ဟု မဇ္စျိမကို ပြောသည်။

ဆက်လက်၍ “တိုက်ပွဲ ဖြစ်အောင်လုပ်တာလည်း သူတို့လက်မှာပဲ ရှိတယ်။ သူတို့အပေါ်မှာပဲ မူတည်တယ်။ ငြိမ်းချမ်းရေး လုပ်မယ်ဆိုပြီး သူတို့ပဲ ကမ်းလှမ်းတယ်။ ကျနော်တို့လည်း ငြိမ်းချမ်းရေး လိုချင်တယ်။ သူတို့နဲ့ ငြိမ်းချမ်းရေး လုပ်တယ်။ အခု ဒီငြိမ်းချမ်းရေးကို ပျက်ဆီး ပျက်ပြားအောင် သူတို့လုပ်မယ် ဆိုလည်း ပျက်မှာပေါ့။ သူတို့ ကောင်းမယ်ဆိုရင်လည်း ကောင်းမယ်” ဟု ဗိုလ်မှူး စောဆန်းအောင် က ဆက်ပြောသည်။

DKBA နှင့် အစိုးရလက်အောက်ခံ နယ်ခြေားစောင့်တပ် (BGF) တပ်ရင်း (၁၀၁၇)တို့အကြား ပြီးခဲ့သည့် ဧပြီလ ၂၇၊ ၂၈ များတွင် တိုက်ပွဲ ဖြစ်ပွားခဲ့သေးပြီး နောက်နေ့ ၂၉ ရက်နေ့တွင် နှစ်ဖက် တာဝန်ရှိသူများ နားလည်မှုရရှိကာ အပစ်အခတ် ရပ်ဆိုင်းခဲ့ကြသည်။

မကြာသေးမီက DKBA တပ်ထဲ ဝင်မည်ဟု ဆိုသူတဦးက ဆက်ဆံရေးရုံးမှ သေနတ်ကို ယူကာ BGF တပ်သား တဦးအား လှမ်းပစ်လိုက်ရာ သေဆုံးခဲ့သဖြင့် တရားဥပဒေနှင့် ဖြေရှင်းရန် ထိုတရားခံလူအား လက်နက်နှင့်တကွ အပ်ပေးပါဟု BGF က တောင်းဆိုရာ အပ်ပေးခဲ့သော်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဗိုလ်မှူး စောဆန်းအောင် က ပြောသည်။

၁၉၉၄ ခုနှစ်က ကရင်အမျိုးသားအစည်းအရုံး KNU မှ ခွဲထွက်ခဲ့သော DKBA သည် အဖွဲ့တချို့မှာ ကာကွယ်ရေးဦးစီး ဌာန လက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲခဲ့သည်။

ဗိုလ်နှုတ်ခမ်းမွေး ဦးဆောင်သော DKBA အဖွဲ့သည် ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလဆန်းပိုင်းက အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူခဲ့သည်။
http://www.mizzimaburmese.com/news/inside-burma/11495-dkba--.html

4 comments:

Unknown said...

KNU အဖွဲ့အစည်းပေါ်လာကတည်းက လုပ်လိုက်တဲ့ စောက်တလွဲလုပ်ရပ်တွေ ရန်သူအပေါ်ဘယ်တုန်းကမှ မပြတ်သား ခဲ့ဘူး.. ရန်သူကို သူ့မေလင်လို ဆက်ဆံ နေတာ သမိုင်းတလျောက်လုံးပါပဲ.. ဒီလောက်ယုတ်မာနေတဲ့ ဗမာ စစ်အစိုးရကို သူ့အမေလင်လို့ ထင်နေတုန်းပဲ.. ကရင်လူထုတွေက KNU ဆိုတဲ့ အဖွဲ့အစည်းကို တဖြည်းဖြည်းစိတ်ကုန်လာနေပြီး ဘာကြောင့်လဲဆိုတော့ သမိုင်းတလျောက် ဖြစ်လာတဲ့ ပြသနာတိုင်းမှာ KNU ခေါင်းဆောင်များ အချင်းချင်းဖြစ်နေတဲ့ ပြသနာတွေပဲ.. ဗမာစစ်အုပ်စု ဆိုတဲ့ ဘထွေးပြောတိုင်းယုံကြ သိစ္စာဖောက်ကြ အချင်းချင်းတိုက်ကြ.. ဒါတွေအားလုံးရဲ့ အခြေခံ အကြောင်းတရားက KNU ကိုယ့်စည်းမျဉ်း ဥပဒေ အတိုင်း မတ်မတ်မားမား မရပ်တည်ခဲ့လို့ပဲ.. တချို့ ပုဂ္ဂိုလ်တွေပြောတဲ့ စကားတခွန်းကို မကြာခဏကြားဖူးပါတယ် ငါတို့
KNU လက်ထက်မှာ လက်နက်ရှိတယ် ဆိုတဲ့အမြင်ပါပဲ မှန်ပါတယ် ဒါပေမဲ့ မပြတ်သားတဲ့ နိုင်ငံရေး အဖွဲ့အစည်းတိုင်းဟာ နောက်ဆုံးတော့ ရန်သူ သေနပ်တစ်ချက်မှ ဖေါက်စရာမလိုပဲ သူ့အလိုလို ကျဆုံးသွားမယ်. မပြတ်သားမှူကြောင့် KNU ဆိုတဲ့ ပစ်မှတ်ကြီးဟာ ရန်သူရဲ့ ပစ်ကွင်းထဲမှာပဲ သံသရာလည်နေတာ နှစ်ပေါင်း ၇၀ ဆယ်ပြည့်တော့မယ် လို့ထင်မြင်ယူဆမိပါတယ်..

MetGaDarWon said...

အခုအချိန်မှာကရင်တမျိုးသားလုံးသွေးစည်းညီညွှတ်ဖို့ အလွန်အရေးကြီးသောအချိန်ဖြစ်သည်။ဗမာကောင်တွေကနည်းမျိုးစုံသုံးပြီးကရင်တွေအချင်းချင်းစိတ်ဝမ်းကွဲအောင်ပြုလုပ်လျက်ရှိတယ်၊ကရင်တမျိုးသားစည်းလုံးညီညွှတ်ရေးအတွက်ကရင်ခေါင်းဆောင်များကနည်းလမ်းများရှာဖွေကြပါရန်အကြံပြုအပ်ပါသည်။
နောင်တွင်လည်းကရင်တမျိုးသားလုံးစည်းလုံးညီညွှတ်ရေးအတွက်အကြံဥာဏ်များကိုပေးအပ်သွားမည်။

MetGaDarWon said...

ကရင်website တွေမှာcommentပေးတာအရမ်းနည်းတယ်၊အားမရဘူး၊
သောသီခိုးဆိုဒ်ကိုကရင်သီချင်းရှာရင်းနဲ့ တွေ့ တာပါ၊ကရင်အမျိုးသားရေးအ
တွက်အလုပ်လုပ်နေတာတွေ့ ရလို့ ဂုဏ်ယူပါတယ်..Congratulation..

Anonymous said...

ကရင်တွေ ကရင်တွေ ဘယ်တော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု ရမလဲဗျာ။

Post a Comment