ondragstart="return false" onselectstart="return false"

Friday, March 7, 2014

ကမ္ဘာကျော်ပြန်ပြီး... ဘယ်လိုလုပ်ကြမလဲ

အမေရိကန် နိုင်ငံထုတ် INDEPENDENT " မဂ္ဂဇင်း COVER မျက်နှာဖုံး



Read here : http://www.independent.com/news/2014/mar/06/buddhist-rampage-burma/?on



Type the rest of your post here.

2 comments:

Blogger said...

လူမျိုးဘာသာခွဲခြားရေးမလုပ်မိခင် ဒီစာကို ဖတ်ပါ-

ဒေါ်အောင်ဆန်းစုကြည်ကိုနိုင်ငံရေးသေအောင် ကျဉ်းမျောင်းတဲ့ လူမျိုးရေးနဲ့ ဘာသာရေးဝါဒကို ခုတုံးလုပ်နေကြတာ ကောက်ကျစ်လွန်းပါတယ်။ သူဟာ မြန်မာပြည်ကို စစ်တပ်ရဲ့ ကျွန်ပြုထားမှုကနေလွတ်မြောက်ရေးလမ်းစကို ရောက်လာအောင် ရှေ့ ဆောင်လာသူပါ။ ဆက်လက်ပြီးတော့လဲ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ဗမာတွေအကြားလူမျိုးအရ နိုင်ငံရေးတန်းတူမှုလက်တွေ့ ဖြစ်စေမဲ့ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းလာရေးကိုလဲ ကျိုးပမ်းအားထုတ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့  ခင်ပွန်း မိုက်ကယ်အဲရစ်ဟာ မြန်မာတွေ စစ်ကျွန်ဘ၀ကလွတ်မြောက်ရေးအတွက် ဇနီးဖြစ်သူရဲ့ ကြိုးပမ်းမှုတွေကို ကမ္ဘာ့ထောက်ခံမှုရလာအောင် ကိုယ်ကျိုးစွန့်ပြီး ပင်ရင်းအဓိကကြိုးပမ်းအား ထုတ်လုပ်ဆောင်ခဲ့သူဖြစ်တယ်။

ဒီပင်ရင်းလှုပ်ရှားမှုကစပြီး ဆင့်ပွားဂယက်တွေအဖြစ် မြန်မာပြည်သူတရပ်လုံးရော တကမ္ဘာလုံးကပါ မြန်မာပြည်ဒီမိုကရေစီတောင်းဆိုမှုတွေကို
ခုလက်ရှိရထားတဲ့အဆင့်အထိပေါက်ရောက်လာအောင် ၀ိုင်းဝန်းခဲ့ကြတာပါ။

ဗမာပြည်ဟာဘယ်ခေတ်မှာတုန်းကမှ-တခြားဘယ်တိုင်းပြည်ကိုမှဖေးမ
ှကူညီခဲ့ဘူးခြင်းမရှိတာမို့ မိမိတိုင်းပြည် လွတ်လပ်ရေးရလာတုန်းက ဘယ်နိုင်ငံကပြည်သူတွေကဘယ်အထိ ကူခဲ့ကြတယ်ဆိုတာကိုအသိအမှတ်ပြုတတ်တဲ့စိတ်ဓါတ်မပေါက်ပါပွားခဲ့သလို ဒီခေတ်မှာလဲ ဒီမိုကရေစီတံခါးဝကိုရောက်လာလောက်အောင် ကမ္ဘာ့ပြည်သူတွေက မြန်မာပြည်သူတွေရဲ့ နောက်ကနေ ဘယ်အတိုင်းအတာအထိကူညီခဲ့ကြတယ်ဆိုတာကို မြင်ရမှန်းမသိသေးဘူး..

ငါသိတ်တော်-ငါသိတ်တတ်-ငါသိတ်ကောင်း ၀ါဒတွေကကြီးစိုးနေပြိး ကျေးဇူးတရားကိုနားမလည်..
ကောင်းမှုမှန်သမျှငါလုပ်တာ-ဘယ်သူမှမပါ ဆိုတဲ့ ငါတံဆိပ်တပ်ပြီး ကူညီခဲ့သူတွေကို ဆက်သွားမယ့်ခရီးမှာဆူးညောင့် ခလုတ်တွေမဖြစ်အောင် နိုင်ငံရေးသတ်ဖြတ်..ဒီနည်းနဲ့ မိမိကိုယ်မိမိအောင်မြင်နေတယ်ထင်ရင်း ကမ္ဘာ့အစုတ်ပြတ်ဆုံးနိုင်ငံတနိုင်ငံဖြစ်လာ...
အာဏာရှိသူနဲ့ အပေါင်းအပါတွေကတော့ ဒီအခြေအနေကြောင့် ကောင်းစား..အများပြည်သူတွေကတော့ ဒီအခြေအနေကြောင့် ဆက်ပြီးငတ်ပြတ်--ကိုယ်ကငတ်ပြတ်အောင်လုပ်ထားတဲ့ ပြည်သူတွေကဒါကို မမြင်တတ်အောင် ဘာသာရေး လူမျိုးရေးမိုင်းတိုက်..
မျက်စေ့ပိတ်ခံရတဲ့ပြည်သူတချို့ကလဲ ကိုယ့်ကိုကျွန်ပြုထားတဲ့ စနစ်၊ အတွေးအထင်နဲ့ လူတွေကို ကယ်တင်ရှင်ထင်ပြီး ရောင်ပေါင်ထောက်ခံမိတာတွေဖြစ်...

နိဂုဏ်းအနေနဲ့ 

မြန်မာပြည်သူတွေ စစ်ကျွန်ဘ၀ကလွတ်မြောက်လာတာကို မလိုလားသူတွေနဲ့ တိုင်းရင်းသားလူမျိုးတွေနိုင်ငံရေးအရ ဗမာ့ကျွန်ဘ၀ကလွတ်မြောက်လာမှာကို မကြည်ဖြူတဲ့လူတွေ ဒေါ်အောင်ဆန်းစုကြည်ကိုဆန့် ကျင်ကြပါ..

ကျုပ်တို့ တိုင်းရင်းသားပြည်သူတွေအဖို့ ကတော့ ဒီကိစ္စမှာ ဘယ်သူကမှကိုယ့်လူမျိုးမဟုတ်တာမို့ လူမျိုးဘာသာမခွဲခြားဘဲ အမှန်တရားဘက်ကဘဲ ရပ်တည်ပါဝင် ထောက်ခံ လှုပ်ရှားသွားမှာဘဲ..

သင်္ခန်းစာအဖြစ် ဗမာတွေလူမျိုးဘာသာခွဲခြားတဲ့စကားတွေကို မပြောခင်မှာ တိုင်းရင်းသားတွေဟာ ဗမာမဟုတ်ဘူးဆိုတာကို သတိပြုပါ။ တိုင်းရင်းသားဆိုတာက တခုထဲအဖြစ်ပေါင်းစည်း ခံလိုက်ရတဲ့ နိုင်ငံထဲကဗမာမဟုတ်တဲ့ လူမျိုးတွေပါ။
ဒီတော့ ဗမာတွေရဲ့ လူမျိုးဘာသာခွဲခြားတဲ့ အခြေခံသဘောထားတွေဟာ သူတို့ အပေါ်ကိုလဲ မူအားဖြင့်သက်ရောက်နေမှာပါ။ နသားဘာယားပေါ်လစီနဲ့  အားလုံးဟာဗမာဘဲဆိုတဲ့ ၀ါးမြိုမှုကိုလဲရှောင်ပါ။

William phan said...

ဗမာလူမျိုး ဗမာစစ်အာဏာရှင်တွေဟာ တလျှောက်လုံး တိုင်းရင်းသားတွေကို နိုင်ငံရေး လူမှုရေး အရ ကျွန်ပြုခဲ့ကြတယ်။ စစ်ဖြစ်တဲ့ဒေသတွေမှာ အစွမ်းကုန် ယုတ်မာရိုင်းစိုင်းခဲ့ကြတယ်။ ဒါတင်မကသေးဘူး။ အတိုက်အခံပါတီဆိုတဲ့ ဒီမိုကရေစီအင်အားစုတွေကိုလည်း ပုံစံအမျိုးမျိုးနဲ့ ချေမှုန်းဘို့ကြိုးစားခဲ့ကြတယ်။ အဓိကကတော့ စစ်အာဏာရှင်တည်မြဲရေးနဲ့ အာဏာလက်ဆုပ်ကိုင်ထားတဲ့လူတစုကနေ အာဏာလက်မလွတ်ချင်လို့ဘဲ။ ဒီနေရာမှာ ပြောစရာတခုရှိပြန်တယ်။ ကဲ.. ပြည်တွင်းစစ် အနှစ် (၆၀)လုံးလုံး ဗမာတွေ ကျွန်မဖြစ်အောင် ငါတို့တပ်မတော်တွေက သောင်းကျန်းသူတွေကို နှိမ်နင်းပြခဲ့တယ်။ အခုထက်ထိလည်းတိုက်နေတုန်းဘဲ။
ဗမာတွေ ကိုယ်ထီးကိုယ့်ကြနန်းနဲ့ အရင်ကလို ပဒေသရာဇ်ခေတ်ကလိုဘဲ နေနိုင်ဘို့ လက်မထောင်နိုင်ဘို့ ဒို့လုပ်ခဲ့တယ်။
ဒါတွေကို နှစ်ပေါင်းမြောက်များစွာ သက်သေပြုခဲ့တယ်။ ဒီနေရာမှာ ကျနော်နဲနဲလေးဆွေးနွေးချင်ပါတယ်။ နယ်ချဲ့အင်္ဂလိပ်တွေ ဗမာပြည်ကို အုပ်ချုပ်စဉ်ခေတ်က ဗမာတွေနဲ့ တခြားတိုင်းရင်းသားတွေ ပုံစံအမျိုးမျိုးနဲ့ တောခို၊ လက်နက်ကိုင်ပြီးဆန့်ကျင်တော်လှန်ခဲ့ကြတယ်။ ဂျပန်ရောက်လာပြန်တော့လည်း ညီတူညာတူ တိုင်းပြည်က မောင်းထုတ်
ခဲ့ကြတယ်။ ဟုတ်ပါတယ်။ တခြားတိုင်းတပါးက ကိုယ့်တိုင်းပြည်ကိုလာပြီး နယ်ချဲ့ကျူးကျော်လာမှုကို ဘယ်သူမဆိုမကြိုက်နှစ်သက်လို့ဘဲ။ နောက်ပိုင်း အင်္ဂလိပ်လည်း ဗမာပြည်ကို လွတ်လပ်ရေးပေးလိုက်ရတယ်။ ဂျပန်တွေလည်း ကျဆုံးကုန်တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဗမာလူမျိုးအပါအ၀င် တိုင်းရင်းသားတွေကလည်း အမိနိုင်ငံကို ချစ်တယ်ဆိုတာ အထင်အရှားပါဘဲ။ ဗမာမှ အမိနိုင်ငံကို ချစ်တာမဟုတ်ဘူး။ တိုင်းရင်းသားတွေလည်း ဗမာတွေက သိတတ်နိုးနိုးနဲ့ နောက်ပိုင်း အဆင်မပြေတော့ လက်နက်ကိုင်တော်လှန်ရေးလမ်းကို ရွေးချယ်ခဲ့ကြရတယ်။ မည်သူမဆို
လူသတ်ဝါဒကို မနှစ်သက်ကြပါ။ သို့သော်လည်း ရွေးရမဲ့လမ်းကမရှိတော့ဘူး။ မဟာဗမာဝါဒီတွေက ဟိုအရင်က ဗမာအင်ပါယာကို ပြန်အသက်သွင်းတဲ့အခါကျတော့ တိုင်းရင်းသားတွေကလည်း လွတ်လပ်ရေးကြိုးပမ်းစဉ်က ငါတို့လည်းပါတာဘဲ။ တိုင်းပြည်အတွက် အသက်စွန့်ခဲ့ကြတာဘဲ။ ဒါဟာ ဗမာတမျိုးထဲကောင်းစားဘို့မဟုတ်ဘူး။ ဗမာပြည်လို့တွင်တဲ့ တိုင်းပြည်မှာ တိုင်းရင်းသားတိုင်း ကြိုးပမ်းခဲ့တာဘဲ။ နယ်ချဲ့တွေကို အသက်ပေးတိုက်ခဲ့ကြတာဘဲဆိုတဲ့
အသိ၊ ဗမာတွေကတော့ဒီလိုမဟုတ်တော့ဘူး။ ဗမာပြည်မှာ ရှိတဲ့ သယံဇာတအားလုံး မြေပေါ်မြေအောက်အားလုံး ဗမာတမျိုးထဲပိုင်သလို လုပ်ခဲ့ကြတော့ တိုင်းရင်းသားတွေကြေကွဲခဲ့ရတယ်။ အဲဒီတော့ တိုင်းရင်းသားတွေက လက်နက်ဆွဲကိုင်ပြီး ဗမာဆိုတဲ့ အစိုးရကို တော်လှန်ခဲ့ရတယ်။ ဒီနေရာမှာ ပြောချင်တာ ဗမာစစ်တပ်တွေက တိုင်းရင်းသားနယ်မြေတွေမှာ တိုင်းရင်းသားပြည်သူတွေအားလုံး မျက်ရည်ကြီးပေါက်ကျအောင် သူတို့ လုပ်ခဲ့တယ်။ ရက်စက်ခဲ့တယ်။ တိုင်းရင်းသားတွေကို နလံမထူအောင် မျိုးပြုတ်အောင် အမျိုးမျိုး ယုတ်မာခဲ့ကြတယ်။ ဒါကို ငြင်းလို့မရဘူး။
ငါ့အဖေက ဗမာစစ်တပ်က သတ်လိုက်လို့၊ ငါ့အကိုက ဗမာစစ်တပ်သတ်လိုက်လို့၊ ငါ့သမီးက ဗမာစစ်တပ်က မုဒိမ်းကျင့်ပြီးသတ်လိုက်တာ၊ ငါ့ဆန်ဂိုဒေါင်ကို ဗမာစစ်သားတွေမီးရှို့ပစ်တာ၊ ငါ့တောင်ယာတခင်းလုံးကိုဗမာစစ်တပ်တွေ
မီးရှို့လိုက်တာဆိုတဲ့ နာကျည်းမှုတွေဟာ နှစ်ပေါင်း ၆၀အတွင်း ဖြစ်ပျက်ခဲ့တဲ့ကိစ္စ၊ တော်လှန်ရေးသမားတယောက် တော်လှန်ရေးရဲ့ သဘောတရားကို ကောင်းကောင်းနားလည်ခဲ့ရင်လည်း ဗမာမုန်းတီးရေးဆိုတာမရှိနိုင်တဲ့ကိစ္စ၊ ဒါပေမယ့် အပစ်မရှိတဲ့ တော်လှန်ရေးသမားမဟုတ်တဲ့ ပြည်သူတွေ၊ ပြည်သူတွေတောင် မြို့အရောက်အပေါက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲလှတဲ့တောင်ပေါ်ရွာတွေ တောင်ပေါ်ရွာသားတွေရဲ့ ဗမာအပေါ် မုန်းတီးစိတ်ဟာ တားလို့ မရနိုင်ပါဘူး။ သူတို့ဟာရိုးသားဖြူစင်တယ်။ နိုင်ငံရေး၊ တိုင်းရေးပြည်ရေးအကြောင်းကို စိတ်မ၀င်စားဘူး။ သူသိတာ တောင်ယာတခင်းစိုက်လိုက်ရင် ၀မ်းစာဘယ်လောက်ရမလဲဆိုတာဘဲ။ ရှင်းလောက်ပြီထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဗမာလားလို့သူတို့မေးမယ်။ အတူတူပါဘဲကွာဆိုပြီးသူတို့ပြောကြမှာဘဲ။ ခံရတဲ့သူက ဘယ်တော့မှ မမေ့နိုင်ဘူးဆိုတာ ဆင်ခြင်ပေးစေချင်ပါတယ်။
သူတို့ ဗမာလူမျိုးကို မုန်းတာ သူတို့မှာအပြစ်မရှိသလို၊ ဗမာလူမျိုးကလည်း တိုင်းရင်းသားတွေမုန်းတာခံနေကြရမှာဘဲ။ ကျေးဇူးတင်ပါတယ်

Post a Comment