ondragstart="return false" onselectstart="return false"

Sunday, July 5, 2009

ဘန်ကီမွန်းရဲ့ မြန်မာပြည် ခရီးစဉ် ရလာဒ်


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း သတင်းထောက်များ၏ မေးခွန်းများကို ဖြေဆိုနေပုံ

-UN-
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း မြန်မာပြည်သို့ သွားရောက်လည်ပတ်ခဲ့ပြီးနောက် သတင်းမီဒီယာတချို့က ဘာမှ ရလာဒ်တွေမရခဲ့ဘူးလို့ဝေဖန်ရေးသားနေကြတယ်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကတော့ သူ့ရဲ့ ဒုတိယအကြိမ်မြောက် မြန်မာပြည်ခရီးစဉ်မှာ ထူးခြားတဲ့ ရလာဒ် တစ်ခု ပေါ်ထွက်သွားခဲ့တယ်လို့ ယူဆတယ်။ တကယ်တော့ သူ့ရဲ့ ခရီးစဉ်ရဲ့ ရလာဒ် အမှန်က မြန်မာနိုင်ငံကို စစ်ကျွန်ပြု အုပ်ချုပ်နေတဲ့ န၀တ စစ်ကျွန်ပြုကောင်စီ မှာ ဂဠုံ သန်းရွှေ နှင့် ဂဠုံ မောင်အေး ဦးဆောင်နေသ၍ မြန်မာပြည်မှာ လက်ရှိရင်ဆိုင်နေရသော ပြဿနာများ ကို ဘယ်တော့မှ ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာ မှာ မဟုတ်ဘူး၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းတွေ နှင့် ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေရဲ့ ဆန္ဒတွေကို လုံးဝ အလေးမထားဘူး၊ ကုလသမဂ္ဂ အဖွဲ့ကို လုံးဝ ဂရုမစိုက် ဘူး၊ မြန်မာပြည်ကို တာလီဘန် အစိုးရလို စံနစ်တကျ အကြမ်းဖက်အုပ်ချုပ်နေမှု ကို စွန့်လွှတ်မှာမဟုတ်ဘူး ဆိုတာ ပြသလိုက်တာပါ။

အနှစ် ၂၀ အတွင်း ဂဠုံ သန်းရွှေ နှင့် ဂဠုံ မောင်အေး အကြံဖက် အာဏာရှင်တွေအောက်မှာ တွေ့ဆုံဆွေးနွေးမှု ဆိုတာ လုံးဝဖြစ်လာ မှာ မဟုတ်တော့ဘူးဆိုတာ မြန်မာပြည်သူတွေက တော့ သဘောပေါက်ခဲ့တာကြာနေပါပြီ။ ဂဠုံ သန်းရွှေ နှင့် ဂဠုံ မောင်အေး ဟာ သေတဲ့အထိ အာဏာကို ရင်ဝယ်ပိုက်ပြီး မြန်မာပြည်ကို ဆက်လက် စစ်ကျွန်ပြုဖို့ အကြံအစည်ရှိရှိ စံနစ်တကျ လုပ်ဆောင်နေကြတယ်။

မြန်မာပြည် ပြည်သူတွေအတွက်ကတော့ အင်မတန်မှ ကြီးမားတဲ့ အခွင့်အရေးကြီးတော့ လုံးဝ ဆုံးရှုံးသွားခဲ့ ရပါပြီ။ ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် တစ်ယောက် ကိုယ်တိုင် လာရောက်ကျိုးပမ်းခဲ့မှု အချည်းအနှီးဖြစ်ခဲ့ရခြင်းဟာ နောက်ဆက်တွဲ အကျိုးဆက်တွေ ကို လက်ရလမ်းခေါ်သလိုဖြစ်မယ်ဆိုတာ အာဏာရှင်တွေရဲ့ နောက်ဆုံးခန်းမှာ အမြဲတွေ့ရှိ ရတက်ပါတယ်။ ကမ္ဘာ့အာဏာရှင်တွေ ဖြစ်ခဲ့ကြတဲ့ ကမ္ဘောဒီးယား မှ ပိုပေါ့ နှင့် ခေမာရုခ်ျ အဖွဲ့ ၊ အီရတ်က ဆဒမ်ဟူစိန် နှင့် အစိုးရဟောင်းဗိုလ်ချုပ်တွေ၊၊ ယူဂိုစလားဗီးယားက စစ်ရာဇ၀တ်ကောင် တွေ ရဲ့ နောက်ဆုံးခန်းဟာ ကမ္ဘာ့သမိုင်းမှာ အထင်အရှားပါ။
Public Rebuke to Military

Ban, before leaving the country on Saturday, spoke to local non-governmental organizations, diplomats and U.N. agencies in the commercial hub Yangon. He outlined his vision for Myanmar, stressing democracy, human rights and development. His remarks were distributed by the United Nations.

"We want to work with you so your country can take its place as a respected and responsible member of the international community. We want to help you achieve national reconciliation, durable peace and sustainable development. But, let me emphasize: neither peace nor development can thrive without democracy and respect for human rights.... Peace, development and human rights are closely inter-related. Failure to address them with equal attention will risk undermining the prospects."

Ban then rebuked the junta in front of a local audience, a rarity in Myanmar.

"When I met General Than Shwe yesterday and today, I asked to visit Ms. Suu Kyi. I am deeply disappointed that he refused. I believe the government of Myanmar has lost a unique opportunity to show its commitment to a new era of political openness."

"Allowing a visit to Daw Aung San Suu Kyi would have been an important symbol of the government's willingness to embark on the kind of meaningful engagement that will be essential if the elections in 2010 are to be seen as credible."

No comments:

Post a Comment