ondragstart="return false" onselectstart="return false"

Friday, July 3, 2009

နိုင်ငံတကာ မြန်မာ သတင်းအဖွဲ့ ၁၃ ကြိမ်မြောက် အစည်း အဝေးမှ အဖွဲ့ ဝင်သစ်ထပ်မံ လက်ခံ

သောကြာနေ့၊ 03 ဇူလိုင်လ 2009 သျှမ်းသံတော်ဆင့်

နိုင်ငံတကာမြန်မာသတင်းအဖွဲ့ ၁၃ ကြိမ်မြောက်အစည်းအဝေး ဆုံးဖြတ်ချက်အရ KIC (Karen Information Center) ကရင် သတင်းအဖွဲ့အား အဖွဲ့ဝင်အဖြစ် လက်ခံလိုက်ပြီဖြစ်ကြောင်း သိရပါသည်။

ဂျွန်လ ၂၉ မှ ဂျူလိုင် ၂ ရက်နေ့အထိ BNI (Burma News International) ခေါ် နိုင်ငံတကာမြန်မာသတင်းအဖွဲ့အစည်း အဝေးကို ထိုင်းနယ်စပ်တနေရာတွင်ကျင်းပရာ - အသင်းသားများ၏ ၆ လ တွင်း ဖြစ်ပေါ်တိုးတက်သည့် လုပ်ငန်းများ ပြန်လည်သုံးသပ်ဆန်းစစ်ခြင်း၊ အနာဂတ်လုပ်ငန်းဆောင်တာများ ချမှတ်ခြင်း၊ အဖွဲ့ဝင်သစ်လက်ခံခြင်းများဆွေးနွေး ဆုံးဖြတ် ခဲ့ကြသည်ဟု ဆိုသည်။

သျှမ်းသံတော်ဆင့် သတင်းဌာနမှ အစည်းအဝေးတက်ရောက်သူ နန်းဆိုင်ခယိုဖှက -“ အခုအစည်းအဝေးမှာ BNI အဖွဲ့သား တွေအပြင်၊ ကရင်သတင်းဌာန KIC ( Karen Information Center ) နဲ့ သျှမ်းလူငယ်အင်အား SYP (Shan Youth Power) တို့ ပါဝင်တက်ရောက်တယ်။ သျှမ်းလူငယ်အင်အားအဖွဲ့တော့လေ့လာသူအနေနဲ့ဘဲ၊ ကရင်သတင်းဌာန KIC ကိုတော့ အဖွဲ့ဝင် အဖြစ် လက်ခံလိုက်ပြီ” - ဟု ဆို၏။

KIC သည် ၁၉၉၇ ကတည်းက စတင်တည်ထောင်ခဲ့ပြီး KNU ကရင်အမျိုးသားအစည်းအရုံးမှ ယခု ဒုဥက္ကဌ ဖြစ်သူ ဒေးဗစ် တာကဘောက ဦးဆောင်ခဲ့ကြောင်း၊ သို့သော် ၂၀၀၄ ခုနှစ် ဆရာဒေးဗစ် နှုတ်ထွက်ပြီးသည်မှ လွတ်လပ် သောသတင်းဌာန အဖြစ် ရပ်တည်ခဲ့ခြင်းကြောင့် BNI က အဖွဲ့ဝင်အဖြစ်လက်ခံခဲ့ကြောင်း၊ အကယ်၍ SYP ကလည်း ကိုယ်ပိုင်သတင်းများ များ ထုတ်နိုင်လျှင် အဖွဲ့ဝင်အဖြစ် လက်ခံသွားနိုင်ဖွယ်ရှိကြောင်း အဖွဲ့သားများဆွေးနွေးခဲ့သည်ဟု ဆို၏။

BNI အသင်းသားများနှင့်ပတ်သက်၍ ဆွေးနွေးသုံးသပ်ရာတွင်- မဇ္ဇျိမသတင်း ဌာနက ရွှေဝါရောင်တော်လှန်ရေး နှင့် နားဂစ် ကာလက ထုတ်ဝေခဲ့သည့် သတင်းများကြောင့် နာမည် အကြော်ကြားဆုံး၊ လူအင်အား အများဆုံးဖြစ်ကြောင်း၊ ကချင်ပြည် သတင်းနှင့် ပတ်သက်ပြီး အင်္ဂလိပ်ဘာသာဖြင့်အဆက်မပြတ် ထုတ်ဝေနိုင်ခဲ့သည့်သတင်းဌာနမှာ KNG ( Kachin News Group) ဖြစ်ကြောင်း၊ အများနှင့်မတူ တမူထူးခြားပြီး ရုပ်ပုံနှင့်တကွ ဗွီစီဒီ ထုတ်ဝေဖြန့်ဖြူးနိုင်သည်မှာ မွန်သတင်းဌာန IMNA က ဖြစ်ကြောင်း မှတ်တမ်းတင်သည်ဟု ဆိုသည်။

ထို့အတူ ကုလားတန် သတင်းဌာနက ရိုဟင်ဂျာဆိုင်ရာ သတင်းအများ ဆုံးထုတ်ဝေခြင်း၊ ကန္တာရ၀တီတိုင်းမ်း (ကရင်နီ) က ကောင်းမွန်သောဆောင်းပါးရေးသားခြင်း၊ ခေါဝ်ဝေါ၀် (Kaowao) မွန်သတင်းက FM ၈၈ ရေဒီယို နေ့စဉ်အသံလွှင့်ခြင်း၊ ခေါန်နုမ်သုမ်က ချင်းပြည်ကြွက်ပေါများခြင်းဆိုင်ရာသတင်းနှင့် နာမည်ကျော်ကြားခြင်း၊ Narinjara သတင်းဌာနက ရခိုင့်အရေး အများပိုမိုသိရှိလာစေရန်ထုတ်ဝေနိုင်ခြင်း၊ အများနှင့်မတူသည့် NMG က တိုင်းရင်းသားရိုးရာဓလေ့ ထုတ်လွှင့် ချက်များမှာ ထင်ရှားခဲ့ပြီး သျှမ်းသံတော်ဆင့် သတင်းဌာနမှာမူ မူးယစ်ဆေးဝါးသတင်းနှင့်သျှမ်းပြည်တွင်း အပစ်ရပ် အဖွဲ့ဆိုင်ရာ သတင်းများအား ရှမ်း ဗမာ ထိုင်း အင်္ဂလိပ် ၄ ဘာသာနှင့် ရေးသားထုတ်ဝေနိုင်ခဲ့သည်ဟုဆိုပါသည်။

BNI (Burma News International)သည် ၂၀၀၃ ဇန္န၀ါရီ တွင် ဖွဲ့စည်းခဲ့ပြီး ယခု ၁၃ ကြိမ်မြောက်ညီလာခံမှ ကရင်သတင်း ဌာနကို အဖွဲ့ဝင်သစ်အဖြစ်ထပ်မံလက်ခံကာ ယခုအခါအဖွဲ့ဝင် ၁၁ ဖွဲ့နှင့် သျှမ်းလူငယ်အင်အား SYP အဖွဲ့ (လေ့လာဆဲ) နှင့်ဆိုလျှင် ၁၂ ဖွဲ့ စုပေါင်းထားသော အသင်းဖြစ်ပါသည်။

No comments:

Post a Comment