ondragstart="return false" onselectstart="return false"

Wednesday, July 8, 2009

သေပန်းများပွင့်မည်ကို ၀ိုင်းဝန်းတားမြစ်ကြပါ


သေပန်းများပွင့်စေချင်သူ

ဘွဲ့ သွေးနီ။ ၉ ရက် ဇူလိုင် ၂၀၀၉

ဇူလိုင် ၆ ရက်နေ့ စွဲ့ ဖြင့် English လိုသတင်းတပုဒ်တွင် ကရင်သတင်းအရင်းမြစ် ကို ကိုးကားပြီး ဧရာဝတီ မဂ္ဂဇင်းမှ ဗမာ့တပ်မတော်နဲ့ ဒီကေဘီအေ တို့ ပူးပေါင်းတပ်များ ကေအန်ယူတပ်မဟာ ၇ စစ်ဆင်ရေးတွင် အောင်မြင်မှုရပြီးနောက် မြောက် ပိုင်းဒေသ ကေအန်ယူ တပ်မဟာ ၅ ကို တိုက်ခဲ့ရန် ရည်ရွယ်ထားသည် ဟုဖတ်လိုက်ရပါတယ်။

ထိုအရပ်တွင် ဒီကေဘီအေ တပ် ၃၃၃ နဲ့ ၅၅၅ တို့ လှုပ်ရှားသောနေရာများဖြစ်ပါတယ်။

ဆက်လက်ပြီး ကရင်သတင်းအရင်းမြစ်နှင့် လေ့လာသူများ၏ အဆိုအရ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ KNLA ထိန်းချုပ်ရာ နယ်စပ်ဒေသ တလျှောက်ကို ၄င်း နအဖ နဲ့ ဒီကေဘီအေ ပူးပေါင်းတပ် များ က ရှင်းလင်းမည်ဟု ဆိုထားပါတယ်။

တပ်မဟာ ၇ ကိုတိုက်ခိုက်ပြီးနောက် တောင်ပိုင်းတပ်မဟာ ၆ ကိုတိုက်ခိုက်မှာဖြစ်ပြီး စက်တင်ဘာလနှင့် အောက်တိုဘာလ တို့ တွင် တပ်မဟာ ၅ ကိုဆက်လက်တိုက်ခိုက်သွားမည်ဟုဆိုထားပါတယ်။

ဒီကေဘီအေ ဘက်မှ သတင်းအရ ရွာသားများကို တပ်အတွင်းအတင်းသွပ် သွင်းပြီး စစ်အင်အားတိုးချဲ့ ၍ စစ်သင်တန်းများကို ဗမာ့တပ်မတော်မှ ပေးမည်ဖြစ် သည် ဟု ဖေါ်ပြထားပါသေးတယ်။ ဆက်လက်ပြီး တောင်ပိုင်း တပ်မဟာ ၆ မှ မြောက်ပိုင်း တပ်မဟာ ၅ အထိ တိုက်ခိုက်အောင်မြင် ပြီးရင် နယ်စပ်တလျှောက် ကုန်သွယ်ရေးကို ပြုလုပ်မည်ဟု သတင်းတရပ်တွင် ပါရှိပါတယ်။

ယခု လက်ရှိ အနေ အထားတွင် တပ်မဟာ ၇ နဲ့  တပ်မဟာ ၆ ကိုတိုက်ခိုက်နေစဉ်ကာလအတွင်း ဒီကေဘီအေက မြေမြုပ်မိုင်းများကို ရှင်းလင်းရန် တာဝန်ယူထားသည် ဟုဆိုထားပြန်ပါတယ်။

ဒီကိစ္စ များကိုထောက်ရှူ၍ ကေအန်ယူနဲ့ နီးစပ်သော သူ များနှင့် ယခုဖြစ်ပေါ်နေ သော ဒီကေဘီအေ နဲ့  နအဖ တပ် တို့ ၏ စစ်ဆင်ရေးကို အတွင်းသိ စစ်ရေးလေ့လာသူများ မေးမြန်းကြည့်ရန်တွင် ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင်ဖြင့် ဒီကေဘီအေ တပ်တွေ ကုန်သလောက်ဖြစ်သွားမယ်ဟု ဆိုကြပါသည်။

လေ့လာသူ စောစံထူးက “ တပ်မဟာ ၇ ကိုတိုက်တာနဲ့ ပတ်သက်လို့ သူတို့ ဘာတွေအောင်မြင်မှုရကြလည်း တော့မသိဘူး။ အဲဒီဒေသတွေမှာ ယခု ကေအန်ယူ ပြောက်ကျား တွေက သူတို့ ကို ကျားကွက် ရွေ့ ကစား နေသလို ယခင်မူလနေရာတွေမှာပင် ပုံမှာလုပ်ရှားနေတယ်။ ပြီးတော့ တပ်မဟာ ၇ တိုက်ပွဲမှာ ၂၅၀ ကျော်ထိခိုက်ဒဏ်ရာရ ကျဆုံးကြတယ်။ အဲဒီအထည့်မှာ နအဖ တပ်မှ ၁၀ ဦးသာ သေပြီး ၂ ဦးပဲ ဒဏ်ရာရကြတယ်။ ကျန်ဒါတွေ အားလုံးဟာ ဒီကေဘီအေ မှ ကရင်တွေပဲဖြစ်တယ်။ အဲဒါ ကို မမှတ်ဘူးဆက် တိုက်ချင်တယ်ဆိုရင်ဖြင့် ဒီကောင်တွေ ကုန်သွားမှာပဲ။ ဘာကြောင့်လည်းဆိုတော့ တပ်မဟာ ၆ နဲ့  ၅ ဟာ တပ်မဟာ ၇ နဲ့ မတူတာတွေ အများကြီးရှိတယ်။ ပထ၀ီ အနေအထား၊ ရုပ်ဝတ္တုပစ္စည်း၊ စိတ်ဓါတ်ရေးရာ၊ တိုက်ခိုက်မှု စစ်နည်းဗျူဟာ စသည်တို့ ကွာတယ်။ တပ်မဟာ ၇ တိုက်ပွဲတုန်းက KNLA တပ်တွေက မပစ်ချင် ပဲပစ်နေရဒါ၊ ဘာကြောင့်လည်းဆိုတော့ များသောအားဖြင့် တချိန်က တစ်အိုးတည်းအတူ ထမင်းစားဘူးခဲ့ကြတယ်လေ။ အခုအချိန် မှာ လာမတိုက်နဲ့ လို့ အတန်တန် တောင်းပန်ထားတဲ့ ကြား က ဆက်လုပ်မယ်ဆိုရင် ငါထင်တယ် ဒီလူတွေတော့မလွယ်တော့ဘူး။ အမျိုးသားသစ္စာဖေါက် တွေအဖြစ် အမြင်ခံရမှာဖြစ်ပြီး ရန်သူ နဲ့ တစ်ထပ် တည်း ခြေမှုန်းခံရမှာ သေခြာ တယ်။ တောင် တွေကလည်းထူထပ် တော့ လမ်းပန်းဆက်သွယ်ရေးက လည်း ခဲခက် တယ်လေ။ ဒီလိုအခြေအနေမှာ မိုင်းထိ၊ဒဏ်ရာရ တိုက်ပွဲမှာဒဏ်ရာရ လာမယ့်ရဲဘော် ကို ဘယ်သူမှ ဆေးရုံသို့  အပင်ပန်းခံပြီးပြန်လာ ပို့ ကြမှာမဟုတ်ဘူး။ အဲလို နဲ့ ပဲ ရှေးတန်းမှာ မသေ သင့်သေးတဲ့ သူ တွေ ကို အချင်းချင်း ရှုပ်ပါတယ် ဆိုပြီးပြန်သတ်ကြမှ သေခြာပါတယ်။ တိုက်ပွဲမဟာဗျူဟာ က လုံးဝပြောင်းသွားမယ်လေ။ တပ်မဟာ ၇ တိုက်ပွဲ ကို ကြည့် ပြီး တပ်မဟာ ၆ နဲ့ ၅ တို့  က ကြိုတင်ပြင်ဆင်ထားပြီးသား။ ထိုအရပ်ဒေသမှာ သေပန်းများ ဝေဆာ နေအုံးမှာပဲ။ ပြောရင်းဝမ်းနည်းပါတယ်။”

ဆက်လက်ပြီးသူ က “ တကယ်တော့ ဒါ ဗမာစစ်တပ်ရဲ့ရုတ်မာမှုကြီးကွ၊ ဘယ်သူ သေ သေ ကရင်တွေ သေရင် ပြီးရော လေ။ ကေအန်ယူလည်းကရင်၊ ဒီကေဘီအေ လည်းကရင်၊ ရွာသားတွေ လည်းကရင်။ ကြိုက်ဒါသေလေ။ ကရင်ပဲ သေမယ်။ ဒိုင်စားပဲ။ ဒါတွေကို ဒီကေဘီအေ က နားမလည်ဒါ ကို ကြည့်ရင် ကမ္ဘာမှာ သူတို့ လောက် ရူးသွပ် မိုက်မဲ တာ သူတို့ ပဲရှိတော့တယ်”

လေ့လာသူ ကရင်လူကြီးတစ်ဦးရဲ့ အဆိုအရ “တကယ်သေကြရဒါက ဘာမှနားမလည်တဲ့ရဲဘော် နဲ့  ကရင်လူထု တွေဖြစ်တယ်။ အဘယ်ကြောင့်ဆိုသော် အတင်းစစ်ထဲဝင်ခိုင်းခံရတဲ့သူတွေ၊ ၀မ်းရေးပြသနာအတွက် ဒီကေဘီအေ ကိုအထင်ကြီး ပြီးဝင်မိသူတွေ၊ ကခြေခံပညာ ဘာမှမရှိတဲ့သူ တွေ၊ ပြီးတော့ ပေါ်တာတို့ ဘာတို့  ပေါ၊ သူတို့  (ဒီကေဘီအေ) အပြော ဘုရားတည်ဘို့ လုပ်အားပေးဆိုလားမျိုးတွေပေါ၊ နောက်ဆုံး ရွာသားတွေ သာ သေကြဒါ ဖြစ်တယ်၊ ဒီကေဘီအေ ထိပ်ပိုင်း နဲ့ အလည် အလတ်ပိုင်း အမြှီးကျက် အမြှီးစား ခေါင်းကျက် ခေါင်းစား ခေါင်းဆောင်ဆို သူတွေက ဒီတိုက်ပွဲ တွေမှာ အသေမခံဘူး။ သူတို့ ရဲ တသက်စာ စားမကုန်နိုင်ရေးအတွက် ကိုယ့်လူမျိုးကို နအဖအကြိုက် ကိုယ် ပြန်သတ်ဖြတ် ပြမှာဖြစ် ပြီး ဆက်လက်၍ တို့  ကရင်တွေကို ဂြိုလ် မွေအုံးမယ်” လို့ ဆိုပါတယ်။

ဒီအခြေအနေမျိုးမှာ ဒီကေဘီအေ တို့ ဆင်နွဲမဲ့တိုက်ပွဲကိုပြန်လည် သုံးသပ်ရန်လိုအပ်နေ ပါသည်။ ကိုယ့်ဘာသာတရားအကျိုးလား၊ ကရင့်အမျိုးသားအကျိုးလား၊ နအဖ ဗမာ့စစ် တပ်အကျိုးလား ဆိုဒါ အမြန်ဆုံး ကိုယ့်ကိုယ်ကို ပြန်သုံးသပ်၍ ကိုယ့် ကရင် အမျိုးသားထု ၏ ရေရှည် အကျိုးစီးပွားကို ငဲ့ ပြီး နယ်ခြားစောင့်တပ်အဖြစ်မှ ရုန်းထွက်ရန်၊ ကရင်လူထု၏ အသက်အိုးအိမ်စည်းစိမ် ကို တဖက်တလမ်း ကေအန်ယူ ကရင်အမျိုးသားအစည်းရုံး နှင့်အတူ တကွ ကာကွယ် ရန် လိုအပ်နေပေပြီ။ သေပန်းများပွင့်စေသူ အဖြစ်မှ အမြန်ရုံးထွက်နိုင်ကြပါစေ။


No comments:

Post a Comment