ondragstart="return false" onselectstart="return false"

Monday, July 6, 2009

တပ်မဟာ ၅ နှင့် ၃ ခေါင်းဆောင်များက ကိုယ်ရဲ့ ရန်သူကိုအတူတကွ ရဲရဲ တွန်းလှန်ရန် ကရင်အမျိုးသားထုအား တိုက်တွန်းတောင်းဆို

နအဖ နှင့် ဒီကေဘီအေ တပ်များ KNLA တပ်မဟာ ၇ ကိုတိုက်ခဲ့သည်နှင့် စပ်လျဉ်း၍ ကရင်အမျိုးသားအစည်းအရုံး ဖာဖွန်ခရိုင် နှင့် KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၅ က သဘောထားတရပ်ထုတ်ပြန်ရန် ၄င်းလုပ်ရပ်သည် နအဖ ဗမာ့စစ်အစိုးရ ၏ ကရင်လူမျိုးများကို စနစ်တကျ မျိုးဖြုတ်သုတ်သင်မှု တရပ်ဖြစ် ၍ နည်းမျိုးစုံ အဖွဲ့ အစည်းမျိုးစုံ ကို အသုံးပြု နေကြောင်း၊

ကရင်အမျိုးသားအစည်းအရုံး ဖာဖွန်ခရိုင်၊ KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၅ နှင့် ကရင်အမျိုးသားအစည်းအရုံး ညောင်လေးပင်ခရိုင်၊ ကရင့်အမျိုးသားလွတ်မြောက် ရေးတပ်မတော် တပ်မဟာ ၃ မှ ခေါင်းဆောင်များက ယခု ဖားအံ့ခရိုင် တပ်မဟာ ၇ ကိုထိုးစစ်ဆင်ခြင်းနှင့် တခြားတပ်မဟာ ခရိုင်များတွင် ကရင်လူထု များ ကြုံတွေ့ ခဲ့ရသော နအဖ စစ်အစိုးရ၏ သတ်ဖြတ်၊ဖျက်စီး၊ခြိမ်းခြောက်မှုများနှင့် စပ်လျဉ်း၍ ဇွန် (၃၀)ရက်နေ့ တွင်တွေ့ ဆုံဆွေး နွေးကာ ဇူလိုင်လ (၆) ရက် နေ့ တွင် သဘောထားတရပ်ကိုထုတ်ပြန်ကြေငြာလိုက်သည်။

ကရင်အမျိုးသားအစည်းအရုံး ဖာဖွန်ခရိုင် နှင့် KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၅ မှခေါင်းဆောင်များက “နအဖ ဗမာ့စစ်အစိုးရ က ကရင်လူမျိုးများကို စနစ်တကျ မျိုးဖြုတ်သုတ်သင် သတ်ဖြတ် ဖျက်စီး ရန်တွင် လူမျိုးစုံ၊ နည်းမျိုးစုံ၊ အဖွဲ့ အစည်းမျိုးစုံ ကို အသုံးပြု နေကြောင်း”

ဒီ နအဖ စစ်အာဏာရှင်အစိုးရ၊ အာဏာရှည်စနစ် နှင့် မဟာ လူမျိုးကြီးဝါဒ ကိုမတွန်းလှန်နိုင် သ၍ မြန်မာပြည်၌ ဗမာလူမျိုးအပါအ၀င် မည့်သည့်လူမျိုးမဆို အေးခြမ်းသာယာ၍ ဖွံ့  ဖြိုးတိုးတက်သော နိုင်ငံတစ်ခုအဖြစ် မည်သို့ မျှ မျှော်လင့်၍ မရနိုင်ဘူး” စသည်ဖြင့်ခရိုင်နှစ်ခုမှ ခေါင်းဆောင်များ ပြော ကြားသည်။

ကရင်အမျိုးသားအစည်းအရုံး ဖာဖွန်ခရိုင်၊ KNLA ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၅ မှ ခေါင်းဆောင်များက ယနေ့ ကရင်အမျိုးသားများကြုံ တွေ့ နေရသော ဖြစ်စဉ် များ ကို ဖြေရှင်းရာ နည်းလမ်းရှာဖွေရန် တွင် ကရင်လူထု နှင့် အများပြည်သူများ က နအဖ စစ်အစိုးရ ၏ အစီအစဉ် များဖြစ်သော မည်ကဲ့သို့ နည်းလမ်းများဖြင့် ကရင်လူမျိုးများကို မျိုးဖြုတ် သတ်ဖြတ်နေမှု၊ ကရင်လူမျိုးများ၏ နယ်မြေ နှင့်ပိုင်ဆိုင်ပစ္စည်းများ ကို လုယူဖျက်စီးပစ်မှု နှင့်မည်သူတွေ ကို အသုံးချ နေသည်ကို ရှင်းရှင်းလင်းလင်း နားလည်ထား ဘို့ လိုအပ်ကြောင်း စသည်ဖြစ်ဖေါ်ပြထားသည်။

“ယင်းကိစ္စာ နှင့်စပ်လျဉ်း၍ ရန်သူမှ ကျွန်ပ်တို့ ကိုဖျက်ဆီးမည့် မည်သည့်ကိစ္စမျိုးကိုမဆို ၊ ကျွန်ပ်တို့  နယ်မြေ၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျ အစွမ်းကုန် တွန်းလှန်တိုက်တုတ်သွားမည်ဟု ခံယူထားကြောင်း” စသည်ဖြင့် တပ်မဟာ နှင့် ခရိုင် ခေါင်းဆောင် များပြော ကြားသည်။

ဖာဖွန်ခရိုင် ဥက္ကဌ စောထဲဒန် မှ “ရန်သူ၏ ယုတ်မာပက်စက်မှုများကို တွန်း လှန်တိုက်ထုတ် ရန် ကျွန်ပ်တို့ ၏ ခံယူ ဆုံးဖြတ်ထားချက် ကိုအ များပြည်သူများ သိရှိနားလည်ဘောပေါက်ရန် နှင့် ကျွန်ပ် တို့ နှင့် အတူ တလုံးတ၀တည်း ပါဝင်ပူးပေါင်းပြီး ရန်သူ ကိုတွန်းလှန်ရန် မျှော်လင့်ကြောင်း” စသည် ဖြစ်ပြောကြားသည်။

တပ်မဟာ(၅)မှူး ဗိုလ်မှူးချူပ် ဘောကျော်ဟဲမှ “ ဒီအကြပ်အတည်း က ကရင် တမျိုးသားလုံးရင်ဆိုင် နေရမှု ဖြစ်ပြီး ပြသနာ ကိုဖြေရှင်းရန် တွင် သေချာစွာလေ့သုံးသပ်ပြီး ဆုတ်ဖြတ်ချက်ကို ပြတ်ပြတ် သားသား အကောင်အထည်ဖေါ်လုပ်ဆောင်ရန်လိုသည်” ဟုဆို။

ဆက်လက်ပြီးခရိုင်နှစ်ခုမှ ခေါင်းဆောင်များက နအဖစစ်အစိုးရသည် သူတို့ ၏ အာဏာတည်မြဲရေးတွက် မြန်မာပြည်တ၀ှမ်း လူထုကြား တိုင်းရင်းသားများကြား တွင် သျှပ်လျှိုဖြိုခွဲမှုများကို အစဉ်တစိုက်ဖန်တီးနေသည် ဟုဖေါ်ပြ။

ဒီကေဘီအေ နှင့်စပ်လျဉ်း၍ ခရိုင်တပ်မဟာ နှစ်ခုမှ ခေါင်းဆောင်များက “ ၁၉၉၄ ဒီဇင်ဘာလမှ စ၍ နအဖ စစ်အစိုးရက ကရင်အမျိုးသာများကို သွေးခွဲပြီး ကရင်အမျိုးသားအစည်းအရုံးကို ဖြိုခွဲရန်နှင့် ကရင့်တော်လှန်ရေးကို ကျဆုံးစေရန် ဒီကေဘီအေကို အသုံးချခဲ့၊ ကျွန်ပ်တို့ အတွင်းတွင် လည်း အားနည်းချက် အချို့ ရှိသောကြောင့် ဒီကေဘီအေ ဆိုဒါ ပေါ်ပေါက်လာ” ဟုသဘောထားထုတ်ပြန်။

နှစ်(၆၀) ကျော် ကရင့် ခုခံတော်လှန်စစ်ကြီးတွင် ကရင်လူထုဖြစ်စေ၊ ကရင့်အမျိုးသားများ၏ ခုခံတော်လှန်ရေးဖြစ်စေ ဖြစ်စဉ်များတွင် မည်သည့်လူမျိုးကိုမှ မည်သည့် အချိန်တွင် ရန်သူ သဖွယ် အဖြစ်တိုက်ခိုက်မှုမရှိခဲ့ပါ။ ကျွန်ပ်တို့ သည် ကိုယ့်လူမျိုး၏ အသက်အိုးအိမ် စည်းစိမ်ကို ခုခံကာကွယ်ရင်း တဖက်တွင် လူမျိုးတိုင်း အေးအေးချမ်းချမ်း နေထိုင်နိုင်သည့် ပုံစံတစ်ခု တိုင်းပြည်အတွင်း အပြောင်းလဲဖြစ်လာစေရန် အတွက် ခုခံစစ်ကိုဆင်နွဲခြင်းဖြစ်သည်။ ကျွန်ပ်တို့ ၏ ခုခံစစ်လှုပ်ရှားမှုတွင် ကရင်လူထုနှင့်တိုင်းသူပြည်သားအားလုံး ကို ရန်သူသဖွယ် ဆက်ဆံသည့် နည်းများဖြစ်ကြသော ပြည်သူလူထု အားလုံးကို တိတ်လှန့် ခြောက်လှန့်  မှု ပြုခြင်း၊ ညှင်းပန်း နိုပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ ဖျက်စီးခြင်း၊ အတင်း အဓ္ဒမ ပစ္စည်းများလုယူခြင်း၊ ပြည်သူများ၏ ပစ္စည်းဥစ္စာ ကို အလကားသိမ်းယူခြင်း စသည်တို့ ကို ပြုမူကျူးလွန်သည့် မည်သည့်လူစားမျိုးကို မဆ၊ို မည်သည့် အဖွဲ့ အစည်းကိုမဆို ရန်သူ အဖြစ် သဘောထားသည်။


ဘာသာပြန် သောသီခို ဘလော့

No comments:

Post a Comment