ondragstart="return false" onselectstart="return false"

Sunday, July 5, 2009

ဝနှင့်မိုင်းလားဒေသသို့ တပ်မတော် အရာရှိများသွားနေတော့မည်ဟုတြိဂံတိုင်းမှူးပြော

စနေနေ့၊ 04 ဇူလိုင်လ 2009 သျှမ်းသံတော်ဆင့်

မိုင်းလား နှစ် ၂၀ ပြည့်ပွဲတော်ကျင်းပနေစဉ် တြိဂံစစ်တိုင်းမှူးက မိုင်းယန်းမြို့ တပ်တွင်းတွေ့ဆုံဆွေးနွေးပွဲ၌ အထူးဒေသ ၂ နှင့် ၄ အတွင်း မကြာခင် စစ်အစိုးရ တပ်မတော်အရာရှိများ သွားနေတော့မည်ဟု ပြောကြောင်းနယ်စပ်သတင်းရပ်ကွက် က ဆိုသည်။

ဇွန် ၂၉ တွင် ကျိုင်းတုံအခြေစိုက် တြိဂံတိုင်းမှူးဗိုလ်ချုပ်ကျော်ဖြိုး မိုင်းယန်းမြို့သို့သွားကာ မိုင်းယန်း-မိုင်းခတ်က တပ် တွင်းအရာရှိများအား ခေါ်ယူတွေ့ဆုံပြီး - “မကြာခင်မှာ ကျုပ်တို့လူ (တပ်ရင်းမှူး ၁ ယောက်၊ တပ်ခွဲမှူး ၂ ယောက် တပ်သား ၂၇ ယောက်) လွှတ်ပြီး အထူးဒေသ ၂ နဲ့ ၄ မှာ သွားနေရတော့မယ်။ အဲဒီအချိန်မတိုင်ခင် ၀ တို့ မိုင်းလား တို့အဖွဲ့ကို မျက်ခြေမပြတ် စောင့်ကြည့်ရမယ်။ ညဘက်မှာလဲ မလိုအပ်ရင် တပ်ပြင်မထွက်နဲ့” - ဟု မှာကြားကြောင်း နအဖအရာရှိ အချို့နှင့်ရင်းနှီးသည့် တရုပ်နယ်စပ်သတင်းက ဆိုသည်။

ဒေသခံတဦးကလည်း တြိဂံတိုင်းမှူးမိုင်းယန်းမြို့မှာ ညအိပ်ပြီး ၃၀ ရက်နေ့ မနက်ပိုင်း ကျိုင်းတုံပြန်သွားသည်ဟု ပြော ပါသည်။

ထိုအခြေအနေနှင့် ပတ်သက်၍ အပစ်ရပ်အရာရှိတဦးက - “ဗိုလ်ချုပ်ရဲမြင့်ထံ အသွင်ပြောင်းဖို့ မဖြစ်နိုင်ကြောင်းအကြောင်း ပြန်ပြီးနောက်ပိုင်း တိုင်းမှူးက ကျနော်တို့ဆီကို အ၀င်အထွက် မလုပ်တော့သလောက်ဘဲ။ လက်ဆောင် တွေပေးလဲမယူ တော့ဘူး၊ ခပ်တန်းတန်းဘဲ ၊ သူ့ကိုယ်စား ဂျီဝမ်းတို့ ကျိုင်းတုံ စရဖမှူးတို့ကိုဘဲ တဆင့်ခံပြောတယ်” - ဟု သျှမ်းသံတော်ဆင့် သို့ ပြောပြ၏။

အပစ်ရပ်အဖွဲ့များက နယ်ခြားစောင့်တပ်အသွင်ပြောင်းရေးကိစ္စမဖြစ်နိုင်သေးကြောင်း တရားဝင်အကြောင်းပြန်ထား သော်လည်း တြိဂံတိုင်းမှူးက ထိုအကြောင်းပြန်ချက်အပေါ် လွယ်လင့်တကူ အလျှော့ပေးမည်မဟုတ် ဆိုသည့်သဘော ပြသလိုခြင်းဖြစ်ကြောင်း၊ ပို့မည့်လူအရေအတွက်ကို ကြည့်ပြန်လျင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါသည့်အတိုင်း တပ်ရင်း တရင်းလျှင်စစ်အစိုးရ၏ လူ ၃% နေရာယူမည်ကို အကောင်အထည်ဖော်ခြင်း ဖြစ်နိုင်ကြောင်း ထိုအရာရှိက သုံးသပ်ပြ၏။

တရုပ်နယ်စပ်အခြေစိုက် အပစ်ရပ်ငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီတပ်ပေါင်းစု PDF အဖွဲ့ဝင် ၄ ဖွဲ့ရှိသည့်အနက် အမျိုးသားဒီမိုကရက် တစ်တပ်မတော် - ကချင် NDA-K က ဂျွန် ၂၄ ရက်နေ့၌ စစ်အစိုးရ၏ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး အစီအစဉ်လက်ခံလိုက်ပြီဖြစ်သော်လည်း ၀ UWSA ၊ ကိုးကန့် MNDAA နှင့် မိုင်းလား NDAA တို့က လက်မခံနိုင်ကြောင်း ဂျွန်လနောက်ဆုံး ပတ်၌ စစ်အစိုးရထံ အသီးသီး အကြောင်းပြန်ထားပြီးဖြစ်သည်။

No comments:

Post a Comment