ondragstart="return false" onselectstart="return false"

Monday, July 6, 2009

အုန်းမြင့် ရူးနေပြီ


စိတ်ဖေါက်လျက်ရှိနေတဲ့ အုန်းမြင့်


ဗိုလ်ချုပ်အုန်းမြင့် ကျမ္မာရေး အခြေအနေဆိုးဝါးယိုယွင်းလျက်ရှိတယ်လို့ သိရတယ်။ သူက စိတ်ကယောက်ဂယက် (အရူးရောဂါ) ကို အပြင်းထန် ခံစားနေရကြောင်းသိရတယ်။ အုန်းမြင့်ဟာ သန်းရွှေ ရဲ့အမာခံတယောက်ဖြစ်ပြီး မြောက်ပိုင်း ကချင်ပြည်နယ်က ထွက်တဲ့ သတ္တုများ၊ သစ်များ၊ ကျောက်စိမ်းများကိုတရုပ်ပြည်ကို ရောင်းစာ ရာကနေ အလွန်ချမ်းသာတဲ့ မီလီယံနာဗိုလ်ချုပ်တဦးဖြစ်လာပါတယ်။ တေဇ က ၂၀၀၈ ခုနစ်မှာ ကချင်ပြည်က ယူရေနီယံမိုင်းလုပ်ခွင့်ရသွားတဲ့အတွက် သူကို ရန်ကုန် က Palm villa အိမ်တလုံးနဲ့ ဇိမ်ခံကားတစီးကို လက်ဆောင်ပေးခဲ့ပါတယ်။ အုန်းမြင့်ဟာ ညဏ်နည်းလှပေမဲ့  တေဇ ကို ဖါးတဲ့နေရာမှာအလွန်နာမည်ကြီးလှသူဖြစ်တယ်။

အရက်ကိုလည်းအလွန်အကျံသောက်စားသူလို့ သိရတယ်။ စစ်တပ်အတွင်းပိုင်းကတော့ အုန်းမြင့် ဟာ ၂၀၀၇ခုနစ် ရွေဝါရောက်လှုပ်ရှားမှုမှာ သံဃာတွေ သတ်ဖြတ်ရာ မှာ ပါဝင်ခဲ့တဲ့အတွက် ဘုရားရိုက်တာပဲ လို့  ပြောဆိုနေကြပါတယ်။
သူရဲ့ ကျမ္မာရေး အခြေအနေဆိုးဝါးနေတဲ့ အတွက် သူကိုမှီပြီး တက်လာတဲ့ စစ်တပ်ထဲက ဗိုလ်များနဲ စီးပွားရေးသမားများက သူတို့ အနာဂတ်အတွက် စိုးရိမ်လျက်ရှိကြတယ်။

( စစ်တပ်ထဲမှာ အုန်းမြင့် နှစ်ယောက်ရှိပြီး တယောက်က သတ္တုတွင်းဝန်ကြီးဌာနက အုန်းမြင့် ဖြစ်တယ်။ နှစ်ကောင်လုံး ကတော့ သုံးစားလို့ မရပါဘူးလို့ တပ်မတော် အတွင်း က လူငယ် အရာရှိတဦးက ဆိုပါတယ်။

ရူးကြောင်ကြောင်ဖြစ်နေတာကတော့ Bureau of Special Operations (BSO) No. 1က အုန်းမြင့်ဖြစ်ပါကြောင်း။ )



No comments:

Post a Comment