ondragstart="return false" onselectstart="return false"

Sunday, July 12, 2009

နအဖ ထိုးစစ်သစ်ကြောင့် ကရင်ပြည်နယ်မြောက်ပိုင်း ရွာသား ၃ဦးအသတ်ခံရ ၅၀၀ ကျော်ဌာနေကိုစွန့် ခွာထွက်ပြေးနေရ

နအဖ စစ်တပ်၏ထိုးစစ်ကြောင့် ကရင်ပြည်နယ် မြောက်ပိုင်း ဒေသ ရွာသား ၃ ဦး အသတ်ခံရ ပြီး ၅၀၀ ကျော်ဌာနေ ကိုစွန့်  ခွာထွက်ပြေးနေရ

ဇူလိုင် ၉ ရက်။

ကရင်ပြည်နယ်မြောက်ပိုင်း ညောင်လေးပင် ခရိုင် မုန်းမြို့ နယ်၌ နအဖ တပ်၏ထိုးစစ်သစ် ကြောင့် ဒေသခံ ရွာသား ၅၀၀ ကျော် တောတွင်းသို့ ထွက်ပြေးပုန်းအောင်းနေရ ၍ ရွာသားသုံးဦး သည်လည်း အသတ်ခံရသည် ဟု ဇူလိုင်လ ၉ ရက် နေ့ စွဲထုတ် ဖရီးဘားမားရိမ်းဂျမ်း အစီရင်ခံ တရပ်တွင် ဖေါ်ပြထားပါသည်။

ဆက်လက်ပြီး ၄င်း အစီရင်ခံစာတွင် နအဖ စစ်တပ်မှ ထောင်ထားသော မိုင်းကြောင့် တောင်ငူခရိုင် တွင် လူငယ်တစ်ဦးမိုင်းထိ သေဆုံး ဟု ဖေါ်ပြထားသည်။


ထိုးစစ်ကြောင့် ထွက်ပြေး ရသူ အများစုမှာ ကလေးသူငယ်များဖြစ်(မုန်းမြို့ နယ်) ညောင်လေးပင်ခရိုင်
ဓါတ်ပုံ FBR

တောတွင်း ပုန်းအောင်းနေသော ရွာသားများသည် ထွက်ပြေးနေချိန်တွင် ရိက္ခာကို တနိုင်စာ လောက် သာ သယ်ယူနိုင်ကြ၍ ယခုအခါ အစားအစာ ပြတ်လပ်မှု ပြသနာ နှင့် ကြုံတွေ့ နေရသည် ဟု FBR ဖရီးဘားမားရိန်ဂျား အစီခံစာ က ဆိုပါသည်။ မိုးအပြင်းအထန်ရွာသွန်းမှုကြောင့် ကလေးသူငယ်များ နေထိုင်မကောင်းဖြစ်ကြပါသည်။ ဆေးဝါးကု သမှုကို FBR မှ ကူညီပေးလျက်ရှိသည်


ဗမာ့တပ်မတော်၏ တိုက်ခိုက်မှုကြောင့် တောတွင်းသို့ ထွက်ပြေးပုန်းအောင်းနေရသော ကရင်ရွာသားများ
ဓါတ်ပုံ FBR

ဗမာ့တပ်မတော် ခလရ ၃၅၁ နှင့် ၅၉၉ ပူးပေါင်းအင်အား ၁၅၀ တပ်တို့ က ညောင်လေးပင်ခရိုင်၊မုန်းမြို့ နယ် ဖေါပီတော်ရွာ နေ စောမောင်ညွန့်  ၊အသက် ၄၈နှစ်၊ ဇွန် ၉ ရက် နံနက် ၉ နာရီတွင် ပစ်သတ်၍၄င်း၊ ဖေါပီတော်ရွာ နေ စောပလိုအား ခလရ ၃၅၁ နှင့် ၅၉၉ နအဖ စစ်တပ်များက ဇူလိုင် ၂ ရက်နေ့ တွင် မင်းတိုင် အရပ်၌ သတ်ပစ်၍ ၄င်း၊ အောင်ချမ်းသာရွာနေ မောင်မောင် အား ခလရ ၅၉၀ မှ ဇွန် ၁၄ ရက်နေ့ တွင် ခွေးသေမြောင် အရပ်၌ ၄င်း နအဖ တပ်များက ၄င်းရွာသားများကို သတ်ပစ်သည်။



ဗမာ့တပ်မတော်၏တိုက်ခိုက်မှုကြောင့် နေမကောင်းသော ကလေးလည်း ထွက်ပြေးပုန်းအောင်းနေရ
ဓါတ် ပုံ FBR

ဇူလိုင် ၄ ရက် နေ့ တွင် လည်း ဗမာ့တပ်မတော် နှင့် ဒီကေဘီအေတပ် ပူးပေါင်းတပ် တို့ သည် လည်း ၄င်းနယ်ရှိ ထီးလော်ဖလိုး နှင့် ကော်စိုး ရွာသို့ ဝင်၍ ရွာသားများကို အကြပ်ကိုင် ခြိမ်းခြောက်မှုများပြုလုပ်သည် ဟု အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

ထို့ ပြင် တောင်ငူခရိုင် ဆောဝါဒါး နယ်တွင် ရွာသားတစ်ဦးဖြစ်သော စောဂေမီး၊ ၂၀ နှစ် သည်လည်း ၄င်းနယ်တွင် လှုပ်ရှားနေသော စကခ ၅ မှ ခလရ ၃၇၂၊ ခလရ ၃၇၃ တို့ ထောင်ထားသောမိုင်းကို နင်းမိပြီးသေဆုံးသည်။

ယခုအစီရင်ခံသည် မြေပုံပါ အနီရောင် ဧရိယာ မှ ပေးပို့ လာခြင်းဖြစ်သည်။

ဓါတ်ပုံ FBR.

မှတ်ချက်။ ။ ဤသတင်းသည် FBR မှ ဇူလိုင် ၉ ရက်နေ့ စွဲ့  အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်သော အစီရင်ခံစာ ကို သောသီခိုမှ အကျဉ်းချုပ် ဘာသာပြန် ကောက်နှုတ် ဖေါ်ပြသည်။ အသေးစိတ်ကို ဖတ်လိုလျှင်မူရင်း ၀က်ဆိုဒ် http://www.freeburmarangers.org/ တွင်ကြည့်ပါ။

No comments:

Post a Comment