ondragstart="return false" onselectstart="return false"

Wednesday, July 1, 2009

ခွဲခြားမှုမရှိသောမျိုးချစ်စိတ်

2009 June တစ်ရက်နေ့မှစ၍ယနေ့ထိ န အ ဖ နှင့် D K B A တပ်များပူးပေါင်းပြီး K N U တပ်မဟာ ( 7 ) အားဝင် ရောက်တိုက်ခိုက်ရာတွင် ဒါဏ်ရာရစစ်သည်များအား ထိုင်းနယ်ခြားစောင့်တပ်များမှ လူသားခြင်းစာနာမှုဖြင့် ထိုင်းနိုင်ငံ မဲ ဆောက်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါတယ်။ K N U ဖက်မှလည်း အနှောက်အယှက် တစ်စုံတစ်ရာမျှ မပြုလုပ်ခဲ့ပါ ။ မဲ ဆောက်ဆေးရုံတွင် န အ ဖ နှင့် D K B A စစ်သားများအတွက်လူနာစောင့်မရှိပါ။ သို့သော်လည်း K N U အသိုင်း အဝန်း မှမျိုးချစ်ပုဂ္ဂိုများသည် ဒါဏ်ရာရ မိမိစစ်သားများသာမက D K B A နှင့် န အ ဖ စစ်သားများ ကိုပါပြုစုစောင့်ရှောက်ပေး ခဲ့ပါတယ် ။ ဤဖြစ်ရပ်မှန်ကို တွေ့မြင်ရသော ကျမအဖို့ ခေါင်းထဲမှာအတွေးပေါင်းများစွာ ၊ ခံစားချက်ပေါင်းများစွာဖြင့်ရေး
သားတင်ပြလိုက်ပါတယ် ။

တစ်ခုလောက်မေးချင်ပါတယ် ။ ဘာ့ကြောင့်ကျမတို့ကရင်အမျိုးသားများရဲ့ဘဝတွေဒီလိုဖြစ်နေရပါသလဲ ။ ကရင် တမျိုးသားလုံးဖြေရမည့်မေးခွန်းဖြစ်ပါတယ် ။ ဒီစစ်အာဏာရှင်စနစ်ဆိုးကြောင့်ကျမတို့ ကရင်အမျိုးသားတွေရဲ့ဘဝပေါင်း မြောက်များစွာ ပျက်ဆီးဆုံးရှုံးခဲ့ပါတယ် ။ ယ္ခုလက်ရှိ ဖြစ်နေတာ ကိုပဲကြည့်လေ ။ ကျမတို့ ကရင်အမျိုးသားအချင်းချင်း မျက်နှာအိုးမဲသုတ်ပြီးသတ်ခိုင်းနေကြတယ်မသေပဲ ဒါဏ်ရာရသူတွေကျပြန်တော့လည်းတာဝန်ယူခြင်းမရှိပဲ ဖြစ်ချင် ရာဖြစ်ဆိုပြီးပစ္စလက္ခလွှဲပေးလိုက်တယ် ။ ဒီလုပ်ရပ်ဟာတရားသလား ။ မှန်ကန်ပါသလား ။ လူသားတွေပါ ။ ကျမတို့က ရင်အမျိုးသားတွေပါ ။ ကြည့်ရက်ကြပါသလား ။ ကျမတို့ကတော့မကြည့်ရက်နိုင်ပါဘူး ။

ကရင်အမျိုးသားရေးသည် ကရင်အမျိုးသားတိုင်းမှာတာဝန်ရှိပါတယ် ။ ဒီစစ်အာဏာရှင်စနစ်ဆိုးကြောင့် ကျမတို့ ကရင်အမျိုးသားများသာမက တိုင်းရင်းသားပြည်သူလူထုများ ၊ အလုပ်သမားများ ၊ လယ်သမားများ၊ သံဃာတော်များပါ မကျန် ဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင်နေရတာ ကမ္ဘာကတောင်သိပါတယ် ။ အဲ့ဒါကြောင့် ဒီဖြစ်ရပ်မှန်ကို ဖတ်ရူ ကြည့်ရူရသူများ အားလုံး အမှန်တရားအတွက်ရဲဝံ့စွာရပ်တည်ပြီး ပြတ်ပြတ်သားသား ဆန့်ကျင်တော်လှန်သွားကြရန်တိုက်တွန်းနှိုးဆော် လိုက်ပါတယ် ။


မှတ်ချက် ။ ။အထူးသဖြင့် မျက်နှာအိုးမဲအသုတ်ခံရသည့် D K B A အရာရှိ အရာခံ အကြပ်တပ်သားများအား
လုံးအမှန်တရားအတွက် အမြင်မှန်ရဖို့ အချိန်တန်ပြီ ဆိုတဲ့အကြောင်း ဤနေရာမှ ကျမနှိုးဆော်လိုက်ပါတယ် ။


ကူညီပြုစုခဲ့သည့် သက်သေအထောက်အ ထားပုံများ
ဤပုံသည် ထီးချဖီး (ခေါ် ) နော်ပေါ် ဆိုသူ K N L A တပ်မှ တပ်ရင်းမှုး တဦး၏ ဇနီးသည်တစ်ဦးဖြစ်ပါတယ် ။
သူမပြောခဲ့တာကတော့ အရင်တုန်းက ကျမတို့ဟာအတူတူနေလာခဲ့ကြတဲ့သူတွေဖြစ်ပါတယ် ။ အခုဒီလိုတွေ့ရ
တာစိတ်မကောင်းပါဘူး ၊ ကိုယ့်အမျိုးသားအချင်းချင်းပဲလေ ခွဲခြားလို့မရပါဘူး

ဒီပုံဟာ D K B A ဗသာဖြိုး နှင့်ဇနီးဖြစ်သူ နန်းအမီ ကို ထီးချာဖီး သွားရောက်အားပေးတဲ့အချိန်မှာ နန်းအမီ ကဤကဲ့သို့ပြောပါတယ်
"ဒီလိုထိမှကောင်းတယ် နောက်ဘယ်တော့မှသွားလို့မရတော့ဘူး ဒီအလုပ်လုပ်တာကျမမကြိုက်ဘူး ။ ကိုယ်အတွက်လည်းအကျိုးမရှိ ၊ ကိုယ့်အမျိုးသားအတွက် လည်းဘာမှအကျိုးမရှိဘူး"
ဗသာဖြိုး သည်ယ္ခင်က ကော့ညင်း ကျေးရွာတွင် ကျေးရွာကာကွယ်ရေးလုပ်ခဲ့တယ် ။ 2000 နှစ်K N L A တပ်ရင်း 19 သို့ကူးပြောင်းခဲ့တယ် ။
2004 ခုနှစ်တွင် D K B A သို့ကူးပြောင်းပြီးယနေ့ထိသူလုပ်ခဲ့ပါတယ် ။
ဤပုံသည် ဆရာမ အက်စတာ ဖြစ်ပါတယ် ။ ဒါဏ်ရာရကရင်အမျိုးသားများကို မခွဲခြားပဲ အားလုံးကိုကူညီခဲ့သူ
ဖြစ်ပါတယ် ။

ဤပုံသည် ဆရာမ နော်ဘလေး ဖြစ်ပါတယ် ။ ဒါဏ်ရာရကရင်အမျိုးသားများကို နေ့မအားညမအားကူညီခဲ့သူဖြစ်ပါတယ်

ဤပုံသည် ဆရာမလေး ဒေးမူဆီ ဖြစ်ပါတယ် ။ လူသာငယ်ပေမဲ့သူ့ရဲ့ မေတ္တာစေတနာဟာအလွန်ပဲကြီးမားပါ
တယ် ။ ဒါဏ်ရာရလူနာများကို နေ့စဉ် အချိန်ပြည့် အနီးကပ်ပြုစုစောင့်ရှောက်ပေးခဲ့တယ် ။ လူနာများကိုရေပတ်တိုက်ပေးခြင်း ၊ လိုအပ်သည့်အစားအစာများအတွက် ကူညီဆောင်ရွက်ပေးခြင်း ၊ အားပေးစကားများပြောခြင်း ဖြင့် အကောင်းဆုံးလုပ်ဆောင်ပေးခဲ့သူဖြစ်ပါတယ် ။

ဤမျှမက K W O , K Y O မှဦးဆောင်ပြီး ကရင်အမျိုးသား လူငယ်လေးများအဖွဲ့ဖွဲ့၍ အလည့်ကျလူနာစောင့်အဖြစ်စနစ်တကျ ဝိုင်းဝန်းကူညီဆောင်ရွက်ကြပါတယ် ။ ထို့ကြောင့်ကရင်တမျိုးသားလုံး ဤဖြစ်ရပ်မှန်ကိုကြည့်ခြင်းအားဖြင့် ကနေ့ကျမတို့ကရင်အမျိုးသားများ တာဝန်တရပ်ဖြစ်တဲ့ (ကရင်အမျိုးသားပြန်လည်သင့်မြတ်ရေး) ဆိုတဲ့တာဝန်ကြီးအတွက် ကျမတို့ဘယ်လိုလုပ်ကြမလဲ ။ ဘာလုပ်
ကြမလဲ ။ လက်ပိုက်ကြည့်နေကြမလား ။ လက်ရှောင်နေကြမလား ။ တွေးမနေ ၊ ငေးမနေကြပါနဲ့တော့ ။ ကိုယ်တတ်စွမ်းသမျှယ္ခုချက်ချင်း လက်တွဲညီညီထလုပ်ကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ် ။
နန်းဖေါင်ခလိန်း
( K Y O ) ဒေါနမြေ

3 comments:

mercy_killer said...

ကိုယ့်ကရင်အမျိုးသားများအတွက် စိတ်မကောင်းဖြစ်မိပါတယ်။ဝမ်းနည်းမိပါ
တယ်။

saw aung zin said...

သောသီခိုရေ ဖြစ်နိုင်ရင် ကျေးစေတမန်ကိုမင်းရဲ့ blogg ထဲမှာမထည့်ရင်ပိုကောင်းမယ်ထင်တယ် စိတ်ထဲမှာတော့တမျိုးကြီးဘဲခံစားတယ်..အမဲဟင်းအိုးထဲမှာ သဲတစက်ဝင်သလိုလိုဘဲ

သောသီခို said...

tway ရေ မင်းပြောတာ မှန်သင့်သလောက်တော့မှန်တယ်။ ဒါပေမယ့် မီဒီယာ လောက မှာ အားလုံး ထောင့် စေ့နေအောင် လေ့လာထားရမယ်။ နအဖ ကို တိုက်ချင် ရင် နအဖ နဲ့ ပါတ်သက် တဲ့ မီဒီယာ ကို မျက်ခြေမပြတ် ရဘူး။ ရင့်ကျက်တဲ့ လေ့လာသူဖြစ်စေချင်ရင် ပေါလေ။ မဟာဗျူ ဟာပိုင်းမှာ ဒါတွေ အရေးပါတယ်။

Post a Comment